က်ိဳင္းတံုၿမိဳ႕ ရြာဘုရားပြဲေစ်းဆုိင္တြင္း ဓါးပုဆိန္တို႔ျဖင့္ ဝင္ခုတ္သည့္ လူငယ္ ၆ ဦးအား ဖမ္းဆီးထား

က်ိဳင္းတံုၿမိဳ႕ ရြာဘုရားပြဲေစ်းဆုိင္တြင္း ဓါးပုဆိန္တို႔ျဖင့္ ဝင္ခုတ္သည့္ လူငယ္ ၆ ဦးအား ဖမ္းဆီးထား
ဇွန် 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕နယ္၊ ဝမ္ေဆာင္းအုပ္စု၊ ေနာင္မရြာဘုရားပြဲတြင္ ဇြန္လ(၉)ရက္ေန႔က ပြဲေစ်းဆိုင္တစ္ခုအတြင္း ဝင္ေရာက္ၿပီး ဓါးပုဆိန္တို႔ျဖင့္ ခုတ္သည္ဟု ဇြန္လ (၁၀)ရက္ေန႔တြင္ အမႈဖြင့္ခံရသူ (၆) ဦးအား စစ္ေဆးႏုိင္ရန္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးထားေၾကာင္း သိရသည္။

ဝမ္ေဆာင္းအုပ္စုရိွ ေနာင္မရြာဘုရားပြဲတြင္ ဇြန္လ (၉)ရက္ေန႔ ည (၆)နာရီခန္႔က ဦးစိုင္းလုံတြီဆိုသူ ေစ်းေရာင္းေနစဥ္ ၎၏တူျဖစ္သူ စိုင္းလုံတြီ (ဦးေလးႏွင့္အမည္တူ)ေရာက္ရိွလာၿပီး ၎အား ရပ္ကြက္(၃)တြင္ ေနထိုင္သည့္ အိုက္ထြန္း အပါအဝင္ လူငယ္(၃)ဦးမွ ၀ိုင္း၀န္းထိုးႀကိတ္ေၾကာင္းေျပာျပေနစဥ္ လူငယ္(၃)ဦး ဆိုင္သို႔ လိုက္လာသျဖင့္ ဦးေလးျဖစ္သူ စိုင္းလံုတြီက အဆိုပါလူငယ္မ်ားအား ၎၏တူျဖစ္သူအား ဝိုင္းဝန္းထိုးႀကိတ္သည့္ အေၾကာင္းရင္းကိုေမးရာ ျပန္လွည့္သြားၾကသည္ဟု ဆိုသည္။

ယင္းေနာက္ တူျဖစ္သူအား အိမ္ျပန္လႊတ္လိုက္ၿပီး ေစ်းဆိုင္၌ တစ္ဦးတည္းက်န္ေနစဥ္ အိုက္ထြန္း အပါအ၀င္ လူငယ္(၆)ဦးက ဆိုင္ကယ္(၆)စီးျဖင့္ေရာက္လာကာ စိုင္းလံုတီြ၏ ဦးေလးျဖစ္သူ ဦးစိုင္းလုံတြီအား ေအာ္ဟစ္ဆဲဆိုကာ ဓား၊ပုဆိန္မ်ားျဖင့္ ခုတ္ကာ ဝိုင္း၀န္းထိုးႀကိတ္ခဲ့ၾကသျဖင့္ ဦးစိုင္းလုံတြီ၏ ဦးေခါင္းထိပ္၊ ယာလက္ေမာင္း၊ ၀ဲဘက္ပုခုံးတို႔တြင္ ဒဏ္ရာမ်ားရရိွသြားကာ က်ိဳင္းတုံေဆးရုံႀကီးတြင္ ေဆးကုသမႈခံယူခဲ့ရျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖၚျပထားသည္။

အဆိုပါ လူငယ္(၆)ဦးအား အေရးယူေပးပါရန္ ဇြန္လ (၁၀)ရက္ေန႔ နံနက္ (၁၁)နာရီခြဲခန္႔တြင္ က်ိဳင္းတုံၿမိဳ႕မ ရဲစခန္းသို႔ လာေရာက္ တိုင္တန္းသျဖင့္ အဆိုပါ လူငယ္မ်ားအား ဖမ္းဆီးရမိရန္ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လူငယ္ (၆)ဦးအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) ၉၉/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၂၆/၁၁၄ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ဝမ်ဆောင်းအုပ်စု၊ နောင်မရွာဘုရားပွဲတွင် ဇွန်လ(၉)ရက်နေ့က ပွဲဈေးဆိုင်တစ်ခုအတွင်း ဝင်ရောက်ပြီး ဓားပုဆိန်တို့ဖြင့် ခုတ်သည်ဟု ဇွန်လ (၁၀)ရက်နေ့တွင် အမှုဖွင့်ခံရသူ (၆) ဦးအား စစ်ဆေးနိုင်ရန် ကျိုင်းတုံမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ဝမ်ဆောင်းအုပ်စုရှိ နောင်မရွာဘုရားပွဲတွင် ဇွန်လ (၉)ရက်နေ့ ည (၆)နာရီခန့်က ဦးစိုင်းလုံတွီဆိုသူ ဈေးရောင်းနေစဉ်၎င်း၏တူဖြစ်သူ စိုင်းလုံတွီ (ဦးလေးနှင့်အမည်တူ)ရောက်ရှိလာပြီး၎င်းအား ရပ်ကွက်(၃)တွင် နေထိုင်သည့် အိုက်ထွန်း အပါအဝင် လူငယ်(၃)ဦးမှ ဝိုင်းဝန်းထိုးကြိတ်ကြောင်းပြောပြနေစဉ် လူငယ်(၃)ဦး ဆိုင်သို့ လိုက်လာသဖြင့် ဦးလေးဖြစ်သူ စိုင်းလုံတွီက အဆိုပါလူငယ်များအား၎င်း၏တူဖြစ်သူအား ဝိုင်းဝန်းထိုးကြိတ်သည့် အကြောင်းရင်းကိုမေးရာ ပြန်လှည့်သွားကြသည်ဟု ဆိုသည်။

ယင်းနောက် တူဖြစ်သူအား အိမ်ပြန်လွှတ်လိုက်ပြီး ဈေးဆိုင်၌ တစ်ဦးတည်းကျန်နေစဉ် အိုက်ထွန်း အပါအဝင် လူငယ်(၆)ဦးက ဆိုင်ကယ်(၆)စီးဖြင့်ရောက်လာကာ စိုင်းလုံတွီ၏ ဦးလေးဖြစ်သူ ဦးစိုင်းလုံတွီအား အော်ဟစ်ဆဲဆိုကာ ဓား၊ပုဆိန်များဖြင့် ခုတ်ကာ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသဖြင့် ဦးစိုင်းလုံတွီ၏ ဦးခေါင်းထိပ်၊ ယာလက်မောင်း၊ ဝဲဘက်ပုခုံးတို့တွင် ဒဏ်ရာများရရှိသွားကာ ကျိုင်းတုံဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ လူငယ်(၆)ဦးအား အရေးယူပေးပါရန် ဇွန်လ (၁၀)ရက်နေ့ နံနက် (၁၁)နာရီခွဲခန့်တွင် ကျိုင်းတုံမြို့မ ရဲစခန်းသို့ လာရောက် တိုင်တန်းသဖြင့် အဆိုပါ လူငယ်များအား ဖမ်းဆီးရမိရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူငယ် (၆)ဦးအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၉၉/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~