ကြတ္ခိုင္ၿမိဳ႕အနီးဝန္းက်င္တြင္ တိုက္ပြဲျဖစ္ေသာ္လည္း ၿမိဳ႕တြင္းအေျခအေန တည္ၿငိမ္

ကြတ္ခိုင္ၿမိဳ႕အနီးဝန္းက်င္တြင္ တိုက္ပြဲျဖစ္ေသာ္လည္း ၿမိဳ႕တြင္းအေျခအေန တည္ၿငိမ္
ဇွန် 25, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ဇြန္လ (၂၅) ရက္ေန႔ နံနက္ပိုင္းက တပ္မေတာ္ႏွင့္ လက္နက္ကိုင္တပ္ဖြဲ႔တစ္ခုတို႔ တိုက္ပြဲျဖစ္ပြားခဲ့ေသာ္လည္း ကြတ္ခိုင္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ ေအးခ်မ္းတည္ၿငိမ္ေနဆဲျဖစ္ေၾကာင္း ကြတ္ခိုင္ၿမိဳ႕အုပ္ခ်ဳပ္ေရးဌာနမွ သိရသည္။

“ဒီမနက္ ( ၅) နာရီေလာက္က တိုက္ပြဲျဖစ္တာပါ။ ကြတ္ခိုင္ကေန မူဆယ္သြားတဲ့ ျပည္ေထာင္စု လမ္းမႀကီးကေန အေနာက္ဘက္ကို (၆)မိုင္ေလာက္ ေဝးကြာတဲ့ ပန္ကူရြာေဟာင္းဘက္မွာ ျဖစ္တာပါ။ လက္နက္ႀကီးပစ္ခတ္သံ ကေတာ့ နာရီဝက္ေလာက္ ၾကားရပါတယ္။ ျဖစ္တဲ့ေနရာက ေက်းရြာ ေဒသခံေတြက တျခားေနရာမွာ အရင္ကတည္းက ေရႊ႕ေျပာင္းေနထိုင္ေနတာပါ” ဟု ကြတ္ခိုင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တိုက္ပြဲျဖစ္သည့္ေနရာမွာ ေဒသခံမ်ားစြန္႔ခြာသြားသည့္ ေက်းရြာျဖစ္၍ စစ္ေဘးေရွာင္မ်ား ထပ္တိုးေရာက္လာရန္ မရိွေၾကာင္း သိရသည္။

“မနက္အေစာပိုင္းကေတာ့ လက္နက္ႀကီးသံေတြၾကားပါတယ္။ ၿမိဳ႕ထဲမွာကေတာ့ အသြားအလာ မပ်က္ပါဘူး။ ပံုမွန္အတိုင္းပဲ”ဟု ကြတ္ခိုင္ၿမိဳ႕မွ ေဒသခံအမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္စခန္း (၃)ခုတြင္ ၂၀၁၆ ခုႏွစ္ကတည္းက တိမ္းေရွာင္ေနရသည့္ ေဒသခံမ်ားမွာ လက္ရွိအခ်ိန္ထိ ေနရပ္သို႔ မျပန္ႏိုင္ေသးဘဲရိွေနေၾကာင္း သိရသည္။

သတင္း -  ဇူးဇူးေနျခည္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း ဇွန်လ (၂၅) ရက်နေ့ နံနက်ပိုင်းက တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတို့ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ကွတ်ခိုင်မြို့နှင့်အနီးတစ်ဝိုက်တွင် အေးချမ်းတည်ငြိမ်နေဆဲဖြစ်ကြောင်း ကွတ်ခိုင်မြို့အုပ်ချုပ်ရေးဌာနမှ သိရသည်။

“ဒီမနက် ( ၅) နာရီလောက်က တိုက်ပွဲဖြစ်တာပါ။ ကွတ်ခိုင်ကနေ မူဆယ်သွားတဲ့ ပြည်ထောင်စု လမ်းမကြီးကနေ အနောက်ဘက်ကို (၆)မိုင်လောက် ဝေးကွာတဲ့ ပန်ကူရွာဟောင်းဘက်မှာ ဖြစ်တာပါ။ လက်နက်ကြီးပစ်ခတ်သံ ကတော့ နာရီဝက်လောက် ကြားရပါတယ်။ ဖြစ်တဲ့နေရာက ကျေးရွာ ဒေသခံတွေက တခြားနေရာမှာ အရင်ကတည်းက ရွှေ့ပြောင်းနေထိုင်နေတာပါ” ဟု ကွတ်ခိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တိုက်ပွဲဖြစ်သည့်နေရာမှာ ဒေသခံများစွန့်ခွာသွားသည့် ကျေးရွာဖြစ်၍ စစ်ဘေးရှောင်များ ထပ်တိုးရောက်လာရန် မရှိကြောင်း သိရသည်။

“မနက်အစောပိုင်းကတော့ လက်နက်ကြီးသံတွကြေားပါတယ်။ မြို့ထဲမှာကတော့ အသွားအလာ မပျက်ပါဘူး။ ပုံမှန်အတိုင်းပဲ”ဟု ကွတ်ခိုင်မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်း (၃)ခုတွင် ၂၀၁၆ ခုနှစ်ကတည်းက တိမ်းရှောင်နေရသည့် ဒေသခံများမှာ လက်ရှိအချိန်ထိ နေရပ်သို့ မပြန်နိုင်သေးဘဲရှိနေကြောင်း သိရသည်။

သတင်း - ဇူးဇူးနခြေည်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~