မိုင္းဆတ္ေဆးရံုတြင္ ျပဳလုပ္သည့္ အထူးကုဆရာ၀န္ႀကီးမ်ား၏ တစ္ရက္တာကုသမႈ အစီအစဥ္သို႔ လူနာ ၂၅၅ လာေရာက္ကုသမႈခံယူ

မိုင္းဆတ္ေဆးရံုတြင္ ျပဳလုပ္သည့္ အထူးကုဆရာ၀န္ႀကီးမ်ား၏ တစ္ရက္တာကုသမႈ အစီအစဥ္သို႔ လူနာ ၂၅၅ လာေရာက္ကုသမႈခံယူ
ဇွန် 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ မုိင္းဆတ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံ၌ တာခ်ီလိတ္ခ႐ိုင္မွ အထူးကုဆရာ၀န္ႀကီးမ်ား တစ္ရက္တာ ကြင္းဆင္း၍ အခမဲ့ကုသမႈျပဳလုပ္ေပးရာသို႔ မိုင္းဆတ္ၿမိဳ႕နယ္အတြင္းမွ ကေလး၊လူႀကီး ေဝဒနာရွင္ (၂၅၅)ဦး လာေရာက္ကုသမႈခံယူၾကေၾကာင္း သိရသည္။

 “အခုလို အထူးကု ဆရာ၀န္ႀကီးေတြက ကြင္းဆင္းၿပီး အခမဲ့က်န္းမာေရးေစာင့္ေရွာက္မႈလာေပးတဲ့အတြက္ ကၽြန္ေတာ္တို႔လို မရိွဆင္းရဲသားေတြ အလြန္၀မ္းသာရပါတယ္။ တစ္လတစ္ႀကိမ္ေလာက္ ပုံမွန္လာေပးရင္ ပိုေကာင္း မွာပဲ”ဟု က်ဒယ္ေက်းရြာမွ ဦးယာအူက ေျပာသည္။

ဇြန္လ (၁၅)ရက္ေန႔က အခမဲ့ က်န္းမာေရးေစာင့္ေရွာက္မႈအစီအစဥ္သို႔ ရွမ္းျပည္နယ္အစိုးရအဖဲြ႔ဝင္ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ဳိးထြန္း၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေစာမူးလာ၊ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ိးေအာင္ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္တို႔က လိုအပ္သည္မ်ား ျဖည့္ဆည္း ေဆာင္ရြက္ေပးၾကေၾကာင္း သိရသည္။


သတင္း၊ဓါတ္ပံု - သန္းေဇာ္(iprd)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ် ပြည်သူ့ဆေးရုံ၌ တာချီလိတ်ခရိုင်မှ အထူးကုဆရာဝန်ကြီးများ တစ်ရက်တာ ကွင်းဆင်း၍ အခမဲ့ကုသမှုပြုလုပ်ပေးရာသို့ မိုင်းဆတ်မြို့နယ်အတွင်းမှ ကလေး၊လူကြီး ဝေဒနာရှင် (၂၅၅)ဦး လာရောက်ကုသမှုခံယူကြကြောင်း သိရသည်။

 “အခုလို အထူးကု ဆရာဝန်ကြီးတွေက ကွင်းဆင်းပြီး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလာပေးတဲ့အတွက် ကျွန်တော်တို့လို မရှိဆင်းရဲသားတွေ အလွန်ဝမ်းသာရပါတယ်။ တစ်လတစ်ကြိမ်လောက် ပုံမှန်လာပေးရင် ပိုကောင်း မှာပဲ”ဟု ကျဒယ်ကျေးရွာမှ ဦးယာအူက ပြောသည်။

ဇွန်လ (၁၅)ရက်နေ့က အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိးအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်တို့က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။


သတင်း၊ဓာတ်ပုံ - သန်းဇော်(iprd)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~