မေကြးမွ သတင္းသမား ၃ ဦးအား ၆၆(ဃ)ျဖင္႔ အမႈဖြင့္ထားမႈ စစ္ေဆးခ်က္ယူေန

မေကြးမွ သတင္းသမား ၃ ဦးအား ၆၆(ဃ)ျဖင္႔ အမႈဖြင့္ထားမႈ စစ္ေဆးခ်က္ယူေန
ဇွန် 16, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕အေျခစိုက္ MGY ဂ်ာနယ္မွ သတင္းသမား(၃)ဦးအား ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးက ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ျဖင္႔ မေကြးၿမိဳ႕နယ္ေျမရဲစခန္းတြင္ အမႈဖြင္႔ထားျခင္းကို စစ္ေဆးခ်က္ယူရန္ ျပင္ဆင္ဆဲျဖစ္ေၾကာင္း မေကြးၿမိဳ႕နယ္ေျမရဲစခန္းမွ သိရသည္။

မေကြးၿမိဳ႕ MGY ဂ်ာနယ္မွ အသင္းဝင္မ်ားျဖစ္ေသာ ဦးတင္ေရႊက လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားသည့္ အေၾကာင္းအရာအား မဇာဇာဆန္းက မွတ္ခ်က္ေရးထားျခင္းျဖစ္ေသာ္လည္း မဖူးပြင္႔ေနျခည္အား အမႈဖြင့္ရသည့္ အေၾကာင္းရင္းကို မသိရေသးဘဲ စစ္ေဆးေပၚေပါက္ခ်က္အရ ဥပေဒအႀကံျပဳခ်က္အတိုင္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ့္ရဲ႕ေဖ႔စ္ဘုတ္လူမႈကြန္ယက္စာမ်က္ႏွာမွာ တင္လိုက္တာမွန္ပါတယ္။ ေတြ႔ျမင္ၾကားသိရတာကို အမွန္အတိုင္း တင္လိုက္တာျဖစ္လို႔ တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည္႔နဲ႔ ရင္ဆိုင္သြားမွာပါ။ ကၽြန္ေတာ္နဲ႔တဲြၿပီး ဇာဇာ(မေကြး)နဲ႔ ဖူးပြင္႔ေနျခည္တို႔ကိုပါ ၆၆(ဃ)နဲ႔ အမႈဖြင္႔ထားတဲ႔ အေပၚမွာေတာ႔ ဘယ္လိုမွ နားမလည္ ႏိုင္ပါဘူး”ဟု အမႈဖြင့္ခံထားရသည့္ ဦးတင္ေရႊ (တင္ေရႊ-မင္းဘူး)က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လူမႈကြန္ယက္စာမ်က္ႏွာတြင္ တင္ေရႊ(မင္းဘူး) အမည္ျဖင့္ “သို႔ မေကြးတိုင္းလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ေထြအုပ္တာဝန္ရိွသူမ်ား၊ ေျမစာရင္းတာဝန္ရိွသူမ်ားခင္ဗ်ား မသိလို႔ ေမးပါရေစ၊ မေကြးမွာ အုတ္ဖုတ္လုပ္ငန္း ခြင္႔ျပဳထားပါသလား၊ ျမင္းကင္းသေဘၤာဆိပ္နယ္ေျမ ပလပ္ေျမတြင္ အုတ္ထုတ္ လုပ္ေနပါသည္။ မယ္လွေတာင္အုပ္စုအုပ္ခ်ဳပ္ေရးမွဴးက သတင္းမီဒီယာေတြ သူ႔ခြင္႔ျပဳခ်က္ရမွ ရြာထဲ အဝင္ခံမယ္နဲ႔ အာဏာရွင္ဆန္ဆန္ေျပာေသးသဗ်။ မယံုသြားၾကည္႔ပါ။ အခြန္ဘ႑ာနစ္နာပါတယ္။ လုပ္ငန္းရွင္ကလည္း ခပ္ထန္ထန္ပါ။ ဒီၾကားထဲ သစ္ပင္မ်ားအား ဘူဒိုဇာနဲ႔ထိုးဖို႔ လုပ္ေနတဲ႔အတြက္ ျမင္းကင္းရြာျပည္သူတစ္ခ်ိဳ႕က ကန္႔ကြက္လွ်က္ရိွေနပါတယ္။ တာဝန္ရိွသူမ်ား ကြင္းဆင္းစစ္ ေဆးသင္႔ပါတယ္”ဟု ေရးသားခဲ့ျခင္းျဖစ္ၿပီး ဇာဇာ(မေကြး)က  “မျဖစ္သင္႔တာေတြပါ”ဟု မွတ္ခ်က္ ေရးခဲ့သျဖင့္ မယ္လွေတာင္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးေဌးလြင္က အမႈဖြင္႔ခဲ႔ျခင္းျဖစ္ေၾကာင္း ရဲစခန္းသို႔ ပထမသတင္းေပးတိုင္ခ်က္အရ သိရသည္။

“သစ္ပင္ေတြကို ဘူဒိုဇာနဲ႔ထိုးမယ္လုပ္တဲ႔ကိစၥမွာ ၿမိဳ႕နယ္ ေထြအုပ္ရဲ႕ ညႊန္ၾကားခ်က္နဲ႔ လုပ္ေဆာင္ တာလို႔ေျပာတဲ႔အတြက္ ေမးၾကည့္တဲ့အခါ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက သူမသိရိွရဘူးလို႔ေျပာပါတယ္”ဟု ဦးတင္ေရႊက ေျပာသည္။

သက္ဆိုင္ရာဌာနအဖဲြ႔အစည္းမ်ားထံအေၾကာင္းၾကားတင္ျပၿပီး ေက်းရြာသူေက်းရြာသားမ်ား လြယ္ကူစြာ သြားလာႏိုင္ေရး ယခင္လမ္းေဟာင္းအား အသစ္ခ်ဲ႕ထြင္မႈျပဳလုပ္ေနစဥ္ မေကြးၿမိဳ႕ MGY ဂ်ာနယ္မွ အသင္းဝင္မ်ားျဖစ္ေသာ ဦးတင္ေရႊ၊ မဇာဇာဆန္းႏွင့္ မဖူးပြင္႔ေနျခည္တို႔ ေရာက္ရိွလာကာ သတင္းယူရန္ေျပာဆိုၿပီး ၎တို႔ျပဳျပင္ေနေသာလမ္းမွာ သဘာဝပတ္ဝန္းက်င္ထိခိုက္သည္႔အတြက္ လုပ္ငန္းရပ္ဆိုင္းရန္၊ မရပ္ဆိုင္းပါက သတင္းတင္မည္ဟု ေျပာဆိုသျဖင္႔ ဦးေဌးလြင္က သတင္းတင္လွ်င္ မွန္မွန္ကန္ကန္တင္ရန္ ေျပာဆိုခဲ႔ရာ ၎တို႔(၃)ဦးသည္ ဓာတ္ပံုမ်ားရိုက္၍ ျပန္သြားခဲ႔သည္ဟု တိုင္ခ်က္တြင္ေဖာ္ျပထားသည္။

 “ကၽြန္မတို႔က ျပည္သူကေခၚလို႔ သြားခဲ႔တာပါ။ တရားလိုစြပ္စဲြထားသလို လုပ္ငန္းရပ္ဆိုင္းဖို႔ မရပ္ဆိုင္းရင္ သတင္းတင္မယ္လို႔ေျပာခဲ႔ျခင္း လံုးဝမရိွပါဘူး။ တရားလိုျဖစ္တဲ႔ မယ္လွေတာင္အုပ္စုအုပ္ခ်ဳပ္ေရးမွဴးက မီဒီယာေတြ ရြာထဲကို သူ႔ခြင္႔ျပဳခ်က္ရိွမွ ဝင္ရမယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္က ညႊန္ၾကားထားေၾကာင္း ေျပာတဲ႔အတြက္  သူေျပာတဲ႔လႊတ္ေတာ္ ကိုယ္စားလွယ္ကို ေမးၾကည္႔ေတာ႔လည္း ညႊန္ၾကားထားျခင္းမရိွပါဘူးလို႔ ေျပာပါတယ္။ ကၽြန္မက မျဖစ္သင္႔တာေတြပါလို႔ comment(မွတ္ခ်က္)မွာေရးတာေလးနဲ႔ ၆၆(ဃ)နဲ႔ အမႈဖြင္႔ခံရတာျဖစ္ၿပီး ဖူးပြင္႔ေနျခည္ကဆို ဘာပို႔စ္မွလည္းမတင္ ဘာကြန္မန္႔မွလည္းမေပးဘဲနဲ႔ အမႈဖြင္႔ခံရတာပါ”ဟု မဇာဇာက ေျပာသည္။

အဆိုပါတိုင္တန္းခ်က္ႏွင္႔ ပတ္သက္၍ မေကြးၿမိဳ႕ နယ္ေျမရဲစခန္းတြင္ (ပ)၄၂၂/၂၀၁၇၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဃ)ျဖင္႔ ဇြန္(၁၀)ရက္ေန႔တြင္ အမႈဖြင့္ထားၿပီး သတင္းသမား (၃)ဦးအား စစ္ေဆးေမးျမန္းခ်က္ရယူရန္ ေဆာင္ရြက္ဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အခြေစိုက် MGY ဂျာနယ်မှ သတင်းသမား(၃)ဦးအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မကွေးမြို့နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခြင်းကို စစ်ဆေးချက်ယူရန် ပြင်ဆင်ဆဲဖြစ်ကြောင်း မကွေးမြို့နယ်မြေရဲစခန်းမှ သိရသည်။

မကွေးမြို့ MGY ဂျာနယ်မှ အသင်းဝင်များဖြစ်သော ဦးတင်ရွှေက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားသည့် အကြောင်းအရာအား မဇာဇာဆန်းက မှတ်ချက်ရေးထားခြင်းဖြစ်သော်လည်း မဖူးပွင့်နခြေည်အား အမှုဖွင့်ရသည့် အကြောင်းရင်းကို မသိရသေးဘဲ စစ်ဆေးပေါ်ပေါက်ချက်အရ ဥပဒေအကြံပြုချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ရဲ့ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာမှာ တင်လိုက်တာမှန်ပါတယ်။ တွေ့မြင်ကြားသိရတာကို အမှန်အတိုင်း တင်လိုက်တာဖြစ်လို့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ရင်ဆိုင်သွားမှာပါ။ ကျွန်တော်နဲ့တွဲပြီး ဇာဇာ(မကွေး)နဲ့ ဖူးပွင့်နခြေည်တို့ကိုပါ ၆၆(ဃ)နဲ့ အမှုဖွင့်ထားတဲ့ အပေါ်မှာတော့ ဘယ်လိုမှ နားမလည် နိုင်ပါဘူး”ဟု အမှုဖွင့်ခံထားရသည့် ဦးတင်ရွှေ (တင်ရွှေ-မင်းဘူး)က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လူမှုကွန်ယက်စာမျက်နှာတွင် တင်ရွှေ(မင်းဘူး) အမည်ဖြင့် “သို့ မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ထွေအုပ်တာဝန်ရှိသူများ၊ မြေစာရင်းတာဝန်ရှိသူများခင်ဗျား မသိလို့ မေးပါရစေ၊ မကွေးမှာ အုတ်ဖုတ်လုပ်ငန်း ခွင့်ပြုထားပါသလား၊ မြင်းကင်းသင်္ဘောဆိပ်နယ်မြေ ပလပ်မြေတွင် အုတ်ထုတ် လုပ်နေပါသည်။ မယ်လှတောင်အုပ်စုအုပ်ချုပ်ရေးမှူးက သတင်းမီဒီယာတွေ သူ့ခွင့်ပြုချက်ရမှ ရွာထဲ အဝင်ခံမယ်နဲ့ အာဏာရှင်ဆန်ဆန်ပြောသေးသဗျ။ မယုံသွားကြည့်ပါ။ အခွန်ဘဏ္ဍာနစ်နာပါတယ်။ လုပ်ငန်းရှင်ကလည်း ခပ်ထန်ထန်ပါ။ ဒီကြားထဲ သစ်ပင်များအား ဘူဒိုဇာနဲ့ထိုးဖို့ လုပ်နေတဲ့အတွက် မြင်းကင်းရွာပြည်သူတစ်ချို့က ကန့်ကွက်လျှက်ရှိနေပါတယ်။ တာဝန်ရှိသူများ ကွင်းဆင်းစစ် ဆေးသင့်ပါတယ်”ဟု ရေးသားခဲ့ခြင်းဖြစ်ပြီး ဇာဇာ(မကွေး)က “မဖြစ်သင့်တာတွေပါ”ဟု မှတ်ချက် ရေးခဲ့သဖြင့် မယ်လှတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးလွင်က အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းသို့ ပထမသတင်းပေးတိုင်ချက်အရ သိရသည်။

“သစ်ပင်တွေကို ဘူဒိုဇာနဲ့ထိုးမယ်လုပ်တဲ့ကိစ္စမှာ မြို့နယ် ထွေအုပ်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင် တာလို့ပြောတဲ့အတွက် မေးကြည့်တဲ့အခါ မြို့နယ်အုပ်ချုပ်ရေးမှူးက သူမသိရှိရဘူးလို့ပြောပါတယ်”ဟု ဦးတင်ရွှေက ပြောသည်။

သက်ဆိုင်ရာဌာနအဖွဲ့အစည်းများထံအကြောင်းကြားတင်ပြပြီး ကျေးရွာသူကျေးရွာသားများ လွယ်ကူစွာ သွားလာနိုင်ရေး ယခင်လမ်းဟောင်းအား အသစ်ချဲ့ထွင်မှုပြုလုပ်နေစဉ် မကွေးမြို့ MGY ဂျာနယ်မှ အသင်းဝင်များဖြစ်သော ဦးတင်ရွှေ၊ မဇာဇာဆန်းနှင့် မဖူးပွင့်နခြေည်တို့ ရောက်ရှိလာကာ သတင်းယူရန်ပြောဆိုပြီး၎င်းတို့ပြုပြင်နေသောလမ်းမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်သည့်အတွက် လုပ်ငန်းရပ်ဆိုင်းရန်၊ မရပ်ဆိုင်းပါက သတင်းတင်မည်ဟု ပြောဆိုသဖြင့် ဦးဌေးလွင်က သတင်းတင်လျှင် မှန်မှန်ကန်ကန်တင်ရန် ပြောဆိုခဲ့ရာ၎င်းတို့(၃)ဦးသည် ဓာတ်ပုံများရိုက်၍ ပြန်သွားခဲ့သည်ဟု တိုင်ချက်တွင်ဖော်ပြထားသည်။

 “ကျွန်မတို့က ပြည်သူကခေါ်လို့ သွားခဲ့တာပါ။ တရားလိုစွပ်စွဲထားသလို လုပ်ငန်းရပ်ဆိုင်းဖို့ မရပ်ဆိုင်းရင် သတင်းတင်မယ်လို့ပြောခဲ့ခြင်း လုံးဝမရှိပါဘူး။ တရားလိုဖြစ်တဲ့ မယ်လှတောင်အုပ်စုအုပ်ချုပ်ရေးမှူးက မီဒီယာတွေ ရွာထဲကို သူ့ခွင့်ပြုချက်ရှိမှ ဝင်ရမယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ညွှန်ကြားထားကြောင်း ပြောတဲ့အတွက် သူပြောတဲ့လွှတ်တော် ကိုယ်စားလှယ်ကို မေးကြည့်တော့လည်း ညွှန်ကြားထားခြင်းမရှိပါဘူးလို့ ပြောပါတယ်။ ကျွန်မက မဖြစ်သင့်တာတွေပါလို့ comment(မှတ်ချက်)မှာရေးတာလေးနဲ့ ၆၆(ဃ)နဲ့ အမှုဖွင့်ခံရတာဖြစ်ပြီး ဖူးပွင့်နခြေည်ကဆို ဘာပို့စ်မှလည်းမတင် ဘာကွန်မန့်မှလည်းမပေးဘဲနဲ့ အမှုဖွင့်ခံရတာပါ”ဟု မဇာဇာက ပြောသည်။

အဆိုပါတိုင်တန်းချက်နှင့် ပတ်သက်၍ မကွေးမြို့ နယ်မြေရဲစခန်းတွင် (ပ)၄၂၂/၂၀၁၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဇွန်(၁၀)ရက်နေ့တွင် အမှုဖွင့်ထားပြီး သတင်းသမား (၃)ဦးအား စစ်ဆေးမေးမြန်းချက်ရယူရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~