မိုးဗြဲတပ်သိမ်းမြေအချို့ ပြန်လည်စွန့်လွှတ်ပြီးဖြစ်၍ တပ်ဧရိယာအတွင်း တောင်ယာစိုက်ပျိုးခွင့်မပြုတော့

မိုးဗြဲတပ်သိမ်းမြေအချို့ ပြန်လည်စွန့်လွှတ်ပြီးဖြစ်၍ တပ်ဧရိယာအတွင်း တောင်ယာစိုက်ပျိုးခွင့်မပြုတော့
ဇှနျ 15, 2017
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ရှိ အမှတ် (၄၂၂)ခြေမြန်တပ်ရင်းက သိမ်းယူထားသော မြေယာများထဲမှ ဧက (၃၇၀)ကျော်ကို ပြန်လည်စွန့်လွှတ်ပေးပြီးနောက် တပ်ပိုင်မြေအတွင်း ဒေသခံတောင်သူများ ထပ်မံစိုက်ပျိုးခွင့် မပေးတော့ကြောင်း သိရသည်။



အမှတ် (၄၂၂)ခြေမြန်တပ်ရင်းက ၁၉၉၂ ခုနှစ်ကသိမ်းယူထားသည့် မြေဧကတစ်ထောင်ကျော်အနက် အသုံးမပြုရန် မလိုသော မြေယာများကို ပြန်လည်စွန့်လွှတ်ပေးရန် တောင်သူများမှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နောက် ၂၀၁၇ ခုနှစ် မေလတွင် တပ်သိမ်းမြေများထဲမှ (၃၇၀)ကျော်ဧက အား ပြန်လည် စွန့်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်သူများက တပ်အနေဖြင့် သီးနှံစိုက်ပျိုးလုပ်ကိုင်နေသော ယာမြေသီးသန့်(၂၄၁) ဧကအား ပြန်လည်စွန့်လွှတ်ပေးရန် တောင်းဆိုထားခြင်းဖြစ်ပြီး တပ်မှပြန်လည်စွန့်လွှတ်ပေးသော မြေယာများ ထဲတွင် စိုက်ပျိုးမြေမဟုတ်သော ရွာမြေများကိုပါထည့်သွင်း တိုင်းတာပေးသည်ဟု ဒေသခံတောင်သူများက ဆိုသည်။

သတင်း - ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ရှိ အမှတ် (၄၂၂)ခြမြေန်တပ်ရင်းက သိမ်းယူထားသော မြေယာများထဲမှ ဧက (၃၇၀)ကျော်ကို ပြန်လည်စွန့်လွှတ်ပေးပြီးနောက် တပ်ပိုင်မြေအတွင်း ဒေသခံတောင်သူများ ထပ်မံစိုက်ပျိုးခွင့် မပေးတော့ကြောင်း သိရသည်။

တပ်သိမ်းမြေများထဲမှ ဧက (၃၇၀)ကျော်ကို ပြန်လည်စွန့်လွှတ်ပေးရန် တိုင်းတာမှုများ ပြုလုပ်ပြီးသည့် ဇွန်လ (၆) ရက်နေ့မှစ၍ တပ်မှခြံစည်းရိုးကာရံရန် ကတုတ်မြောင်းများ စတင်တူဖော်လျှက်ရှိကြောင်း သိရသည်။

 “ သူတို့ပြန်စွန့်လွှတ်တဲ့ မြေတွေမှာပဲလုပ်။ အခု ခြံစည်းရိုးလုပ်ဖို့တူးနေတဲ့နေရာကနေစပြီး သူတို့ ဧရိယာပေါ့နော်။ တောင်သူတွေကို ကျူးကျော်ပြီး လာမစိုက်ပျိုးနဲ့ပေါ့။ တကယ်လို့ လာစိုက်ရင် အရေးယူမယ်ပေါ့ ပြောထားတယ်”ဟု မိုးဗြဲမြို့မှ တောင်သူ ကိုစိန်ဝင်းကပြောသည်။

အမှတ် (၄၂၂)ခြမြေန်တပ်ရင်းက ၁၉၉၂ ခုနှစ်ကသိမ်းယူထားသည့် မြေဧကတစ်ထောင်ကျော်အနက် အသုံးမပြုရန် မလိုသော မြေယာများကို ပြန်လည်စွန့်လွှတ်ပေးရန် တောင်သူများမှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နောက် ၂၀၁၇ ခုနှစ် မေလတွင် တပ်သိမ်းမြေများထဲမှ (၃၇၀)ကျော်ဧက အား ပြန်လည် စွန့်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောငး် သိရသည်။

တောင်သူများက တပ်အနဖြေင့် သီးနှံစိုက်ပျိုးလုပ်ကိုင်နေသော ယာမြေသီးသန့်(၂၄၁) ဧကအား ပြန်လည်စွန့်လွှတ်ပေးရန် တောင်းဆိုထားခြင်းဖြစ်ပြီး တပ်မှပြန်လည်စွန့်လွှတ်ပေးသော မြေယာများ ထဲတွင် စိုက်ပျိုးမြေမဟုတ်သော ရွာမြေများကိုပါထည့်သွင်း တိုင်းတာပေးသည်ဟု ဒေသခံတောင်သူများက ဆိုသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~