ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ဆိုင္ကယ္မ်ား မွတ္ပံုတင္ျခင္း ေန႔စဥ္လုပ္ေဆာင္ေပးရန္ စီစဥ္ေန

ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ဆိုင္ကယ္မ်ား မွတ္ပံုတင္ျခင္း ေန႔စဥ္လုပ္ေဆာင္ေပးရန္ စီစဥ္ေန
ဇွန် 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း မွတ္ပံုတင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားကို အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း မွတ္ပံုတင္ ေပးေနသည့္ စီမံခ်က္အစား ေန႔စဥ္ ရံုးဖြင့္ရက္မ်ားအတုိင္း လိုင္စင္ျပဳလုပ္ေပးနိုင္ရန္ စီမံခ်က္ အသစ္ကို ျပည္နယ္အစိုးရထံ တင္ျပသြားရန္ စီစဥ္ေနေၾကာင္း ရွမ္းျပည္နယ္ ကုန္လမ္းပုိ႔ေဆာင္ေရးႏွင့္ ညႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။

“မွတ္ပံုတင္ဆိုင္ကယ္ေတြ အျမန္ရရွိေစဖို႔အတြက္ စီမံခ်က္အသစ္ လုပ္ေနပါၿပီ။ ဒီစီမံခ်က္ကို လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးဆီမွာ တင္ျပၿပီးေတာ့ ကၽြန္မတို႔စီမံခ်က္က အတည္ျပဳၿပီဆိုရင္ေတာ့ ရွမ္းျပည္နယ္ တစ္ျပည္လံုး လုပ္ေဆာင္သြားမွာပါ။ ကၽြန္မတို႕ စီမံခ်က္ထဲမွာက အရင္ကဆို ဗုဒဟူးေန႔တိုင္း ဆိုင္ကယ္လိုင္စင္ လုပ္ေပးေနတာျဖစ္တယ္။ အခုကေတာ့ ရံုးဖြင့္တဲ့ ရက္တိုင္း လိုင္စင္လုပ္ေပးနိုင္ဖို႕ စီစဥ္ ေနပါတယ္။ စစ္ကိုင္းမွာေတာ့ ဒီစီမံခ်က္ေတြလုပ္ေနပါၿပီ။ လုပ္ပံု လုပ္နည္းေတြ ေျပာင္းလဲမယ္။ ေရွာင္တစ္ခင္ စစ္ေဆးဖို႕လုပ္တာက ယာဥ္ပိုင္ရွင္တစ္ေယာက္အတြက္ သိမ္းဆည္းမႈေတြ လုပ္လိုက္ရင္ သူ႕အတြက္ နစ္နာသြားမယ္။ ဒါေၾကာင့္ ေရရွည္ လိုင္စင္ေတြရံုးဖြင့္တဲ့ အခ်ိန္တိုင္း အခ်ိန္မေရြး လုပ္နိုင္ေအာင္ လုပ္ေပးေတာ့မွာပါ”ဟု ရွမ္းျပည္နယ္ ကုန္းလမ္းပုိ႔ေဆာင္ေရးႏွင့္ ညႊန္ၾကားမႈဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ ဆုိင္ကယ္မ်ားအား ေဒသလိုင္စင္ထုတ္ေပးျခင္းကို အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနရံုးတြင္ တစ္ေနရာတည္း အၿပီးအစီး လုပ္ေဆာင္ေပးျခင္းကို ၂၀၁၇ ခုႏွစ္ မတ္လ (၁)ရက္ေန႔မွ စတင္လုပ္ေဆာင္ေပးေနျခင္းျဖစ္သည္။

“တစ္ကယ္လို႕ ရပ္ကြက္၊ ေက်းရြာ၊ ၿမိဳ႕နယ္ေတြမွာ လိုင္စင္ လုပ္ခ်င္တယ္ဆိုရင္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြဆီမွာ စာရင္းေပးသြင္းနိုင္တဲ့ အထိ လုပ္ေဆာင္နိုင္ဖို႔လည္း စီမံခ်က္ထဲမွာ ပါပါတယ္။ စီမံခ်က္က အတည္ျပဳၿပီဆိုရင္ေတာ့ ဒါေတြကို လုပ္ေဆာင္နိုင္ဖို႕ ျပည္နယ္အဆင့္ အဖြဲ႕ေတြဖြဲ႕မယ္။ ဆိုင္ကယ္ လိုင္စင္ေတြ အျမန္ရေအာင္ စီမံခ်က္မွာက ျပည္နယ္အစိုးရကေန တိုက္ရိုက္ႀကီးၾကပ္သြားမွာပါ။ သက္ဆိုင္ရာ ဌာနေတြလည္း ပူးေပါင္း ပါ၀င္သြားမွာပါ။ က်န္တဲ့ေဒသအမွတ္ေတြ အမွတ္စဥ္အလိုက္ ထုတ္ေပးတာေတြ၊ ဒဏ္ေငြေကာက္ခံတာေတြ အကုန္လံုးကေတာ့ အရင္လည္ပတ္ေနတဲ့ အစီအစဥ္ အတိုင္းပါပဲ။ မွတ္ပံုတင္ လိုင္စင္ထုတ္ေပးတဲ့ one stop service ကိုပဲ ေျပာင္းလိုက္တာပါ” ဟု တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီး၊ လြဳိင္လင္၊ ေအာင္ပန္း၊ လားရိႈး၊ ေက်ာက္မဲ၊ မူဆယ္၊ က်ဳိင္းတံု၊ တာခ်ီလိတ္ၿမိဳ႕မ်ားရိွ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးမ်ားမွ ဇြန္လအထိ လိုင္စင္ ထုတ္ထားသည့္ ဆိုင္ကယ္ အစီးေရမွာ ရွမ္းျပည္နယ္တစ္ခုလံုးတြင္ အစီးေရေပါင္း (၆,၇၃၇)စီးရိွသည့္အနက္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ (၈၃၂) စီး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ (၄၇၇)စီးႏွင့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)တြင္(၅၄၂၈) စီးရိွေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း မှတ်ပုံတင် ပေးနေသည့် စီမံချက်အစား နေ့စဉ် ရုံးဖွင့်ရက်များအတိုင်း လိုင်စင်ပြုလုပ်ပေးနိုင်ရန် စီမံချက် အသစ်ကို ပြည်နယ်အစိုးရထံ တင်ပြသွားရန် စီစဉ်နေကြောင်း ရှမ်းပြည်နယ် ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

“မှတ်ပုံတင်ဆိုင်ကယ်တွေ အမြန်ရရှိစေဖို့အတွက် စီမံချက်အသစ် လုပ်နေပါပြီ။ ဒီစီမံချက်ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဆီမှာ တင်ပြပြီးတော့ ကျွန်မတို့စီမံချက်က အတည်ပြုပြီဆိုရင်တော့ ရှမ်းပြည်နယ် တစ်ပြည်လုံး လုပ်ဆောင်သွားမှာပါ။ ကျွန်မတို့ စီမံချက်ထဲမှာက အရင်ကဆို ဗုဒဟူးနေ့တိုင်း ဆိုင်ကယ်လိုင်စင် လုပ်ပေးနေတာဖြစ်တယ်။ အခုကတော့ ရုံးဖွင့်တဲ့ ရက်တိုင်း လိုင်စင်လုပ်ပေးနိုင်ဖို့ စီစဉ် နေပါတယ်။ စစ်ကိုင်းမှာတော့ ဒီစီမံချက်တွေလုပ်နေပါပြီ။ လုပ်ပုံ လုပ်နည်းတွေ ပြောင်းလဲမယ်။ ရှောင်တစ်ခင် စစ်ဆေးဖို့လုပ်တာက ယာဉ်ပိုင်ရှင်တစ်ယောက်အတွက် သိမ်းဆည်းမှုတွေ လုပ်လိုက်ရင် သူ့အတွက် နစ်နာသွားမယ်။ ဒါကြောင့် ရေရှည် လိုင်စင်တွေရုံးဖွင့်တဲ့ အချိန်တိုင်း အချိန်မရွေး လုပ်နိုင်အောင် လုပ်ပေးတော့မှာပါ”ဟု ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များအား ဒေသလိုင်စင်ထုတ်ပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးတွင် တစ်နေရာတည်း အပြီးအစီး လုပ်ဆောင်ပေးခြင်းကို ၂၀၁၇ ခုနှစ် မတ်လ (၁)ရက်နေ့မှ စတင်လုပ်ဆောင်ပေးနခြေင်းဖြစ်သည်။

“တစ်ကယ်လို့ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တွေမှာ လိုင်စင် လုပ်ချင်တယ်ဆိုရင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီမှာ စာရင်းပေးသွင်းနိုင်တဲ့ အထိ လုပ်ဆောင်နိုင်ဖို့လည်း စီမံချက်ထဲမှာ ပါပါတယ်။ စီမံချက်က အတည်ပြုပြီဆိုရင်တော့ ဒါတွေကို လုပ်ဆောင်နိုင်ဖို့ ပြည်နယ်အဆင့် အဖွဲ့တွေဖွဲ့မယ်။ ဆိုင်ကယ် လိုင်စင်တွေ အမြန်ရအောင် စီမံချက်မှာက ပြည်နယ်အစိုးရကနေ တိုက်ရိုက်ကြီးကြပ်သွားမှာပါ။ သက်ဆိုင်ရာ ဌာနတွေလည်း ပူးပေါင်း ပါဝင်သွားမှာပါ။ ကျန်တဲ့ဒေသအမှတ်တွေ အမှတ်စဉ်အလိုက် ထုတ်ပေးတာတွေ၊ ဒဏ်ငွေကောက်ခံတာတွေ အကုန်လုံးကတော့ အရင်လည်ပတ်နေတဲ့ အစီအစဉ် အတိုင်းပါပဲ။ မှတ်ပုံတင် လိုင်စင်ထုတ်ပေးတဲ့ one stop service ကိုပဲ ပြောင်းလိုက်တာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ လွိုင်လင်၊ အောင်ပန်း၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ ကျိုင်းတုံ၊ တာချီလိတ်မြို့များရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများမှ ဇွန်လအထိ လိုင်စင် ထုတ်ထားသည့် ဆိုင်ကယ် အစီးရေမှာ ရှမ်းပြည်နယ်တစ်ခုလုံးတွင် အစီးရေပေါင်း (၆,၇၃၇)စီးရှိသည့်အနက် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၈၃၂) စီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၄၇၇)စီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင်(၅၄၂၈) စီးရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~