တာချီလိတ်မြို့ ငှက်ပျောတောအပေါ်ရွာတွင် အိမ်ခြေမဲ့ အမျိုးသားတစ်ဦး ချော်ကျရာမှ သေဆုံး

တာချီလိတ်မြို့ ငှက်ပျောတောအပေါ်ရွာတွင် အိမ်ခြေမဲ့ အမျိုးသားတစ်ဦး ချော်ကျရာမှ သေဆုံး
ဇှနျ 29, 2017
By Tachileik News Agency



တာချီလိတ်မြို့ ၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ငှက်ပျောတောအပေါ်ရွာမှ တောင်စောင်းအတိုင်း အောက်သို့ဆင်းသည့် ဆင်ခြေလျှောတောလမ်း ၀ါးရုံပင်အနီးတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိ၍ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးထိန်လင်း နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အပါအ၀င် တာချီလိတ်နာရေးကူညီမှုအသင်းတို့သည် အဆိုပါ နေရာသို့ ရောက်ရှိသွားပြီး သေဆုံးသူ၏ အလောင်းအား စစ်ဆေးကာ တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။


အခင်းဖြစ်ရာနေရာသည် ဆင်ခြေလျှောတောလမ်းတွင် ကျောက်တုံးများ ထိုးထွက်နေကာ လွန်ခဲ့သော ညက မိုးရွာသဖြင့် ချောနေပြီး ချော်လဲကျထားသည့် အရာတွေ့ရကြောင်း နှင့် သေဆုံးသူ လက်တို(ခ)လက်ပြတ်သည် အရက်သေစာ အလွန်အကျွံသောက်စားတတ်ပြီး မိမိကိုယ်မိမိ မထိန်းနိုင်ဘဲ မကြာခဏ လဲကျဒဏ်ရာများ ရရှိလေ့ရှိရာ ချော်ကျပြီး ကျောက်တုံးများဖြင့် ဆောင့်မိရာမှ ပြန်မထနိုင်တော့ဘဲ အအေးမိကာ သေဆုံးခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ယူဆရ၍ ရင်ခွဲရုံသို့ ပို့ဆောင်ထားကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ငှက်ပျောတောအပေါ်ရွာတွင် အမျိုးသားတစ်ဦး အရက်မူးလွန်ကာ ကုန်းဆင်းချော်ကျရာမှ ရေချောင်းဘေးတွင် သေဆုံးမှု ဇွန်လ(၂၉)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ငှက်ပျောတောအပေါ်ရွာမှ တောင်စောင်းအတိုင်း အောက်သို့ဆင်းသည့် ဆင်ခြေလျှောတောလမ်း ဝါးရုံပင်အနီးတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိ၍ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးထိန်လင်း နှင့် သက်ဆို်င်ရာတာဝန်ရှိသူများ အပါအဝင် တာချီလိတ်နာရေးကူညီမှုအသင်းတို့သည် အဆိုပါ နေရာသို့ ရောက်ရှိသွားပြီး သေဆုံးသူ၏ အလောင်းအား စစ်ဆေးကာ တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

သေဆုံးသူသည် တောင်းရမ်းစားသောက်ပြီး အခြေအနေမဲ့ သွားလာနေသူ အသက်(၃၅)နှစ်ရှိ လက်တို(ခ)လက်ပြတ် ဖြစ်နေကြောင်းသိရသည်။

အခင်းဖြစ်ရာနေရာသည် ဆင်ခြေလျှောတောလမ်းတွင် ကျောက်တုံးများ ထိုးထွက်နေကာ လွန်ခဲ့သော ညက မိုးရွာသဖြင့် ချောနပြေီး ချော်လဲကျထားသည့် အရာတွေ့ရကြောင်း နှင့် သေဆုံးသူ လက်တို(ခ)လက်ပြတ်သည် အရက်သေစာ အလွန်အကျွံသောက်စားတတ်ပြီး မိမိကိုယ်မိမိ မထိန်းနိုင်ဘဲ မကြာခဏ လဲကျဒဏ်ရာများ ရရှိလေ့ရှိရာ ချော်ကျပြီး ကျောက်တုံးများဖြင့် ဆောင့်မိရာမှ ပြန်မထနိုင်တော့ဘဲ အအေးမိကာ သေဆုံးခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ယူဆရ၍ ရင်ခွဲရုံသို့ ပို့ဆောင်ထားကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၃၀/၂၀၁၇ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~