ကယားျပည္နယ္အစိုးရႏွင့္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီတို႔ လစဥ္ေတြ႕ဆံုမည္

ကယားျပည္နယ္အစိုးရႏွင့္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီတို႔ လစဥ္ေတြ႕ဆံုမည္
ဇွန် 7, 2017
By Tachileik News Agency

ကယားျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP )တို႔ၾကား လစဥ္ေတြ႔ဆံု ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ၿပီး KNPP အေနျဖင့္ ယခင္က ခ်ဳပ္ဆိုထားသည့္ အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ အတိုင္း ဆက္လက္ ထိန္းသိမ္းသြားရန္ ျပည္နယ္အစိုးရႏွင့္ KNPP တို႔ ေဆြးေႏြး ညိႇႏိႈင္းထားေၾကာင္း သိရသည္။

ျပည္နယ္အစုိးရအဖြဲ႕ႏွင့္ KNPP တို႔ ဇြန္လ (၆) ရက္ေန႔ ညေနပိုင္းတြင္ ေတြ႕ဆုံခဲ့ၾကၿပီး အဆိုပါ ေဆြးေႏြးပြဲ မတိုင္မီက ျပည္နယ္အစိုးရသစ္ႏွင့္ KNPPတို႔ အၾကား အလြတ္သေဘာ သုံးႀကိမ္ထက္ မနည္း ေတြ႕ဆုံခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယခင္က ျပည္ေထာင္စုအဆင့္ အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္အထိ လက္မွတ္ေရးထိုးခဲ့သည့္ KNPP သည္ လက္ရိွတြင္ NCA လက္မွတ္ေရးထိုးထားျခင္း မရွိေသးေသာ္လည္း ေရရွည္တည္တံ႔ေသာ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈကို ဆက္လက္ လုပ္ေဆာင္သြားမည့္အစီအစဥ္မ်ားအား ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ညိႇႏိႈင္း ေဆြးေႏြးျခင္းျဖစ္ေၾကာင္း ျပည္နယ္အစုိးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ဦးတီရယ္က ေျပာသည္။

“အဓိကေတြ႕တာက KNPP အေနနဲ႔က ဒီ NCA လည္း မထိုးရေသးဘူးေပါ့။ အရင္အစိုးရ လက္ထက္မွာ ခ်ဳပ္ခဲ့တဲ့ စာခ်ဳပ္ေတြေတာ့ရွိတယ္။ ဒီအစိုးရ သစ္လက္ထက္မွာ ဘာဆက္လုပ္ၾကမလဲေပါ့။ သူတို႔က လာေတြ႕ဆုံတာေပါ့။ ဒီအစိုးရသစ္နဲ႔ စာခ်ဳပ္အသစ္ခ်ဳပ္ရမလား။ အေဟာင္းနဲ႔ပဲ ေနရမလားဆိုတာ ညိႇၾကတာေပါ့။ အေျဖကေတာ့ တစ္လတစ္ခါ ရင္းရင္းႏွီးႏွီး ေတြ႕ၾကမယ္ေပါ့။ စာခ်ဳပ္ထဲက စည္းကမ္းေတြ အတိုင္းေပါ့။ ဒါပဲေဆြးေႏြး ျဖစ္တာပါ ”ဟု ျပည္နယ္အစုိးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေတြ႕ဆုံပြဲသို႔ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေဆာင္ေသာ ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ KNPP မွ အေထြေထြအတြင္းေရးမွဴး ဦးေရႊမ်ိဳးသန္႔ ဦးေဆာင္ေသာအဖြဲ႕တို႔ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

KNPP အေနႏွင့္ ၂၀၁၂ ခုႏွစ္တြင္ ျပည္နယ္အဆင့္ ေတြ႕ဆုံေဆြးေႏြးမႈႏွစ္ႀကိမ္ႏွင့္ ၂၀၁၃ ခုႏွစ္တြင္ ျပည္ေထာင္စုအဆင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့ၿပီး ျပည္ေထာင္စုအဆင့္ အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္မ်ား ခ်ဳပ္ဆိုထားသည့္အတိုင္း လက္ရိွတြင္လည္း ၿငိမ္းခ်မ္းေရး ဆက္လက္ လုပ္ေဆာင္ရန္ ေဆြးေႏြးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP )တို့ကြား လစဉ်တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ပြီး KNPP အနဖြေင့် ယခင်က ချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေး စာချုပ် အတိုင်း ဆက်လက် ထိန်းသိမ်းသွားရန် ပြည်နယ်အစိုးရနှင့် KNPP တို့ ဆွေးနွေး ညှိနှိုင်းထားကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့နှင့် KNPP တို့ ဇွန်လ (၆) ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲ မတိုင်မီက ပြည်နယ်အစိုးရသစ်နှင့် KNPPတို့ အကြား အလွတ်သဘော သုံးကြိမ်ထက် မနည်း တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ်အထိ လက်မှတ်ရေးထိုးခဲ့သည့် KNPP သည် လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို ဆက်လက် လုပ်ဆောင်သွားမည့်အစီအစဉ်များအား ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတီရယ်က ပြောသည်။

“အဓိကတွေ့တာက KNPP အနေနဲ့က ဒီ NCA လည်း မထိုးရသေးဘူးပေါ့။ အရင်အစိုးရ လက်ထက်မှာချုပ်ခဲ့တဲ့ စာချုပ်တွေတော့ရှိတယ်။ ဒီအစိုးရ သစ်လက်ထက်မှာ ဘာဆက်လုပ်ကြမလဲပေါ့။ သူတို့က လာတွေ့ဆုံတာပေါ့။ ဒီအစိုးရသစ်နဲ့ စာချုပ်အသစ်ချုပ်ရမလား။ အဟောင်းနဲ့ပဲ နေရမလားဆိုတာ ညှိကြတာပေါ့။ အဖြေကတော့ တစ်လတစ်ခါ ရင်းရင်းနှီးနှီး တွေ့ကြမယ်ပေါ့။ စာချုပ်ထဲက စည်းကမ်းတွေ အတိုင်းပေါ့။ ဒါပဲဆွေးနွေး ဖြစ်တာပါ ”ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့နှင့် KNPP မှ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

KNPP အနေနှင့် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးမှုနှစ်ကြိမ်နှင့် ၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုထားသည့်အတိုင်း လက်ရှိတွင်လည်း ငြိမ်းချမ်းရေး ဆက်လက် လုပ်ဆောင်ရန် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~