ခရိုင္ ကညနရံုး စိုက္သည့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း လိုင္စင္မဲ့ဆိုင္ကယ္ မွတ္ပံုတင္ျပဳလုပ္မႈ နည္းပါး

ခရိုင္ ကညနရံုး စိုက္သည့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း လိုင္စင္မဲ့ဆိုင္ကယ္ မွတ္ပံုတင္ျပဳလုပ္မႈ နည္းပါး
ဇွန် 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကုန္းလမ္းပို႔ေဆာင္ေရးဦးစီးဌာန ခရိုင္ရံုးစိုက္ရာ ေက်ာက္မဲၿမိဳ႕တြင္ လိိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ယာဥ္မွတ္ပံုတင္လုပ္ေဆာင္သူ နည္းလြန္းေနၿပီး သံုးလအတြင္း လုိင္စင္မဲ့ ဆုိင္ကယ္အစီးေရ (၄၁)စီးသာ မွတ္ပံုတင္ထားေၾကာင္း သိရသည္။

“ေက်ာက္မဲၿမိဳ႕နယ္အတြင္းမွာ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္ေတြကို မွတ္ပံုတင္ဖို႔လာလုပ္တာ ေတာ္ေတာ္ နည္းေနတာကိုေတြ႔ရတယ္။ ၂၀၁၇ ခုႏွစ္ မတ္လကေနစၿပီး အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္းမွာ လုပ္ေပးေနတာ အခု ဇြန္လအထိ (၄၁)စီးပဲရွိေသးတယ္။ တျခားၿမိဳ႕နယ္ေတြထက္စာရင္ လာလုပ္တဲ့သူ ေတာ္ေတာ္ နည္းတယ္”ဟု ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန ( ခရိုင္ရံုး)မွ ခရိုင္ဦးစီးအရာရွိ ဦးဝင္းႏိုင္က တာခီ်လိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ဆိုင္ကယ္မ်ားအား ေဒသမွတ္ပံုတင္ထုတ္ေပးျခင္းကို မတ္လကတည္းက အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း လုပ္ေဆာင္ေပးေနေသာ္လည္း ေက်ာက္မဲၿမိဳ႕တြင္ ဇြန္လအထိ ေမာ္ေတာ္ဆိုင္ကယ္ (၄၁)စီးသာ မွတ္ပံုတင္ျပဳလုပ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ မိုးမိတ္ၿမိဳ႕နယ္ထဲမွာ ၿပီးခဲ့တဲ့ ေမလ ( ၁၅)ရက္ေန႔ကေန (၁၈) ရက္ေန႔အထိ (၄) ရက္တာကာလ သြားေရာက္လုပ္ေဆာင္ေပးတဲ့အခါမွာ အဲဒီ(၄)ရက္အတြင္း လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္ (၅၃)စီး လာေရာက္ၿပီး မွတ္ပံုတင္ၾကတာကိုေတ႔ြရတယ္”ဟု ေက်ာက္မဲခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာန ခရိုင္ဦးစီးအရာရွိ ဦးဝင္းႏိုင္က ေျပာသည္။

လိုင္စင္မဲ့ ဆုိင္ကယ္အသံုးျပဳမႈမ်ားသည့္ ေက်ာက္မဲၿမိဳ႕နယ္အတြင္း ယာဥ္မွတ္ပံုတင္ ျပဳလုပ္မႈနည္းသည့့္အျပင္ ယာဥ္မွတ္ပံုတင္ျပဳလုပ္သူအမ်ားစုကလည္း တစ္ဆင့္ခံပြဲစားမ်ားျဖင့္ လာေရာက္ျပဳလုပ္ေနေၾကာင္း သိရသည္။

“လိုင္စင္ပါတဲ့ဆိုင္ကယ္ကိုစီးရင္ေတာ့ မေတာ္တဆမႈေတြ ဘာေတြျဖစ္ရင္ အမႈအခင္းျဖစ္တဲ့အခါ ကိုယ့္ဖက္က သက္သာတာေပ့ါေနာ္။ လိုင္စင္လုပ္ၿပီး စီးၾကေစခ်င္ပါတယ္” ဟု ေက်ာက္မဲၿမိဳ႕မွ ပညာေရးဝန္ထမ္း အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္အတြင္း လိုင္စင္မဲ့ဆိုင္ကယ္မ်ားအား ယာဥ္လိုင္စင္ျပဳလုပ္ေပးျခင္းကို ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန ၊ေက်ာက္မဲခရိုင္ရံုးတြင္ ဇြန္လအတြင္း (၁၄)ရက္၊ (၂၁)ရက္ႏွင့္ (၂၈)ရက္ေန႔မ်ားတြင္ လုပ္ေဆာင္ႏုိင္ေၾကာင္း သိရသည္။

လိုင္စင္မဲ့ဆိုင္ကယ္မ်ား ယာဥ္မွတ္ပံုတင္ျပဳလုပ္ရာတြင္ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ သတ္မွတ္ထားသည့္ လိုင္စင္အတြက္ ကုန္က်စရိတ္အျပင္ လိုင္စင္မဲ့မ်ားျဖစ္သည့္ အတြက္ အေကာက္ခြန္ဦးစီးဌာနသို႔ သတ္မွတ္ဒဏ္ေၾကး ေပးသြင္းရန္လည္း လုိအပ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ဆုိင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးျခင္းကို ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနရံုးမ်ားတြင္ အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္း တစ္ေနရာထဲတြင္ အၿပီးအစီး (one stop service) လုပ္ေဆာင္ေပးေနျခင္းျဖစ္ၿပီး ဆိုင္ကယ္အမ်ိဳးအစားနွင့္ ထုတ္လုပ္သည့္ခုႏွစ္အလိုက္ အေကာက္ခြန္ ဦးစီးဌာနမွ စည္းၾကပ္သည့္ သတ္မွတ္ဒဏ္ေၾကးမ်ားကိုလည္း ထုတ္ျပန္ေပးထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန ခရိုင်ရုံးစိုက်ရာ ကျောက်မဲမြို့တွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ယာဉ်မှတ်ပုံတင်လုပ်ဆောင်သူ နည်းလွန်းနပြေီး သုံးလအတွင်း လိုင်စင်မဲ့ ဆိုင်ကယ်အစီးရေ (၄၁)စီးသာ မှတ်ပုံတင်ထားကြောင်း သိရသည်။

“ကျောက်မဲမြို့နယ်အတွင်းမှာ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို မှတ်ပုံတင်ဖို့လာလုပ်တာ တော်တော် နည်းနေတာကိုတွေ့ရတယ်။ ၂၀၁၇ ခုနှစ် မတ်လကနေစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ လုပ်ပေးနေတာ အခု ဇွန်လအထိ (၄၁)စီးပဲရှိသေးတယ်။ တခြားမြို့နယ်တွေထက်စာရင် လာလုပ်တဲ့သူ တော်တော် နည်းတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ( ခရိုင်ရုံး)မှ ခရိုင်ဦးစီးအရာရှိ ဦးဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသမှတ်ပုံတင်ထုတ်ပေးခြင်းကို မတ်လကတည်းက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လုပ်ဆောင်ပေးနေသော်လည်း ကျောက်မဲမြို့တွင် ဇွန်လအထိ မော်တော်ဆိုင်ကယ် (၄၁)စီးသာ မှတ်ပုံတင်ပြုလုပ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မိုးမိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလ ( ၁၅)ရက်နေ့ကနေ (၁၈) ရက်နေ့အထိ (၄) ရက်တာကာလ သွားရောက်လုပ်ဆောင်ပေးတဲ့အခါမှာ အဲဒီ(၄)ရက်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် (၅၃)စီး လာရောက်ပြီး မှတ်ပုံတင်ကြတာကိုတွေ့ရတယ်”ဟု ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးဝင်းနိုင်က ပြောသည်။

လိုင်စင်မဲ့ ဆိုင်ကယ်အသုံးပြုမှုများသည့် ကျောက်မဲမြို့နယ်အတွင်း ယာဉ်မှတ်ပုံတင် ပြုလုပ်မှုနည်းသည့်အပြင် ယာဉ်မှတ်ပုံတင်ပြုလုပ်သူအများစုကလည်း တစ်ဆင့်ခံပွဲစားများဖြင့် လာရောက်ပြုလုပ်နေကြောင်း သိရသည်။

“လိုင်စင်ပါတဲ့ဆိုင်ကယ်ကိုစီးရင်တော့ မတော်တဆမှုတွေ ဘာတွဖြေစ်ရင် အမှုအခင်းဖြစ်တဲ့အခါ ကိုယ့်ဖက်က သက်သာတာပေါ့နော်။ လိုင်စင်လုပ်ပြီး စီးကြစေချင်ပါတယ်” ဟု ကျောက်မဲမြို့မှ ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ကျောက်မဲခရိုင်ရုံးတွင် ဇွန်လအတွင်း (၁၄)ရက်၊ (၂၁)ရက်နှင့် (၂၈)ရက်နေ့များတွင် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

လိုင်စင်မဲ့ဆိုင်ကယ်များ ယာဉ်မှတ်ပုံတင်ပြုလုပ်ရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ထားသည့် လိုင်စင်အတွက် ကုန်ကျစရိတ်အပြင် လိုင်စင်မဲ့များဖြစ်သည့် အတွက် အကောက်ခွန်ဦးစီးဌာနသို့ သတ်မှတ်ဒဏ်ကြေး ပေးသွင်းရန်လည်း လိုအပ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တစ်နေရာထဲတွင် အပြီးအစီး (one stop service) လုပ်ဆောင်ပေးနခြေင်းဖြစ်ပြီး ဆိုင်ကယ်အမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ်အလိုက် အကောက်ခွန် ဦးစီးဌာနမှ စည်းကြပ်သည့် သတ်မှတ်ဒဏ်ကြေးများကိုလည်း ထုတ်ပြန်ပေးထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~