မေကြးတိုင္းတြင္ အခြန္အမ်ားဆံုး ထမ္းေဆာင္ခဲ့ၾကသည့္လုပ္ငန္းရွင္မ်ားအား ဂုဏ္ျပဳ

မေကြးတိုင္းတြင္ အခြန္အမ်ားဆံုး ထမ္းေဆာင္ခဲ့ၾကသည့္လုပ္ငန္းရွင္မ်ားအား ဂုဏ္ျပဳ
ဇွန် 27, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးမွ အခြန္အမ်ားဆံုး ထမ္းေဆာင္ခဲ့သည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအား ျပည္တြင္းအခြန္မ်ား ဦးစီးဌာနက မေကြးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ဇြန္လ(၂၇)ရက္ေန႔က ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

“ႏိုင္ငံေတာ္အေနနဲ႔ ျပည္သူေတြရဲ႕ က်န္းမာေရး၊ ပညာေရး၊ စီးပြားေရး၊ လူမႈေရး၊ လမ္းပန္းဆက္သြယ္ေရး၊ ရပ္ရြာေအးခ်မ္းသာယာေရးႏွင္႔တရားဥပေဒစိုးမိုးေရး၊ ႏိုင္ငံေတာ္လံုျခံဳေရးနဲ႔ ကာကြယ္ေရး စတဲ႔ လုပ္ငန္းေတြ အတြက္ ကုန္က်စရိတ္ေတြကို အခြန္အေကာက္ရေငြမ်ားနဲ႔ ထည္႔ဝင္သံုးစဲြရတာျဖစ္ပါတယ္။ ဒါ႔ေၾကာင္႔ အခြန္ထမ္းျပည္သူေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈဟာ အလြန္အေရးႀကီးပါတယ္”ဟု တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက အဖြင္႔အမွာစကားတြင္ ထည့္သြင္း ေျပာၾကားသြားသည္။

မေကြးတိုင္းေဒသႀကီးအတြင္း အထူးကုန္စည္ခြန္ႏွင္႔ ကုန္သြယ္လုပ္ငန္းခြန္၊ ဝင္ေငြခြန္ အမ်ားဆံုး ေဆာင္ခဲ့သူမ်ားမွာ ေရနံလက္ယက္တြင္းလုပ္ငန္းရွင္မ်ားျဖစ္ၾကေသာ ဦးသန္းေဇာ္ေရႊ၊ ဦးညီညီေအာင္၊ ဦးၾကည္ေဌး၊ ဒုတိယအမ်ားဆံုးအခြန္ေဆာင္ၾကသည့္ ဦးသန္႔ေဇာ္ေဆြ၊ တတိယအမ်ားဆံုး အခြန္ေဆာင္သည့္ ေဒၚေအးေအးတို႔ျဖစ္ၿပီး ၎တို႔အား တိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္က ဂုဏ္ျပဳလႊာမ်ား ေပးအပ္ခ်ီးျမႇင့္ေပးေၾကာင္း သိရသည္။

မေကြးၿမိဳ႕နယ္အတြင္း အထူးကုန္စည္ခြန္ႏွင္႔ ကုန္သြယ္လုပ္ငန္းခြန္ အမ်ားဆံုး ထမ္းေဆာင္ခဲ႔သည့္ အရက္ပုလင္းသြပ္လုပ္ငန္းရွင္ ဦးတင္ဝင္းေမာင္၊ ဒုတိယအမ်ားဆံုးထမ္းေဆာင္ခဲ႔သည့္ ေကာင္းမြန္ ေကာ္ဖီဘား စားေသာက္ဆိုင္ လုပ္ငန္းရွင္ ဦးစိန္ေဌး၊ တတိယအမ်ားဆံုး ထမ္းေဆာင္ခဲ႔သည့္ “ေရႊ” အေဖ်ာ္ယမကာလုပ္ငန္းရွင္ ဦးတင္ေရႊတို႔ကို တိုင္းေဒသႀကီးစာရင္းစစ္ခ်ဳပ္ကလည္းေကာင္း၊ မေကြး ၿမိဳ႕နယ္အတြင္း ဝင္ေငြခြန္ ပထမအမ်ားဆံုး ထမ္းေဆာင္ခဲ့သည့္ ေကာင္းမြန္စူပါမားကက္လုပ္ငန္းရွင္ ဦးစိန္ေဌး၊ ဒုတိယအမ်ားဆံုးထမ္းေဆာင္ခဲ့သည့္ အေမထြား ဆီစက္လုပ္ငန္းရွင္ ဦးေဌးေအာင္၊ တတိယအမ်ားဆံုး ထမ္းေဆာင္ခဲ႔သည့္ ေရႊဧရာ စတိုးလုပ္ငန္းရွင္ ဦးစိန္တင္တို႔ကို တိုင္းေဒသႀကီး ဥပေဒခ်ဳပ္က လည္းေကာင္း ဂုဏ္ျပဳလႊာမ်ား အသီးသီး ခ်ီးျမႇင့္ေပးအပ္ခဲ့ေႀကာင္း သိရသည္။

၂၀၁၆-၂၀၁၇ ခုႏွစ္တြင္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ တစ္ႏိုင္ငံလံုးအခြန္ေကာက္ရေငြ က်ပ္ဘီလီယံေပါင္း (၅၃၇၇.၈၂၀)ရရိွခဲ႔ၿပီး မေကြးတိုင္းေဒသႀကီးမွ က်ပ္သန္း(၂၁၇၂၈.၇၇၁) ရရိွခဲ႔ေၾကာင္း မေကြးတိုင္းေဒသႀကီး အခြန္ဦးစီးဌာနမွဴးရံုးမွ သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးမှ အခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များအား ပြည်တွင်းအခွန်များ ဦးစီးဌာနက မကွေးမြို့ မြို့တော်ခန်းမတွင် ဇွန်လ(၂၇)ရက်နေ့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

“နိုင်ငံတော်အနေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေး စတဲ့ လုပ်ငန်းတွေ အတွက် ကုန်ကျစရိတ်တွေကို အခွန်အကောက်ရငွေများနဲ့ ထည့်ဝင်သုံးစွဲရတာဖြစ်ပါတယ်။ ဒါ့ကြောင့် အခွန်ထမ်းပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အရေးကြီးပါတယ်”ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသွားသည်။

မကွေးတိုင်းဒေသကြီးအတွင်း အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန် အများဆုံး ဆောင်ခဲ့သူများမှာ ရေနံလက်ယက်တွင်းလုပ်ငန်းရှင်များဖြစ်ကြသော ဦးသန်းဇော်ရွှေ၊ ဦးညီညီအောင်၊ ဦးကြည်ဌေး၊ ဒုတိယအများဆုံးအခွန်ဆောင်ကြသည့် ဦးသန့်ဇော်ဆွေ၊ တတိယအများဆုံး အခွန်ဆောင်သည့် ဒေါ်အေးအေးတို့ဖြစ်ပြီး၎င်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ပေးကြောင်း သိရသည်။

မကွေးမြို့နယ်အတွင်း အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် အရက်ပုလင်းသွပ်လုပ်ငန်းရှင် ဦးတင်ဝင်းမောင်၊ ဒုတိယအများဆုံးထမ်းဆောင်ခဲ့သည့် ကောင်းမွန် ကော်ဖီဘား စားသောက်ဆိုင် လုပ်ငန်းရှင် ဦးစိန်ဌေး၊ တတိယအများဆုံး ထမ်းဆောင်ခဲ့သည့် “ရွှေ” အဖျော်ယမကာလုပ်ငန်းရှင် ဦးတင်ရွှေတို့ကို တိုင်းဒေသကြီးစာရင်းစစ်ချုပ်ကလည်းကောင်း၊ မကွေး မြို့နယ်အတွင်း ဝင်ငွေခွန် ပထမအများဆုံး ထမ်းဆောင်ခဲ့သည့် ကောင်းမွန်စူပါမားကက်လုပ်ငန်းရှင် ဦးစိန်ဌေး၊ ဒုတိယအများဆုံးထမ်းဆောင်ခဲ့သည့် အမေထွား ဆီစက်လုပ်ငန်းရှင် ဦးဌေးအောင်၊ တတိယအများဆုံး ထမ်းဆောင်ခဲ့သည့် ရွှေဧရာ စတိုးလုပ်ငန်းရှင် ဦးစိန်တင်တို့ကို တိုင်းဒေသကြီး ဥပဒေချုပ်က လည်းကောင်း ဂုဏ်ပြုလွှာများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ခုနှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ တစ်နိုင်ငံလုံးအခွန်ကောက်ရငွေ ကျပ်ဘီလီယံပေါင်း (၅၃၇၇.၈၂၀)ရရှိခဲ့ပြီး မကွေးတိုင်းဒေသကြီးမှ ကျပ်သန်း(၂၁၇၂၈.၇၇၁) ရရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးမှ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~