တာခ်ီလိတ္ရွိ သတၱဳလုပ္ငန္းတူ ကုမၸဏီ (၉)ခုမွ MOA Group အမည္ျဖင့္ အုပ္စုဖြဲ႔စည္း

တာခ်ီလိတ္ရွိ သတၱဳလုပ္ငန္းတူ ကုမၸဏီ (၉)ခုမွ MOA Group အမည္ျဖင့္ အုပ္စုဖြဲ႔စည္း
ဇွန် 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ လုပ္ငန္းတူ သတၱဳကုမၸဏီ (၉)ခုမွ အခ်င္းခ်င္း စိတ္တူကိုယ္တူျဖင့္ ေဆာင္ရြက္ႏိုင္ရန္အတြက္   MOA Group(ျမင့္ဦးေအာင္ကုမၸဏီအုပ္စု)အား ဖြဲ႔စည္းလိုက္ေၾကာင္း သိရသည္။

"လုပ္ငန္းတူ ကုမၸဏီေတြ အခ်င္းခ်င္း စိတ္တူကိုယ္တူနဲ႔ ဦးျမင့္ဦးရဲ႕ ဦးေဆာင္မႈေအာက္မွာ လုပ္ႏိုင္ရန္ ရည္ရြယ္ခ်က္နဲ႔  MOA Group(ျမင့္ဦးေအာင္ကုမၸဏီအုပ္စု)ကို ဇြန္လ(၁)ရက္ေန႔က ဖြဲ႔စည္းလိုက္ၿပီး ဒီေန႔(ဇြန္-၈)မွာ အတည္ျပဳလိုက္တာပါ"ဟု  MOA Group(ျမင့္ဦးေအာင္ကုမၸဏီအုပ္စု)၏ အတိုင္ပင္ခံ ဦးတင္ႏြယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမင့္ဦးေအာင္ကုမၸဏီအုပ္စု (MOA Group)အား ျမင့္ဦးေအာင္ ကုမၸဏီလီမိတက္၊ ေငြေတာင္မင္း ကုမၸဏီ လီမိတက္၊ ေအာင္ဝန္းေန ကုမၸဏီ လီမိတက္၊ ဟိန္းလင္းစံ ကုမၸဏီလီမိတက္၊ ေအာင္႐ႊင္လီ ကုမၸဏီ လီမိတက္၊ ဟိုစ့္ ျမန္မာ ကုမၸဏီ လီမိတက္၊ လင္းႏိုင္ထြန္း ကုမၸဏီလီမိတက္၊ စိုင္းေလာင္ဟိန္း ကုမၸဏီ လီမိတက္  ႏွင့္ စိုင္းဝဏၰ ကုမၸဏီ လီမိတက္ စသည့္ သတၱဳလုပ္ငန္းလုပ္ကိုင္သည့္ ကုမၸဏီ (၉)ခုျဖင့္ ဖြဲ႔စည္းလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

MOA Group(ျမင့္ဦးေအာင္ကုမၸဏီအုပ္စု)တြင္ ဥကၠဌ အျဖစ္ ဦးျမင့္ဦး(မုတ္ဆိတ္)မွ လည္းေကာင္း၊ ဦးေမာင္ေမာင္ျမတ္သူ (ခ) ကိုႏိုင္မွ ဒုဥကၠဌ(၁)အျဖစ္ လည္းေကာင္း၊ ဦးသက္ႏိုင္၀င္းမွ ဒုဥကၠဌ(၂)အျဖစ္ လည္းေကာင္း၊ ဦးတင္ႏြယ္မွ MOA Group ၏ အတိုင္ပင္ခံအျဖစ္ လည္းေကာင္း၊ က်န္းစစ္ပင္း၊ ဖန္းယီြလင္း ႏွင့္ ဦးေမာင္ေမာင္ေအးတို႔မွ ႏိုင္ငံျခားဆက္ဆံေရး အျဖစ္ လည္ေကာင္း က်န္ရွိသည့္ ကုမၸဏီမ်ားမွာ အဖြဲ႔၀င္အျဖစ္ လည္းေကာင္း တာ၀န္ယူထားေၾကာင္း သိရသည္။

အဆိုပါ ကုမၸဏီမ်ားသည္ ေရႊ၊ ခဲ၊ သြပ္၊ ေၾကးနီ ႏွင့္ မင္းဂနီးစ္ သတၱဳမ်ားကို တူးေဖာ္လုပ္ကုိင္ေနၾကသည့္ ကုမၸဏီမ်ားျဖစ္ေၾကာင္းႏွင့္ စုေပါင္းေဆာင္ရြက္ႏိုင္ရန္အတြက္ အုပ္စုဖြဲ႔လိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လုပ်ငန်းတူ သတ္တုကုမ္ပဏီ (၉)ခုမှ အချင်းချင်း စိတ်တူကိုယ်တူဖြင့် ဆောင်ရွက်နိုင်ရန်အတွက် MOA Group(မြင့်ဦးအောင်ကုမ္ပဏီအုပ်စု)အား ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

"လုပ်ငန်းတူ ကုမ္ပဏီတွေ အချင်းချင်း စိတ်တူကိုယ်တူနဲ့ ဦးမြင့်ဦးရဲ့ ဦးဆောင်မှုအောက်မှာ လုပ်နိုင်ရန် ရည်ရွယ်ချက်နဲ့ MOA Group(မြင့်ဦးအောင်ကုမ္ပဏီအုပ်စု)ကို ဇွန်လ(၁)ရက်နေ့က ဖွဲ့စည်းလိုက်ပြီး ဒီနေ့(ဇွန်-၈)မှာ အတည်ပြုလိုက်တာပါ"ဟု MOA Group(မြင့်ဦးအောင်ကုမ္ပဏီအုပ်စု)၏ အတိုင်ပင်ခံ ဦးတင်နွယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြင့်ဦးအောင်ကုမ္ပဏီအုပ်စု (MOA Group)အား မြင့်ဦးအောင် ကုမ္ပဏီလီမိတက်၊ ငွေတောင်မင်း ကုမ္ပဏီ လီမိတက်၊ အောင်ဝန်းနေ ကုမ္ပဏီ လီမိတက်၊ ဟိန်းလင်းစံ ကုမ္ပဏီလီမိတက်၊ အောင်ရွှင်လီ ကုမ္ပဏီ လီမိတက်၊ ဟိုစ့် မြန်မာ ကုမ္ပဏီ လီမိတက်၊ လင်းနိုင်ထွန်း ကုမ္ပဏီလီမိတက်၊ စိုင်းလောင်ဟိန်း ကုမ္ပဏီ လီမိတက် နှင့် စိုင်းဝဏ္ဏ ကုမ္ပဏီ လီမိတက် စသည့် သတ္တုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီ (၉)ခုဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

MOA Group(မြင့်ဦးအောင်ကုမ္ပဏီအုပ်စု)တွင် ဥက္ကဌ အဖြစ် ဦးမြင့်ဦး(မုတ်ဆိတ်)မှ လည်းကောင်း၊ ဦးမောင်မောင်မြတ်သူ (ခ) ကိုနိုင်မှ ဒုဥက္ကဌ(၁)အဖြစ် လည်းကောင်း၊ ဦးသက်နိုင်ဝင်းမှ ဒုဥက္ကဌ(၂)အဖြစ် လည်းကောင်း၊ ဦးတင်နွယ်မှ MOA Group၏ အတိုင်ပင်ခံအဖြစ် လည်းကောင်း၊ ကျန်းစစ်ပင်း၊ ဖန်းယွီလင်း နှင့် ဦးမောင်မောင်အေးတို့မှ နိုင်ငံခြားဆက်ဆံရေး အဖြစ် လည်ကောင်း ကျန်ရှိသည့် ကုမ္ပဏီများမှာ အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ယူထားကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီများသည် ရွှေ၊ ခဲ၊ သွပ်၊ ကြေးနီ နှင့် မင်းဂနီးစ် သတ္တုများကို တူးဖော်လုပ်ကိုင်နကြေသည့် ကုမ္ပဏီများဖြစ်ကြောင်းနှင့် စုပေါင်းဆောင်ရွက်နိုင်ရန်အတွက် အုပ်စုဖွဲ့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~