လားရိႈးၿမိဳ႕တြင္ ဘုန္းႀကီးေက်ာင္းအတြင္း ဝင္ေရာက္ရမ္းကားသျဖင့္ ဦးဇင္းငါးပါးႏွင့္ ကပၸိယတစ္ဦးဒဏ္ရာရ

လားရိႈးၿမိဳ႕တြင္ ဘုန္းႀကီးေက်ာင္းအတြင္း ဝင္ေရာက္ရမ္းကားသျဖင့္ ဦးဇင္းငါးပါးႏွင့္ ကပၸိယတစ္ဦးဒဏ္ရာရ
ဇွန် 20, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးၿမိဳ႕၊ရပ္ကြက္(၉)ရွိ ဘုန္းေတာ္ႀကီးေက်ာင္းတစ္ေက်ာင္းတြင္ ဇြန္လ(၁၉) ရက္ေန႔ ညပိုင္းက လူတစ္ဦး ဝင္ေရာက္ရမ္းကားသျဖင့္ ဦးဇင္း(၅)ပါးႏွင့္ ကပၸိယတစ္ဦး ဒဏ္ရာမ်ား ရရွိသြားၿပီး ဝင္ေရာက္ရမ္းကားသူအား နယ္ေျမရဲစခန္းမွ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

“ညက တာဝန္က်တဲ့အရာရွိေတြက အမႈဖြင့္အေရးယူထားတယ္။ က်ဴးလြန္တဲ့အမ်ိဳးသားကိုေတာ့ ေဆးရံုမွာ တင္ထားတယ္လို႔ သိရတယ္။ ဘုန္းႀကီးေက်ာင္းထဲမွာ ျဖစ္ပြားတာဆိုေတာ့ ဘယ္လိုဆက္ၿပီး အမႈလုပ္မလဲေတာ့ မသိေသးဘူး။ ကြ်န္ေတာ္က မနက္မွ ဂ်ဴတီဝင္ရတာဆိုေတာ့ (ပ)နံပါတ္ေတြ၊ ပုဒ္မေတြေတာ့ မသိေသးလို႔ မေျပာျပႏိုင္ေသးဘူး“ဟု လားရိႈးၿမိဳ႕အမွတ္(၂)ရဲစခန္းမွ တာဝန္က် ရဲတပ္ၾကပ္တစ္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ဘုန္းႀကီးေက်ာင္းအတြင္း ရမ္းကားသူမွာ ထြက္ေျပးသြားသည့္အတြက္ လူမႈကူညီေရးအသင္းမွ လူငယ္မ်ားျဖင့္ ေက်ာင္းဝန္းအနီး ကင္းပုန္းဝပ္ေစာင့္ဆိုင္း ဖမ္းဆီးခဲ့ရာ က်ဴးလြန္သူက ျပန္လည္ခုခံသျဖင့္ ၎အား လူအင္အား အသံုးျပဳ၍ ဖမ္းဆီးရသျဖင့္ ဒဏ္ရာမ်ားျဖင့္ ဖမ္းဆီးရမိခဲ့ၿပီး လားရိႈးၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရေၾကာင္း သိရသည္။

“ဘုန္းႀကီးေတြကို ဝင္ရမ္းကားတဲ့သူက အဲဒီေက်ာင္းမွာ ဒုလႅဘဝတ္ခဲ့ဖူးတယ္လို႔ သိရတယ္။ ဘာျပႆနာရွိထားတယ္ေတာ့ မေျပာတတ္ဘူး။ မေန႔ည ၈ နာရီဝန္းက်င္ေလာက္မွာ ေက်ာင္းဝန္းထဲ ဝင္ၿပီးေတာ့ ပတ္ၿပီး ေသာင္းက်န္းတယ္လို႔သိရတယ္။ ငွက္ႀကီးေတာင္ဓားတစ္ဖက္၊ တုတ္တစ္ဖက္နဲ႔လာၿပီး ဘုန္းႀကီးေတြကို တန္းစီထိုင္ခိုင္းၿပီး တုတ္နဲ႔ရိုက္တယ္လို႔သိရတယ္။ အဲဒါသတင္းရလို႔ ကြ်န္ေတာ္တို႔ လူငယ္အဖြဲ႔ေတြက ေရာက္သြားေတာ့ ဒဏ္ရာရထားတဲ့ ဘုန္းႀကီး(၅)ပါးနဲ႔ ကပၸိယတစ္ဦးကိုပဲ ေတြ႔ရတယ္။
က်ဴးလြန္သူကေတာ့ ထြက္ေျပးသြားတယ္။ ဒဏ္ရာရထားတဲ့သူေတြကို ေဆးရံုကိုပို႔လိုက္ရတယ္ “ဟု လားရႈိးၿမိဳ႕ေရႊေၾကးစည္လူမႈကူညီေရးအသင္းမွ အသင္းဥကၠဌ ဦးစိုင္းညီညီဟန္ က ေျပာသည္။

က်ဴးလြန္သူအား ည(၁၀)နာရီခန္႔တြင္ ဖမ္းဆီးရမိခဲ့ၿပီး ၄င္း ရရွိထားသည့္ ဒဏ္ရာမ်ားေၾကာင့္ သတိလစ္ေနသည့္အတြက္ လားရိႈးၿမိဳ့ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားရကာ ျဖစ္စဥ္တြင္ ဒဏ္ရာရရွိထားသည့္ ဘုန္းႀကီး(၅)ပါးႏွင့္ ကပၸိယတစ္ဦးတို႔၏ ဒဏ္ရာမ်ားမွာ အသက္အႏၱရာယ္ မစိုးရိမ္ရေၾကာင္း သိရသည္။
.
သတင္း - ေနၿဖိဳးျမင့္
ဓာတ္ပံု - ေရႊေၾကးစည္လူမႈကူညီေရးအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၊ရပ်ကွက်(၉)ရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် ဇွန်လ(၁၉) ရက်နေ့ ညပိုင်းက လူတစ်ဦး ဝင်ရောက်ရမ်းကားသဖြင့် ဦးဇင်း(၅)ပါးနှင့် ကပ္ပိယတစ်ဦး ဒဏ်ရာများ ရရှိသွားပြီး ဝင်ရောက်ရမ်းကားသူအား နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“ညက တာဝန်ကျတဲ့အရာရှိတွေက အမှုဖွင့်အရေးယူထားတယ်။ ကျူးလွန်တဲ့အမျိုးသားကိုတော့ ဆေးရုံမှာ တင်ထားတယ်လို့ သိရတယ်။ ဘုန်းကြီးကျောင်းထဲမှာ ဖြစ်ပွားတာဆိုတော့ ဘယ်လိုဆက်ပြီး အမှုလုပ်မလဲတော့ မသိသေးဘူး။ ကျွန်တော်က မနက်မှ ဂျူတီဝင်ရတာဆိုတော့ (ပ)နံပါတ်တွေ၊ ပုဒ်မတွေတော့ မသိသေးလို့ မပြောပြနိုင်သေးဘူး“ဟု လားရှိုးမြို့အမှတ်(၂)ရဲစခန်းမှ တာဝန်ကျ ရဲတပ်ကြပ်တစ်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဘုန်းကြီးကျောင်းအတွင်း ရမ်းကားသူမှာ ထွက်ပြေးသွားသည့်အတွက် လူမှုကူညီရေးအသင်းမှ လူငယ်များဖြင့် ကျောင်းဝန်းအနီး ကင်းပုန်းဝပ်စောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ ကျူးလွန်သူက ပြန်လည်ခုခံသဖြင့်၎င်းအား လူအင်အား အသုံးပြု၍ ဖမ်းဆီးရသဖြင့် ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“ဘုန်းကြီးတွေကို ဝင်ရမ်းကားတဲ့သူက အဲဒီကျောင်းမှာ ဒုလ္လဘဝတ်ခဲ့ဖူးတယ်လို့ သိရတယ်။ ဘာပြဿနာရှိထားတယ်တော့ မပြောတတ်ဘူး။ မနေ့ည ၈ နာရီဝန်းကျင်လောက်မှာ ကျောင်းဝန်းထဲ ဝင်ပြီးတော့ ပတ်ပြီး သောင်းကျန်းတယ်လို့သိရတယ်။ ငှက်ကြီးတောင်ဓားတစ်ဖက်၊ တုတ်တစ်ဖက်နဲ့လာပြီး ဘုန်းကြီးတွေကို တန်းစီထိုင်ခိုင်းပြီး တုတ်နဲ့ရိုက်တယ်လို့သိရတယ်။ အဲဒါသတင်းရလို့ ကျွန်တော်တို့ လူငယ်အဖွဲ့တွေက ရောက်သွားတော့ ဒဏ်ရာရထားတဲ့ ဘုန်းကြီး(၅)ပါးနဲ့ ကပ္ပိယတစ်ဦးကိုပဲ တွေ့ရတယ်။
ကျူးလွန်သူကတော့ ထွက်ပြေးသွားတယ်။ ဒဏ်ရာရထားတဲ့သူတွေကို ဆေးရုံကိုပို့လိုက်ရတယ် “ဟု လားရှိုးမြို့ရွှေကြေးစည်လူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးစိုင်းညီညီဟန် က ပြောသည်။

ကျူးလွန်သူအား ည(၁၀)နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး ၄င်း ရရှိထားသည့် ဒဏ်ရာများကြောင့် သတိလစ်နေသည့်အတွက် လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကာ ဖြစ်စဉ်တွင် ဒဏ်ရာရရှိထားသည့် ဘုန်းကြီး(၅)ပါးနှင့် ကပ္ပိယတစ်ဦးတို့၏ ဒဏ်ရာများမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
.
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရွှေကြေးစည်လူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~