မိုင္းဆတ္၌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား အားကစားၿပိဳင္ပဲြမ်ား စတင္

မိုင္းဆတ္၌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား အားကစားၿပိဳင္ပဲြမ်ား စတင္
ဇွန် 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ မုိင္းဆတ္ၿမိဳ႕နယ္ အားကစားဖြံ႔ၿဖိဳးတိုးတက္မႈအစီအစဥ္(TSDP)အရ က်င္းပေနသည့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဖလား ေဘာလုံး၊ ပိုက္ေက်ာ္ျခင္း၊ စားပဲြတင္တင္းနစ္၊ ၾကက္ေတာင္ႏွင့္ အမ်ဳိးသား၊ အမ်ဳိးသမီး မီနီမာရသြန္ၿပိဳင္ပဲြမ်ားကို ဇြန္လ(၁၅)ရက္ေန႔မွ စတင္က်င္းပေနေၾကာင္း သိရသည္။

အားကစားၿပိဳင္ပြဲမ်ား ဖြင့္ပဲြအထိမ္းအမွတ္အျဖစ္ ေအာင္ေဇယ်ဘက္စုံ အားကစားကြင္း၌ အမ်ဳိးသား အလြတ္တန္း ေဘာလုံးၿပိဳင္ပဲြ စတင္က်င္းပရာ ပရဟိတအသင္းက မီးသတ္တပ္ဖဲြ႔အသင္းကို ငါးဂိုးတစ္ဂိုးျဖင့္ အႏိုင္ရရိွသြားေၾကာင္း သိရသည္။

အဆိုပါ အားကစားၿပိဳင္ပဲြမ်ားကို ဇူလိုင္လ (၈) ရက္ေန႔ထိ က်င္းပသြားမည္ျဖစ္ၿပီး ဖြင့္ပြဲအခမ္းအနားသို႔
ရွမ္းျပည္နယ္အစိုးရအဖဲြ႔၊ ရွမ္းျပည္နယ္အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌ၊ ျပည္နယ္ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ဳိးထြန္း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္ႏွင့္ တာဝန္ရိွသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

လူမႈေရး၀န္ႀကီးႏွင့္ အားကစားႏွင့္ကာယပညာဦးစီးဌာန၊ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္တို႔က  အားကစားပစၥည္းမ်ားအား တာ၀န္ရိွသူမ်ားထံ ေပးအပ္ၿပီး ဖြင့္ပြဲအထိမ္းအမွတ္အျဖစ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားက ကာယလႈပ္ရွားသ႐ုပ္ျပသျခင္း ရွမ္း၊ အာခါ၊ လားဟူတိုင္းသား႐ိုးရာ ယဥ္ေက်းမႈ အဖဲြ႔မ်ားက ထာ၀ရသစၥာသီခ်င္းျဖင့္ ကျပေဖ်ာ္ေျဖၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု  - သန္းေဇာ္ဦး(iprd)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်(TSDP)အရ ကျင်းပနေသည့် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နှင့် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲများကို ဇွန်လ(၁၅)ရက်နေ့မှ စတင်ကျင်းပနေကြောင်း သိရသည်။

အားကစားပြိုင်ပွဲများ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အောင်ဇေယျဘက်စုံ အားကစားကွင်း၌ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ စတင်ကျင်းပရာ ပရဟိတအသင်းက မီးသတ်တပ်ဖွဲ့အသင်းကို ငါးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ဇူလိုင်လ (၈) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

လူမှုရေးဝန်ကြီးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အားကစားပစ္စည်းများအား တာဝန်ရှိသူများထံ ပေးအပ်ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများက ကာယလှုပ်ရှားသရုပ်ပြသခြင်း ရှမ်း၊ အာခါ၊ လားဟူတိုင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များက ထာဝရသစ္စာသီချင်းဖြင့် ကပြဖျော်ဖြကြေကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ - သန်းဇော်ဦး(iprd)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~