တာခ်ီလိတ္ၿမိဳ႕ရွိ အပိုင္း (စ်)ကြက္သစ္ေပၚ က်ဴးေက်ာ္ေနထိုင္သူမ်ားႏွင့္ ၿခံခတ္ထားသူမ်ား စာရင္းအား ပူးေပါင္းအဖြဲ႔ျဖင့္ စာရင္းေကာက္ယူ

တာခ်ီလိတ္ၿမိဳ႕ရွိ အပိုင္း (စ်)ကြက္သစ္ေပၚ က်ဴးေက်ာ္ေနထိုင္သူမ်ားႏွင့္ ၿခံခတ္ထားသူမ်ား စာရင္းအား ပူးေပါင္းအဖြဲ႔ျဖင့္ စာရင္းေကာက္ယူ
ဇွန် 21, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ၀မ္မိုင္ရြာအနီး၊ တာေ၀မီးစက္ေဟာင္းေရွ႕လမ္းၾကားရွိ အပိုင္း(စ်)ေျမယာကြက္သစ္ေပၚတြင္ က်ဴးေက်ာ္ေနထိုင္သူမ်ားႏွင့္ ၿခံခတ္ထားသူမ်ား၏ စာရင္းမ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ ဇြန္လ(၂၁)ရက္ေန႔ နံနက္(၉း၁၅)နာရီက စ၍  ေကာက္ယူေနလ်က္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ ၿမိဳ႕နယ္လ၀က၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ ေျမစာရင္း ႏွင့္ ဆန္ဆိုင္း(ခ)ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးအဖြဲ႔တို႔ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က သြားေရာက္၍ စာရင္းေကာက္ယူျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေျမယာကြက္သစ္အတြင္း က်ဴးေက်ာ္၀င္ေရာက္ေနထိုင္သူမ်ားႏွင့္ပတ္သက္၍ ကနဦး သတိေပး ဆိုင္းဘုတ္မ်ားကို ဇြန္လ(၁၈)ရက္ေန႔က စိုက္ထူခဲ့ၿပီးေနာက္ ယေန႔ ဇြန္လ(၂၁)ရက္ေန႔တြင္ က်ဴးေက်ာ္စာရင္းမ်ားအား လိုက္လံ ေကာက္ယူၿပီး၊ ဆက္လက္၍ ႏို႔တစ္စာမ်ားေပးပို႔ျခင္းအျပင္ သတ္မွတ္ကာလေက်ာ္လြန္သြားပါက က်ဴးေက်ာ္ေနထိုင္သူမ်ားအား ဥပေဒအရ အေရးယူေဆာင္ရြက္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံက သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာအနီး၊ တောဝမီးစက်ဟောင်းရှေ့လမ်းကြားရှိ အပိုင်း(ဈ)မြေယာကွက်သစ်ပေါ်တွင် ကျူးကျော်နေထိုင်သူများနှင့် ခြံခတ်ထားသူများ၏ စာရင်းများကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဇွန်လ(၂၁)ရက်နေ့ နံနက်(၉း၁၅)နာရီက စ၍ ကောက်ယူနေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြေစာရင်း နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်၍ စာရင်းကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေယာကွက်သစ်အတွင်း ကျူးကျော်ဝင်ရောက်နေထိုင်သူများနှင့်ပတ်သက်၍ ကနဦး သတိပေး ဆိုင်းဘုတ်များကို ဇွန်လ(၁၈)ရက်နေ့က စိုက်ထူခဲ့ပြီးနောက် ယနေ့ ဇွန်လ(၂၁)ရက်နေ့တွင် ကျူးကျော်စာရင်းများအား လိုက်လံ ကောက်ယူပြီး၊ ဆက်လက်၍ နို့တစ်စာများပေးပို့ခြင်းအပြင် သတ်မှတ်ကာလကျော်လွန်သွားပါက ကျူးကျော်နေထိုင်သူများအား ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံက သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~