ေက်ာက္မဲၿမိဳ႕ဗဟိုေစ်းေကာ္မတီဝင္မ်ားအား တစ္ရက္လွ်င္ ေစ်းရံုႏွစ္ရံုႏႈန္းျဖင့္ ေရြးခ်ယ္ေန

ေက်ာက္မဲၿမိဳ႕ဗဟိုေစ်းေကာ္မတီဝင္မ်ားအား တစ္ရက္လွ်င္ ေစ်းရံုႏွစ္ရံုႏႈန္းျဖင့္ ေရြးခ်ယ္ေန
ဇွန် 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ ဗဟိုေစ်းေကာ္မတီဝင္အသစ္မ်ား ေရြးခ်ယ္ေနရာ ဇြန္လ(၁၃)ရက္ေန႔တြင္ ဗဟိုေစ်း ေျမာက္ဘက္ႏွင့္ အေနာက္ဘက္ရွိ ေစ်းရံုႏွင့္ ဆိုင္ခန္းမ်ားအတြက္ ကိုယ္စားလွယ္ ႏွစ္ဦးအား ေရြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ ဗဟိုေစ်းေကာ္မတီဝင္ေရြးခ်ယ္မႈကို ဇြန္လ (၁၂) ရက္ေန႔မွ စတင္၍ ဇြန္လ (၂၁)ရက္ေန႔အထိ တစ္ရက္လွ်င္ ေစ်းရံုႏွစ္ရံုႏႈန္းျဖင့္ ဆႏၵမဲေကာက္ခံေရြးခ်ယ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“မဲလက္မွတ္ေတြကိုေတာ့ ေန႔လယ္ (၁)နာရီေလာက္မွာ ေဝထားၿပီး ဆႏၵမဲေပးခိုင္းပါတယ္။ (၂)နာရီေလာက္မွာ ျပန္လိုက္သိမ္းၿပီးေတာ့ မဲရရွိမႈေတြကို ပြင့္လင္းျမင္သာစြာ ေရတြက္ ေကာက္ယူတာ ျဖစ္ပါတယ္။ ကိုယ္စားလွယ္ေတြရဲ့ သက္တမ္းကိုေတာ့ လႊတ္ေတာ္သက္တမ္း(ငါးႏွစ္)အတိုင္း သတ္မွတ္ထားပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရး ဌာနမွ လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက ေျပာသည္။

ဗဟိုေစ်းေတာင္ဘက္ တိုက္တန္းႏွင့္ အေပၚထပ္ရံု ကိုယ္စားလွယ္အျဖစ္ ဦးလွထြန္းအား လည္းေကာင္း၊ ဗဟိိုေစ်း အေရွ႕ဘက္တိုက္တန္းႏွင့္ အေပၚထပ္ရံု ကုိယ္စားလွယ္အျဖစ္ ေဒၚနန္းေရႊေအာင္အား လည္းေကာင္း ဇြန္လ (၁၂)ရက္ေန႔က ဆႏၵမဲေပးေရြးခ်ယ္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ဗဟိုဈေးကော်မတီဝင်အသစ်များ ရွေးချယ်နေရာ ဇွန်လ(၁၃)ရက်နေ့တွင် ဗဟိုဈေး မြောက်ဘက်နှင့် အနောက်ဘက်ရှိ ဈေးရုံနှင့် ဆိုင်ခန်းများအတွက် ကိုယ်စားလှယ် နှစ်ဦးအား ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ ဗဟိုဈေးကော်မတီဝင်ရွေးချယ်မှုကို ဇွန်လ (၁၂) ရက်နေ့မှ စတင်၍ ဇွန်လ (၂၁)ရက်နေ့အထိ တစ်ရက်လျှင် ဈေးရုံနှစ်ရုံနှုန်းဖြင့် ဆန္ဒမဲကောက်ခံရွေးချယ်နခြေင်းဖြစ်ကြောင်း သိရသည်။

“မဲလက်မှတ်တွေကိုတော့ နေ့လယ် (၁)နာရီလောက်မှာ ဝေထားပြီး ဆန္ဒမဲပေးခိုင်းပါတယ်။ (၂)နာရီလောက်မှာ ပြန်လိုက်သိမ်းပြီးတော့ မဲရရှိမှုတွေကို ပွင့်လင်းမြင်သာစွာ ရေတွက် ကောက်ယူတာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေရဲ့ သက်တမ်းကိုတော့ လွှတ်တော်သက်တမ်း(ငါးနှစ်)အတိုင်း သတ်မှတ်ထားပါတယ်”ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက ပြောသည်။

ဗဟိုဈေးတောင်ဘက် တိုက်တန်းနှင့် အပေါ်ထပ်ရုံ ကိုယ်စားလှယ်အဖြစ် ဦးလှထွန်းအား လည်းကောင်း၊ ဗဟိုဈေး အရှေ့ဘက်တိုက်တန်းနှင့် အပေါ်ထပ်ရုံ ကိုယ်စားလှယ်အဖြစ် ဒေါ်နန်းရွှေအောင်အား လည်းကောင်း ဇွန်လ (၁၂)ရက်နေ့က ဆန္ဒမဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~