ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔ဂုဏ္ျပဳပဲြ ႏွင့္အတူ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တု ဖြင့္ပြဲအား မင္းဘူးတြင္က်င္းပ

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ေမြးေန႔ဂုဏ္ျပဳပဲြ ႏွင့္အတူ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တု ဖြင့္ပြဲအား မင္းဘူးတြင္က်င္းပ
ဇွန် 19, 2017
By Tachileik News Agency

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ (၇၂)ျပည့္ေျမာက္ေမြးေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳပဲြ အျဖစ္ မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕တြင္ ဇြန္(၁၉)ရက္ေန႔ နံနက္က ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္တု ႏွင့္ ေအာင္ဆန္းရင္ျပင္ကို ဖြင့္လွစ္လိုက္သည္။

အဆိုပါ ေၾကးရုပ္တု ႏွင့္ ေအာင္ဆန္းရင္ျပင္ဖြင္႔လွစ္ႏိုင္ေရးအတြက္ စုစုေပါင္းကုန္က်ေငြ က်ပ္သိန္း(၆၀၀)နီးပါးရိွမည္ဟု ခန္႔မွန္းေၾကာင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ႏွင္႔ ေအာင္ဆန္းရင္ျပင္ ျဖစ္ေျမာက္ေရးေကာ္မတီထံမွ သိရသည္။

“ကေမာၻဇဘဏ္က က်ပ္ သိန္း (၅၀)၊ ေကာ္မတီအဖြဲ႔က ၂၂ ဦးရွိၿပီး ဥကၠဌ၊ ဒုဥကၠဌနဲ႕ အတြင္းေရးမွဴးတို႔က က်ပ္ (၅) သိန္းစီ၊ က်န္ေကာ္မတီဝင္ေတြက က်ပ္ (၁)သိန္းစီ ထည့္ဝင္ မတည္ၾကပါတယ္။ က်န္တာက ေတာ့ အလွဴခံရတာေပါ့။ အခုေတာ့ ကၽြန္ေတာ္တို႔ၿမိဳ႕မွာ သမိုင္းမွတ္တိုင္ စုိက္ထူနိင္ခဲ႔ပါၿပီ”ဟု ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္ႏွင္႔ ေအာင္ဆန္းရင္ျပင္ ျဖစ္ေျမာက္ေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ဦးတင္ေဇာ္ေထြးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ဖြင့္ပြဲအခမ္းအနားသို႔ မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕မွ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင္႔ ျပည္သူ႔အင္အားဝန္ႀကီး ဦးေနမ်ိဳးေက်ာ္၊ စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦစုိးျမင့္၊ မေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီးလႊတ္ေတာ္ ဒု ဥကၠဌႏွင့္ လႊတ္ေတာ္ ကုိယ္စားလွယ္မ်ား၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္မ်ား၊ ဌာနဆိုင္ရာမ်ား ၊ မေကြး၊ မင္းဘူး၊ ငဖဲ၊ မင္းတုန္း၊ ေစတုတၲရာ၊ မင္းလွ အစရွိသည့္ ၿမိဳ႕နယ္မ်ားမွ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)ပြည့်မြောက်မွေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲ အဖြစ် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် ဇွန်(၁၉)ရက်နေ့ နံနက်က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု နှင့် အောင်ဆန်းရင်ပြင်ကို ဖွင့်လှစ်လိုက်သည်။

အဆိုပါ ကြေးရုပ်တု နှင့် အောင်ဆန်းရင်ပြင်ဖွင့်လှစ်နိုင်ရေးအတွက် စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း(၆၀၀)နီးပါးရှိမည်ဟု ခန့်မှန်းကြောင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့် အောင်ဆန်းရင်ပြင် ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

“ကမော္ဘဇဘဏ်က ကျပ် သိန်း (၅၀)၊ ကော်မတီအဖွဲ့က ၂၂ ဦးရှိပြီး ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးတို့က ကျပ် (၅) သိန်းစီ၊ ကျန်ကော်မတီဝင်တွေက ကျပ် (၁)သိန်းစီ ထည့်ဝင် မတည်ကြပါတယ်။ ကျန်တာက တော့ အလှူခံရတာပေါ့။ အခုတော့ ကျွန်တော်တို့မြို့မှာ သမိုင်းမှတ်တိုင် စိုက်ထူနိင်ခဲ့ပါပြီ”ဟု ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့် အောင်ဆန်းရင်ပြင် ဖြစ်မြောက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဇော်ထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦစိုးမြင့်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒု ဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ ဌာနဆိုင်ရာများ၊ မကွေး၊ မင်းဘူး၊ ငဖဲ၊ မင်းတုန်း၊ စေတုတ္တရာ၊ မင်းလှ အစရှိသည့် မြို့နယ်များမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~