မိုင္းဆတ္တြင္ မူးယစ္ေဆး၀ါးအႏၱရာယ္ အသိပညာေပးႏွင့္ မႈခင္းႀကိဳတင္ကာကြယ္ေရး ေဟာေျပာ

မိုင္းဆတ္တြင္ မူးယစ္ေဆး၀ါးအႏၱရာယ္ အသိပညာေပးႏွင့္ မႈခင္းႀကိဳတင္ကာကြယ္ေရး ေဟာေျပာ
ဇွန် 21, 2017
By Tachileik News Agency

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆး၀ါးအလြဲသုံးမႈႏွင့္ တရားမ၀င္ေရာင္း၀ယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္ အသိပညာေပးမႈအျဖစ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ၿမိဳ႕ အေျခခံပညာအထက္တန္းေက်ာင္းခန္းမ၌ ဇြန္လ (၂၁) ရက္ေန႔က က်င္းပသည္။

အဆိုပါ အခမ္းအနားတြင္ မူးယစ္ေဆး၀ါးသမိုင္းေၾကာင္း၊ မူးယစ္ေဆး၀ါးသုံးစြဲမိေသာအေၾကာင္းရင္းမ်ား၊ မူးယစ္ေဆး၀ါး၏ ျပစ္မႈ၊ ျပစ္ဒဏ္မ်ား၊ မူးယစ္ေဆး၀ါး၏ ဆိုးက်ဳိးအႏၱရာယ္မ်ားအေၾကာင္းအျပင္ ယာဥ္စည္းကမ္း လမ္းစည္းကမ္းဥပေဒဆိုင္ရာမ်ားႏွင့္ မႈခင္းအႏၱရာယ္ႀကိဳတင္ကာကြယ္ေရး အသိပညာေပးတို႔ကိုလည္း ေက်ာင္းသား/ေက်ာင္းသူမ်ားအား ေဟာေျပာခဲ့ေၾကာင္း သိရသည္။

အခမ္းအနားသို႔ ၿမိဳ႕နယ္ပညာေရးမွဴး ဦးလွေသာင္း၊ မူးယစ္တပ္ဖဲြ႔စု(၂၉)မိုင္းဆတ္မွ ဒုတိယရဲမွဴး ရန္ႏိုင္ထြန္း၊ ခ႐ိုင္ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၊ ခ႐ိုင္ဦးစီးအရာရိွ ဦးသန္းေဇာ္ဦး၊ ၿမိဳ႕နယ္ဥပေဒအရာရိွ ဦးဇင္မင္းဦးႏွင့္ ၿမိဳ႕နယ္က်န္းမာေရးမွဴး ဦးသန္းဦး၊ ယာဥ္ထိန္းရဲတပ္ဖဲြ႔အမွတ္(၁၁၈)မွ ရဲအုပ္ေဇာ္မင္းႏိုင္ႏွင့္ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွ ရဲအုပ္ေက်ာ္သူေဌးတို႔က ေဟာေျပာၾကေၾကာင္းသိရသည္။

သတင္း၊ဓာတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးမှုအဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဇွန်လ (၂၁) ရက်နေ့က ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိသောအကြောင်းရင်းများ၊ မူးယစ်ဆေးဝါး၏ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်းအပြင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေဆိုင်ရာများနှင့် မှုခင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးတို့ကိုလည်း ကျောင်းသား/ကျောင်းသူများအား ဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဦးလှသောင်း၊ မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ ဒုတိယရဲမှူး ရန်နိုင်ထွန်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဇော်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးဇင်မင်းဦးနှင့် မြို့နယ်ကျန်းမာရေးမှူး ဦးသန်းဦး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အမှတ်(၁၁၈)မှ ရဲအုပ်ဇော်မင်းနိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်သူဌေးတို့က ဟောပြောကြကြောင်းသိရသည်။

သတင်း၊ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~