တာချီလိတ်မြို့ရှိ အလကခွဲ(မယ်ဟုတ်)အား အလကအဖြစ်သို့ အဆင့်တိုးမြှင့်ကာ ဖွင့်လှစ်

တာချီလိတ်မြို့ရှိ အလကခွဲ(မယ်ဟုတ်)အား အလကအဖြစ်သို့ အဆင့်တိုးမြှင့်ကာ ဖွင့်လှစ်
ဇှနျ 13, 2017
By Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မယ်ဟုတ်အား အခြေခံပညာ အလယ်တန်းကျောင်း(မယ်ဟုတ်)အဖြစ် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့် ခံရ၍ ဆိုင်းဘုတ်တင် ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အဆင့်တိုးမြှင့် ခံရသည့်ကျောင်း၏ ဆိုင်းဘုတ်တင် ဖွင့်ပွဲ အခမ်းအနားတွင် တာချီလိတ်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေး နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း နှင့် အခမ်းအနားသို့ သက်ဆိုင်ရာ အကြီးအကဲများနှင့် အခြေခံပညာအလယ်တန်းကျောင်း(မယ်ဟုတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်နွယ်နှင့် ဆရာ၊ ဆရာမများ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~