ရွမ္းေျမာက္ေဒသမ်ားတြင္ လူကုန္ကူးတားဆီးေရး အျပည့္အဝ အေကာင္အထည္ မေဖၚႏိုင္

ရွမ္းေျမာက္ေဒသမ်ားတြင္ လူကုန္ကူးတားဆီးေရး အျပည့္အဝ အေကာင္အထည္ မေဖၚႏိုင္
ဇွန် 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း လူကုန္ကူးမႈ အမ်ားဆံုးျဖစ္ပြားသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ လူကုန္ကူးမႈ တားဆီးေရး လုပ္ငန္းမ်ားလုပ္ေဆာင္ရာ၌ နယ္ေျမလံုၿခံဳေရးအရ ကန္႔သတ္နယ္ေျမမ်ားရိွေနသျဖင့္ အခက္အခဲ ျဖစ္ရေၾကာင္း လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔ထံမွ သိရသည္။

ရွမ္းျပည္နယ္အတြင္း ၂၀၁၆ ခုႏွစ္က လူကုန္ကူးမႈ(၄၂)မႈရွိသည့္အနက္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္  (၃၈)ခု ျဖစ္ပြားေၾကာင္း သိရသည္။

“ေနရာတကာကို ကၽြန္ေတာ္တို႔က သြားလို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ ဒီေဒသက တခ်ိဳ႕ေနရာေတြမွာ လံုၿခံဳေရးအရ ကန္႔သတ္ထားတာေတြ ရွိတယ္။ ဒါေၾကာင့္ေနရာတိုင္းကို မေရာက္ႏိုင္ဘူး။ သြားလို႔ရတ့ဲ ေနရာေတြကို ကၽြန္ေတာ္တို႔ သြားမယ္။ သြားလည္း သြားေနတယ္။ လူကုန္ကူးမႈတားဆီးေရးနဲ႔ ပတ္သက္တ့ဲ လက္ကမ္းစာေစာင္ေတြ ေပးေဝတယ္။ ဗီႏိုင္းေတြ စိုက္ထူတယ္။ အသိပညာေပး ေဟာေျပာပြဲေတြ လုပ္တယ္။ အခက္အခဲက အဲဒီလိုသြားလို႔ မရတ့ဲအခက္အခဲရယ္၊ ဒီေဒသကလူေတြက တရုတ္ႏိုင္ငံကိုမွ အလုပ္ သြားလုပ္ခ်င္ေနတာရယ္ အဲဒါႏွစ္ခုေတာ့ရွိတယ္”ဟု  လူကုန္ကူးမႈ တားဆီးႏိွမ္နင္းေရး ရဲတပ္ဖြဲ႔ တပ္ဖြဲ႔စု (၁၆) လား႐ိႈးမွ ရဲမွဴးေအာင္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ရွမ္းျပည္နယ္တစ္ခုလံုးအတြင္း၂၀၁၆ ခုႏွစ္က ျဖစ္ပြားခဲ့သည့္ လူကုန္ကူးမႈျဖစ္စဥ္မ်ားတြင္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း၌ အမ်ားဆံုး ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“လားရိႈးမွာ ဆိုရင္ (၁၀)မႈ ရွိတယ္။ အဲဒီထဲက (၉)ခုက တရုတ္ျပည္ကိုသြားမယ့္ လူကုန္ကူးမႈေတြျဖစ္တယ္။ မူဆယ္မွာ ျဖစ္တဲ့အမႈေတြက အားလံုးက တရုတ္ျပည္ကို လူကုန္ကူးၾကတာျဖစ္တယ္။ ၿပီးေတာ့ ဒီေဒသရဲ့ အစဥ္အလာလိုျဖစ္ေနတဲ့ တရုတ္ႏိုင္ငံကို အလုပ္သြားလုပ္ေနၾကတာေတြကလည္း လူကုန္ကူးမႈျဖစ္ပြားဖို႔ မ်ားျပားလာေစတဲ့ အခ်က္ျဖစ္တယ္။ ရွမ္းေျမာက္ ေဒသအတြင္းမွာပဲ လူကုန္ကူးခံရတာကေတာ့ အနည္းအက်ဥ္းပဲရွိတယ္။ ျဖစ္စဥ္ အမ်ားဆံုးကေတာ့ တရုတ္ျပည္ကို လူကုန္ကူးခံရတာ အမ်ားဆံုး ျဖစ္ပါတယ္” ဟု ရဲမွဴးေအာင္လြင္က ေျပာသည္။

ျမန္မာ - တရုတ္နယ္စပ္ေဒသ ျဖစ္သည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ လူကုန္ကူးမႈ အမ်ားဆံုး ျဖစ္ပြားေနသည့္ အတြက္ တားဆီးႏွိမ္ႏွင္းေရးအျပင္ တားဆီးကာကြယ္ေရးျဖင့္လည္း လူကုန္ကူးမႈ ေလ်ာ့က်ေစေရးအတြက္ လုပ္ေဆာင္ေနရေၾကာင္း သိရသည္။

“ႏွိမ္ႏွင္းေရးအပိုင္းမွာေတာ့ ကြ်န္ေတာ္တို႔ အဖြဲ႔နဲ႔ ရဲတပ္ဖြဲ႔ပူးေပါင္းၿပီး လုပ္ကိုင္ရတာေပ့ါ။ တားဆီး ကာကြယ္ေရး အပိုင္းမွာက်ေတာ့ ျပင္ပအဖြဲ႔အစည္းေတြ အိုင္အန္ဂ်ီအို၊ အန္ဂ်ီအိုတို႔လို လူမႈအဖြဲ႔အစည္းေတြ အပါအဝင္ ျပည္သူ လူထုကိုယ္တိုင္ကလည္း ဒါကို လိုလိုလားလားနဲ႔ ပူးေပါင္းလက္ခံေဆာင္ရြက္တာမ်ိဳးေတြ သတင္းေပးတာမ်ိဳးေတြ ပါဝင္ကူညီမယ္ဆိုရင္ေတာ့ လူကုန္ကူးမႈနဲ႔ဆိုင္တဲ့ မႈခင္းေတြေလ်ာ့က်သြားဖို႔ ပေပ်ာက္သြားဖို႔ လြယ္ကူလာမွာပါ”ဟု ရဲမွဴးေအာင္လြင္က ေျပာသည္။

လူကုန္ကူးမႈျဖစ္ပြားႏႈန္းေလ်ာ့က်ေစေရးအတြက္ သက္ဆိုင္ရာဌာနမ်ားမွ တားဆီးကာကြယ္ေရး၊ တားဆီး ႏွိမ္ႏွင္းေရး လုပ္ေဆာင္ခ်က္မ်ားအျပင္ ေဒသအတြင္း အလုပ္အကိုင္အခြင့္အလမ္းမ်ား ျပည့္ျပည့္ဝဝ အေကာင္ အထည္ေဖၚ ေဆာင္ရြက္ေပးႏိုင္ရန္လည္း လိုအပ္သည္ဟု လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔က သံုးသပ္သည္။

သတင္း - ေနၿဖိဳးျမင့္

လူကုန္ကူးမႈ တားဆီးႏိွမ္နင္းေရး ရဲတပ္ဖြဲ႔ တပ္ဖြဲ႔စု (၁၆) လား႐ိႈးမွ ရဲမွဴးေအာင္လြင္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း လူကုန်ကူးမှု အများဆုံးဖြစ်ပွားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူကုန်ကူးမှု တားဆီးရေး လုပ်ငန်းများလုပ်ဆောင်ရာ၌ နယ်မြေလုံခြုံရေးအရ ကန့်သတ်နယ်မြေများရှိနေသဖြင့် အခက်အခဲ ဖြစ်ရကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်က လူကုန်ကူးမှု(၄၂)မှုရှိသည့်အနက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် (၃၈)ခု ဖြစ်ပွားကြောင်း သိရသည်။

“နေရာတကာကို ကျွန်တော်တို့က သွားလို့မရဘူး။ ဘာလို့လဲဆိုတော့ ဒီဒေသက တချို့နေရာတွေမှာ လုံခြုံရေးအရ ကန့်သတ်ထားတာတွေ ရှိတယ်။ ဒါကြောင့်နေရာတိုင်းကို မရောက်နိုင်ဘူး။ သွားလို့ရတဲ့ နေရာတွေကို ကျွန်တော်တို့ သွားမယ်။ သွားလည်း သွားနေတယ်။ လူကုန်ကူးမှုတားဆီးရေးနဲ့ ပတ်သက်တဲ့ လက်ကမ်းစာစောင်တွေ ပေးဝေတယ်။ ဗီနိုင်းတွေ စိုက်ထူတယ်။ အသိပညာပေး ဟောပြောပွဲတွေ လုပ်တယ်။ အခက်အခဲက အဲဒီလိုသွားလို့ မရတဲ့အခက်အခဲရယ်၊ ဒီဒေသကလူတွေက တရုတ်နိုင်ငံကိုမှ အလုပ် သွားလုပ်ချင်နေတာရယ် အဲဒါနှစ်ခုတော့ရှိတယ်”ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁၆) လားရှိုးမှ ရဲမှူးအောင်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်တစ်ခုလုံးအတွင်း၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များတွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ အများဆုံး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လားရှိုးမှာ ဆိုရင် (၁၀)မှု ရှိတယ်။ အဲဒီထဲက (၉)ခုက တရုတ်ပြည်ကိုသွားမယ့် လူကုန်ကူးမှုတွဖြေစ်တယ်။ မူဆယ်မှာ ဖြစ်တဲ့အမှုတွေက အားလုံးက တရုတ်ပြည်ကို လူကုန်ကူးကြတာဖြစ်တယ်။ ပြီးတော့ ဒီဒေသရဲ့ အစဉ်အလာလိုဖြစ်နေတဲ့ တရုတ်နိုင်ငံကို အလုပ်သွားလုပ်နကြေတာတွေကလည်း လူကုန်ကူးမှုဖြစ်ပွားဖို့ များပြားလာစေတဲ့ အချက်ဖြစ်တယ်။ ရှမ်းမြောက် ဒေသအတွင်းမှာပဲ လူကုန်ကူးခံရတာကတော့ အနည်းအကျဉ်းပဲရှိတယ်။ ဖြစ်စဉ် အများဆုံးကတော့ တရုတ်ပြည်ကို လူကုန်ကူးခံရတာ အများဆုံး ဖြစ်ပါတယ်” ဟု ရဲမှူးအောင်လွင်က ပြောသည်။

မြန်မာ - တရုတ်နယ်စပ်ဒေသ ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူကုန်ကူးမှု အများဆုံး ဖြစ်ပွားနေသည့် အတွက် တားဆီးနှိမ်နှင်းရေးအပြင် တားဆီးကာကွယ်ရေးဖြင့်လည်း လူကုန်ကူးမှု လျော့ကျစေရေးအတွက် လုပ်ဆောင်နေရကြောင်း သိရသည်။

“နှိမ်နှင်းရေးအပိုင်းမှာတော့ ကျွန်တော်တို့ အဖွဲ့နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး လုပ်ကိုင်ရတာပေါ့။ တားဆီး ကာကွယ်ရေး အပိုင်းမှာကျတော့ ပြင်ပအဖွဲ့အစည်းတွေ အိုင်အန်ဂျီအို၊ အန်ဂျီအိုတို့လို လူမှုအဖွဲ့အစည်းတွေ အပါအဝင် ပြည်သူ လူထုကိုယ်တိုင်ကလည်း ဒါကို လိုလိုလားလားနဲ့ ပူးပေါင်းလက်ခံဆောင်ရွက်တာမျိုးတွေ သတင်းပေးတာမျိုးတွေ ပါဝင်ကူညီမယ်ဆိုရင်တော့ လူကုန်ကူးမှုနဲ့ဆိုင်တဲ့ မှုခင်းတွေလျော့ကျသွားဖို့ ပပျောက်သွားဖို့ လွယ်ကူလာမှာပါ”ဟု ရဲမှူးအောင်လွင်က ပြောသည်။

လူကုန်ကူးမှုဖြစ်ပွားနှုန်းလျော့ကျစေရေးအတွက် သက်ဆိုင်ရာဌာနများမှ တားဆီးကာကွယ်ရေး၊ တားဆီး နှိမ်နှင်းရေး လုပ်ဆောင်ချက်များအပြင် ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပြည့်ပြည့်ဝဝ အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန်လည်း လိုအပ်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သုံးသပ်သည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~