ကယားျပည္နယ္အတြင္း အစုအဖြဲ႕ပိုင္ သစ္ေတာမ်ား ေလွ်ာက္ထားၾကရန္ ျပည္နယ္အစိုးရတုိက္တြန္း

ကယားျပည္နယ္အတြင္း အစုအဖြဲ႕ပိုင္ သစ္ေတာမ်ား ေလွ်ာက္ထားၾကရန္ ျပည္နယ္အစိုးရတုိက္တြန္း
ဇွန် 24, 2017
By Tachileik News Agency

ကယားျပည္နယ္မွ ေဒသခံမ်ား အေနျဖင့္ တစ္ႏိုင္တစ္ပိုင္ သစ္အသုံးျပဳသူမ်ားအတြက္ အစုအဖြဲ႕ပိုင္ သစ္ေတာမ်ား ေလွ်ာက္ထားစိုက္ပ်ိဳးၾကရန္ ကယားျပည္နယ္အစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္က တုိက္တြန္းလိုက္သည္။

“ေဒသခံေတြက စိတ္ဝင္စားလားဆို စိတ္ေတာ့ဝင္စားတယ္ ။ လုပ္ခ်င္ၾကေပမယ့္ သူတို႔ဝမ္းစာကလည္း ခက္ခဲေနေတာ့ ဒီဖက္ကို အာရုံမစိုက္ႏိုင္ၾကဘူး။ ကၽြန္ေတာ္တို႕ဖိတ္ေခၚတယ္။ သင္တန္းေတြလည္း ေခၚတယ္။ မလာႏိုင္ၾကဘူး။ အဲဒီလိုျဖစ္ေနတာ ”ဟု သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ျပည္နယ္တြင္း သစ္ေတာျပဳန္းတီးလာမႈေၾကာင့္ သစ္ေတာမ်ားအား ျပန္လည္ထိန္းသိမ္းျခင္းႏွင့္ စနစ္တက်ထုတ္ယူသုံးစြဲျခင္းကို တစ္ၿပိဳင္တည္း ျပဳလုပ္ႏိုင္မည့္ ေဒသခံျပည္သူအစုအဖြဲ႕ပိုင္ သစ္ေတာမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ အေကာင္အထည္ေဖာ္ရန္ ျပင္ဆင္ေနေၾကာင္း ျပည္နယ္ဝန္ႀကီးက ေျပာသည္။

“ကၽြန္ေတာ္တို႔ အဲဒီလို အစုအဖြဲ႕ပိုင္သစ္ေတာေတြ လုပ္ေပးတာ ေကာင္းတယ္ေလ။ အရင္လုပ္ထားတာ ရွိတယ္။ ဒါေပမယ့္ စနစ္မက်ေတာ့ဘူး။ ျပန္လုပ္ရမယ္။ ကၽြန္ေတာ္တို႕ ကယားလူမ်ိဳးေတြက တံခြန္တိုင္ ကိုးကြယ္ၾကတယ္။ အခုဆို သစ္ရွားလာၿပီး တံခြန္တိုင္ပြဲေရာက္တဲ့အခ်ိန္ဆို သစ္ရွာရခက္တာေပါ့။ အခုလို ထိန္းသိမ္းမယ္ဆို ရုိးရာပြဲေတာ္အတြက္ပါ မပူရေတာ့ဘူးေပါ့ ”ဟု ဒီးေမာ့ဆိုၿမိဳ႕နယ္ လားလဲေက်းရြာမွ ဦးေဆာ္ရယ္က ေျပာသည္။

အစုအဖြဲ႕ပိုင္သစ္ေတာမ်ား ထူေထာင္ထားျခင္းျဖင့္ သက္ဆိုင္ရာ ေက်းရြာပိုင္သစ္ေတာဧရိယာအတြင္းမွ သစ္ႏွင့္ သစ္ေတာထြက္ပစၥည္းမ်ားအား ေဒသခံမ်ားအေနျဖင့္ အခြန္ကင္းလြတ္ခြင့္ျဖင့္ ထုတ္ယူသံုးစြဲႏုိင္မည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်မှ ဒေသခံများ အနဖြေင့် တစ်နိုင်တစ်ပိုင် သစ်အသုံးပြုသူများအတွက် အစုအဖွဲ့ပိုင် သစ်တောများ လျှောက်ထားစိုက်ပျိုးကြရန် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က တိုက်တွန်းလိုက်သည်။

“ဒေသခံတွေက စိတ်ဝင်စားလားဆို စိတ်တော့ဝင်စားတယ်။ လုပ်ချင်ကြပေမယ့် သူတို့ဝမ်းစာကလည်း ခက်ခဲနေတော့ ဒီဖက်ကို အာရုံမစိုက်နိုင်ကြဘူး။ ကျွန်တော်တို့ဖိတ်ခေါ်တယ်။ သင်တန်းတွေလည်း ခေါ်တယ်။ မလာနိုင်ကြဘူး။ အဲဒီလိုဖြစ်နေတာ ”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ပြည်နယ်တွင်း သစ်တောပြုန်းတီးလာမှုကြောင့် သစ်တောများအား ပြန်လည်ထိန်းသိမ်းခြင်းနှင့် စနစ်တကျထုတ်ယူသုံးစွဲခြင်းကို တစ်ပြိုင်တည်း ပြုလုပ်နိုင်မည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရန် ပြင်ဆင်နေကြောင်း ပြည်နယ်ဝန်ကြီးက ပြောသည်။

“ကျွန်တော်တို့ အဲဒီလို အစုအဖွဲ့ပိုင်သစ်တောတွေ လုပ်ပေးတာ ကောင်းတယ်လေ။ အရင်လုပ်ထားတာ ရှိတယ်။ ဒါပေမယ့် စနစ်မကျတော့ဘူး။ ပြန်လုပ်ရမယ်။ ကျွန်တော်တို့ ကယားလူမျိုးတွေက တံခွန်တိုင် ကိုးကွယ်ကြတယ်။ အခုဆို သစ်ရှားလာပြီး တံခွန်တိုင်ပွဲရောက်တဲ့အချိန်ဆို သစ်ရှာရခက်တာပေါ့။ အခုလို ထိန်းသိမ်းမယ်ဆို ရိုးရာပွဲတော်အတွက်ပါ မပူရတော့ဘူးပေါ့ ”ဟု ဒီးမော့ဆိုမြို့နယ် လားလဲကျေးရွာမှ ဦးဆော်ရယ်က ပြောသည်။

အစုအဖွဲ့ပိုင်သစ်တောများ ထူထောင်ထားခြင်းဖြင့် သက်ဆိုင်ရာ ကျေးရွာပိုင်သစ်တောဧရိယာအတွင်းမှ သစ်နှင့် သစ်တောထွက်ပစ္စည်းများအား ဒေသခံများအနဖြေင့် အခွန်ကင်းလွတ်ခွင့်ဖြင့် ထုတ်ယူသုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~