တရုတ္ဘက္က ဘဏ္စာရင္းယာယီထိန္းခ်ဳပ္လိုက္ၿပီးေနာက္ မူဆယ္မွ သၾကားႏွင့္ဆန္တင္ပို႔မႈ ေလ်ာ့က်သြား

တရုတ္ဘက္က ဘဏ္စာရင္းယာယီထိန္းခ်ဳပ္လိုက္ၿပီးေနာက္ မူဆယ္မွ သၾကားႏွင့္ဆန္တင္ပို႔မႈ ေလ်ာ့က်သြား
ဇွန် 22, 2017
By Tachileik News Agency

တရုတ္ႏုိင္ငံမွ ေလာင္းကစားေငြႏွင့္ ဆက္စပ္မႈရိွသည္ဟု သံသယျဖင့္ ထိန္းခ်ဳပ္လုိက္သည့္ ဘဏ္စာရင္းတြင္ တရုတ္ - ျမန္မာနယ္စပ္ မူဆယ္ကုန္သြယ္ေရးဇုန္မွ ျမန္မာကုန္သည္မ်ား၏ ဘဏ္စာရင္းမ်ား ပါဝင္သြားၿပီးေနာက္ တရုတ္သို႔ သၾကားႏွင့္ဆန္ တင္ပို႔မႈက်ဆင္းသြားေၾကာင္း သိရသည္။

“အေကာင့္ပိတ္ခံရတဲ့ထဲမွာ အဓိက ပိတ္ခံရတာက သၾကား၊ ဆန္နဲ႔ အတက္ကုန္သည္( တရုတ္သို႔တင္ပို႔) ေတြမ်ားတယ္။ ဒါေၾကာင့္ သၾကားနဲ႔ ဆန္ကေတာ့ ကုန္သြယ္မႈ မရွိသေလာက္ နည္းသြားတယ္”ဟု (၁၀၅) မိုင္ ကုန္သြယ္ေရးဇုန္ရွိ ျမန္မာတံခြန္ကုမၸဏီမွ အေထြေထြမန္ေနဂ်ာ ကိုသန္းစိုး က တာခ်ီလိတ္သတင္း ေအဂ်င္စီ သို႔ ေျပာသည္။

ျမန္မာကုန္သည္မ်ား၏ ဘဏ္စာရင္းမ်ားအား ဇြန္လ (၁၇)ရက္ေန႔မွစ၍ တရုတ္မွ ပိတ္သိမ္းခံလုိက္ရၿပီးေနာက္ နယ္စပ္၏ သြင္းကုန္ႏွင့္ ပို႔ကုန္ႏွစ္မ်ိဳးစလံုး ေလ်ာ့နည္းသြားေၾကာင္း သိရသည္။

“အေကာင့္ေတြ ပိတ္ခံလိုက္ရတာနဲ႔ ဆိုင္ေတာ့ဆိုင္တယ္လို႔ယူဆတယ္။ ကုန္စည္အဝင္အထြက္က ေလ်ာ့သြားတယ္။ ဆန္တို႔ သၾကားကားတို႔ကုန္သြယ္တာေတြကေတာ့ ေလ်ာ့သြားတယ္။ အေရာင္း အဝယ္ေတြလည္း ပါးသြားတယ္။ တရုတ္ - ျမန္မာ ႏွစ္ဖက္က ကုန္သည္ေတြနဲ႔ သက္ဆိုင္ရာေတြလည္း အဲဒီအေကာင့္ေတြကိစၥကို ေဆြးေႏြးေနၾကတယ္လို႔သိရတယ္။ အဲဒါေျပလည္သြားရင္ေတာ့ ကုန္သြယ္မႈေတြ ပံုမွန္ျပန္ျဖစ္သြားမယ္လို႔ ယူဆရတာပဲ” ဟု မူဆယ္ကုန္စည္ဒိုင္ မွ မနန္းခရြန္ဆာက ေျပာသည္။

လတ္တေလာတြင္ တရုတ္ေငြႏွင့္ ျမန္မာေငြလဲလွယ္မႈႏႈန္းထားမ်ားလည္း တည္ၿငိမ္မႈမရိွျဖစ္ေနၿပီး ကုန္အေရာင္းအဝယ္ျပဳလုပ္ရာတြင္ ေရာင္းသူႏွင့္ ဝယ္သူ သေဘာတူသည့္ေစ်းႏႈန္းျဖင့္သာ လဲလွယ္ ေနရေၾကာင္း သိရသည္။

ျမန္မာကုန္သည္မ်ား တရုတ္ဘက္တြင္ ဖြင့္လွစ္ထားသည့္ ဘဏ္စာရင္းမ်ား ထိန္းခ်ဳပ္ ခံရျခင္းႏွင့္ ပတ္သက္၍ ႏွစ္ႏိုင္ငံမွ တာဝန္ရိွသူမ်ား ေတြ႕ဆံုေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံမှ လောင်းကစားငွေနှင့် ဆက်စပ်မှုရှိသည်ဟု သံသယဖြင့် ထိန်းချုပ်လိုက်သည့် ဘဏ်စာရင်းတွင် တရုတ် - မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်မှ မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများ ပါဝင်သွားပြီးနောက် တရုတ်သို့ သကြားနှင့်ဆန် တင်ပို့မှုကျဆင်းသွားကြောင်း သိရသည်။

“အကောင့်ပိတ်ခံရတဲ့ထဲမှာ အဓိက ပိတ်ခံရတာက သကြား၊ ဆန်နဲ့ အတက်ကုန်သည်( တရုတ်သို့တင်ပို့) တွေများတယ်။ ဒါကြောင့် သကြားနဲ့ ဆန်ကတော့ ကုန်သွယ်မှု မရှိသလောက် နည်းသွားတယ်”ဟု (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ မြန်မာတံခွန်ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ကိုသန်းစိုး က တာချီလိတ်သတင်း အေဂျင်စီ သို့ ပြောသည်။

မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများအား ဇွန်လ (၁၇)ရက်နေ့မှစ၍ တရုတ်မှ ပိတ်သိမ်းခံလိုက်ရပြီးနောက် နယ်စပ်၏ သွင်းကုန်နှင့် ပို့ကုန်နှစ်မျိုးစလုံး လျော့နည်းသွားကြောင်း သိရသည်။

“အကောင့်တွေ ပိတ်ခံလိုက်ရတာနဲ့ ဆိုင်တော့ဆိုင်တယ်လို့ယူဆတယ်။ ကုန်စည်အဝင်အထွက်က လျော့သွားတယ်။ ဆန်တို့ သကြားကားတို့ကုန်သွယ်တာတွေကတော့ လျော့သွားတယ်။ အရောင်း အဝယ်တွေလည်း ပါးသွားတယ်။ တရုတ် - မြန်မာ နှစ်ဖက်က ကုန်သည်တွေနဲ့ သက်ဆိုင်ရာတွေလည်း အဲဒီအကောင့်တွေကိစ္စကို ဆွေးနွေးနကြေတယ်လို့သိရတယ်။ အဲဒါပြေလည်သွားရင်တော့ ကုန်သွယ်မှုတွေ ပုံမှန်ပြန်ဖြစ်သွားမယ်လို့ ယူဆရတာပဲ” ဟု မူဆယ်ကုန်စည်ဒိုင် မှ မနန်းခရွန်ဆာက ပြောသည်။

လတ်တလောတွင် တရုတ်ငွေနှင့် မြန်မာငွေလဲလှယ်မှုနှုန်းထားများလည်း တည်ငြိမ်မှုမရှိဖြစ်နပြေီး ကုန်အရောင်းအဝယ်ပြုလုပ်ရာတွင် ရောင်းသူနှင့် ဝယ်သူ သဘောတူသည့်ဈေးနှုန်းဖြင့်သာ လဲလှယ် နေရကြောင်း သိရသည်။

မြန်မာကုန်သည်များ တရုတ်ဘက်တွင် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းများ ထိန်းချုပ် ခံရခြင်းနှင့် ပတ်သက်၍ နှစ်နိုင်ငံမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~