တာချီလိတ်တွင် အခမဲ့ ပို့ချပေးမည့် Coca Cola လက်လီ စီးပွားရေး ကျွမ်းကျင်မှု သင်တန်း ဒုတိယအကြိမ်အတွက် တက်ရောက်လိုသူများ အမြန်ဆုံး စာရင်းပေးသွင်းနိုင်

တာချီလိတ်တွင် အခမဲ့ ပို့ချပေးမည့် Coca Cola လက်လီ စီးပွားရေး ကျွမ်းကျင်မှု သင်တန်း ဒုတိယအကြိမ်အတွက် တက်ရောက်လိုသူများ အမြန်ဆုံး စာရင်းပေးသွင်းနိုင်
ဇှနျ 10, 2017
By Tachileik News Agency

တာချီလိတ်မြို့ရှိ တာချီလိတ်နယ်စပ် ကုန်သည်များအသင်းရုံးတွင် "Coca Cola လက်လီ စီးပွားရေး ကျွမ်းကျင်မှု သင်တန်း"အား ဇွန်လ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ အခမဲ့ ပို့ချရန် သင်တန်းသား စာရင်းများ ခေါ်ယူရာ သတ်မှတ်ထားသည့် လူဦးရေ (၂၀) ထက် ကျော်လွန်သွားပြီး (၂၆)ဦး ရှိလာ၍ သင်တန်းအား ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်သော်လည်း အဆိုပါ သင်တန်းအား တက်ရောက်လိုသူများ ကျန်ရှိနေသေးကြောင်းသိရ၍ သင်တန်းစီစဉ်သူများမှ ဇွန်လ(၁၂)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ ထပ်မံ သင်ကြားပေးနိုင်ရန် သင်တန်းသား စာရင်းများကို ခေါ်ယူနေပြီး ဇွန်လ(၁၁)ရက်နေ့ ညနေပိုင်းအချိန်ထိ လာရောက် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

နိုင်ငံပေါင်း(၁၀၀)ကျော်တွင် လက်တွေ့ကျင့်သုံး အောင်မြင်နေသော ILO အသိအမှတ်ပြု SIYB Programme နှင့် Coca Cola တို့မှ ကမကထပြုသော စနစ်ဖြင့် တာချီလိတ်နယ်စပ် ကုန်သည်များ အသင်း(Tachileik CCI) နှင့် MESI,Kyainge Tong တို့ ပူးပေါင်း၍ CSR ပညာဒါနအဖြစ် တာချီလိတ် နယ်စပ်ကုန်သည်များ အသင်းရုံးတွင် "Coca Cola လက်လီ စီးပွားရေး ကျွမ်းကျင်မှု သင်တန်း"အား (၂)ရက်တာ အခမဲ့ပို့ချပေးမှာ ဖြစ်သည့်အတွက် စိတ်ဝင်စားလိုသူများအနေဖြင့်  ဇွန်လ(၁၁)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်းနှင့် စာရွက်စာတမ်းကြေးအဖြစ် ကျပ်(၂၀,၀၀၀)သာ ပေးသွင်းရမှာ ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ တာချီလိတ်နယ်စပ် ကုန်သည်များအသင်းရုံးတွင် "Coca Cola လက်လီ စီးပွားရေး ကျွမ်းကျင်မှု သင်တန်း"အား ဇွန်လ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ အခမဲ့ ပို့ချရန် သင်တန်းသား စာရင်းများ ခေါ်ယူရာ သတ်မှတ်ထားသည့် လူဦးရေ (၂၀) ထက် ကျော်လွန်သွားပြီး (၂၆)ဦး ရှိလာ၍ သင်တန်းအား ဖွင့်လှစ်သင်ကြားပေးနပြေီ ဖြစ်သော်လည်း အဆိုပါ သင်တန်းအား တက်ရောက်လိုသူများ ကျန်ရှိနေသေးကြောင်းသိရ၍ သင်တန်းစီစဉ်သူများမှ ဇွန်လ(၁၂)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ ထပ်မံ သင်ကြားပေးနိုင်ရန် သင်တန်းသား စာရင်းများကို ခေါ်ယူနပြေီး ဇွန်လ(၁၁)ရက်နေ့ ညနေပိုင်းအချိန်ထိ လာရောက် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

နိုင်ငံပေါင်း(၁၀၀)ကျော်တွင် လက်တွေ့ကျင့်သုံး အောင်မြင်နေသော ILO အသိအမှတ်ပြု SIYB Programme နှင့် Coca Cola တို့မှ ကမကထပြုသော စနစ်ဖြင့် တာချီလိတ်နယ်စပ် ကုန်သည်များ အသင်း(Tachileik CCI) နှင့် MESI,Kyainge Tong တို့ ပူးပေါင်း၍ CSR ပညာဒါနအဖြစ် တာချီလိတ် နယ်စပ်ကုန်သည်များ အသင်းရုံးတွင် "Coca Cola လက်လီ စီးပွားရေး ကျွမ်းကျင်မှု သင်တန်း"အား (၂)ရက်တာ အခမဲ့ပို့ချပေးမှာ ဖြစ်သည့်အတွက် စိတ်ဝင်စားလိုသူများအနဖြေင့် ဇွန်လ(၁၁)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်းနှင့် စာရွက်စာတမ်းကြေးအဖြစ် ကျပ်(၂၀,ဝဝဝ)သာ ပေးသွင်းရမှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ လူဦးရေ (၂၀)ဦးသာ တက်ခွင့်ရမှာ ဖြစ်ပြီး သင်တန်းအတွက် စာရင်းပေးသွင်းလိုပါက တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ တာချီလိတ် နယ်စပ်ကုန်သည်များ အသင်းရုံးတွင် စာရင်းလာရောက် ပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~