တာခ်ီလိတ္မွတစ္ဆင့္ မယ္ဆိုင္သို႔ ေကာက္စိုက္ရာသီအလုပ္ လုပ္ရန္ သြားေရာက္သူ (၈၅)ဦးအား တာခ်ီလိတ္လူကုန္တားက အသိပညာေပး

တာခ်ီလိတ္မွတစ္ဆင့္ မယ္ဆိုင္သို႔ ေကာက္စိုက္ရာသီအလုပ္ လုပ္ရန္ သြားေရာက္သူ (၈၅)ဦးအား တာခ်ီလိတ္လူကုန္တားက အသိပညာေပး
ဇွန် 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွတစ္ဆင့္ ထုိင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕သို႔ ေကာက္စိုက္ရာသီ အလုပ္ လုပ္ကိုင္ရန္ သြားၾကမည့္ ေရႊ႕ေျပာင္းလုပ္သားမ်ားအား နယ္စပ္ျဖတ္ေက်ာ္ျခင္းဆိုင္ရာႏွင့္ ေဒသႏၱရ အမိန္႔ထုတ္ျပန္ခ်က္မ်ား၊ ေရႊ႕ေျပာင္းလုပ္သားမ်ား သိသင့္သည္တို႔ကို တာခ်ီလိတ္ လူကုန္တားရဲတပ္ဖြဲ႕က ရွင္းလင္းေပးေနေၾကာင္း သိရသည္။

အမ်ိဳးသား (၄၅)ဦး၊ အမ်ိဳးသမီး (၄၀)ဦးလုိက္ပါလာသည့္ တပ္ကုန္း - တာခ်ီလိတ္ ေျပးဆြဲေနသည့္ ခရီးသည္တင္ ယာဥ္အား စစ္ေဆးရန္ တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းစစ္ေဆးေရးဂိတ္တြင္ တာ၀န္က်ေနသည့္  ရဲတပ္ႀကပ္ႀကီးခ်စ္ရန္ ႏွင့္ ရဲတပ္ၾကပ္ ေအးထြန္းဦးတို႔မွ ဇြန္လ (၂၅)ရက္ေန႔တြင္ လူကုန္တားရံုးသို႔ ေစလႊတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ လူကုန္တားရံုးတြင္ စစ္ေဆးခ်က္အရ အဆိုပါယာဥ္တြင္ လုိက္ပါလာသူမ်ားသည္ ပဲခူးတိုင္း ေဒသႀကီး၊ ျဖဴးၿမိဳ႕နယ္ႏွင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕နယ္မ်ားမွ ျဖစ္ေၾကာင္း သိရၿပီး ၎တို႔သည္ ထိုင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕တြင္ ေကာက္စိုက္လုပ္ငန္းအတြက္ သြားေရာက္မည့္သူမ်ား ျဖစ္ေၾကာင္း သိရသည္။

၎တို႔အား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႔ တပ္ဖြဲ႔စိတ္(၁)တာခ်ီလိတ္မွ တပ္ဖြဲ႔စိတ္မွဴး ရဲမွဴး ရင္ရင္ေအး ႏွင့္  ရဲအုပ္လွဘုန္းတို႔က  ထိုင္းႏိုင္ငံအတြင္း ၀င္ေရာက္ရာတြင္ တရား၀င္ (၇)ရက္ တစ္ပတ္ တံတားကူးလက္မွတ္ျဖင့္ ၀င္ေရာက္ၾကရန္၊ တံတားကူးလက္မွတ္ သက္တမ္းမကုန္ဆံုးမွီ လဲလွယ္ၾကရန္ ႏွင့္ ေရႊ႕ေျပာင္းလုပ္သားဆိုင္ရာ သိသင့္သည္မ်ားႏွင့္ အေရးေပၚဆက္သြယ္ရမည့္ ဖုန္းနံပါတ္မ်ားအား ေပးထားေၾကာင္း သိရသည္။

ဓာတ္ပံု - လူကုန္တား


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ ကောက်စိုက်ရာသီ အလုပ် လုပ်ကိုင်ရန် သွားကြမည့် ရွှေ့ပြောင်းလုပ်သားများအား နယ်စပ်ဖြတ်ကျော်ခြင်းဆိုင်ရာနှင့် ဒေသန္တရ အမိန့်ထုတ်ပြန်ချက်များ၊ ရွှေ့ပြောင်းလုပ်သားများ သိသင့်သည်တို့ကို တာချီလိတ် လူကုန်တားရဲတပ်ဖွဲ့က ရှင်းလင်းပေးနေကြောင်း သိရသည်။

အမျိုးသား (၄၅)ဦး၊ အမျိုးသမီး (၄၀)ဦးလိုက်ပါလာသည့် တပ်ကုန်း - တာချီလိတ် ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်အား စစ်ဆေးရန် တာချီလိတ်မြို့ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် ရဲတပ်ကြပ်ကြီးချစ်ရန် နှင့် ရဲတပ်ကြပ် အေးထွန်းဦးတို့မှ ဇွန်လ (၂၅)ရက်နေ့တွင် လူကုန်တားရုံးသို့ စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ် လူကုန်တားရုံးတွင် စစ်ဆေးချက်အရ အဆိုပါယာဉ်တွင် လိုက်ပါလာသူများသည် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်နှင့် နပြေည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်များမှ ဖြစ်ကြောင်း သိရပြီး၎င်းတို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ကောက်စိုက်လုပ်ငန်းအတွက် သွားရောက်မည့်သူများ ဖြစ်ကြောင်း သိရသည်။

၎င်းတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေး နှင့် ရဲအုပ်လှဘုန်းတို့က ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ရာတွင် တရားဝင် (၇)ရက် တစ်ပတ် တံတားကူးလက်မှတ်ဖြင့် ဝင်ရောက်ကြရန်၊ တံတားကူးလက်မှတ် သက်တမ်းမကုန်ဆုံးမှီ လဲလှယ်ကြရန် နှင့် ရွှေ့ပြောင်းလုပ်သားဆိုင်ရာ သိသင့်သည်များနှင့် အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပေးထားကြောင်း သိရသည်။

ဓာတ်ပုံ - လူကုန်တား

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~