ေတာင္ႀကီး စဝ္စံထြန္းေဆးရံုႀကီးတြင္ ကင္ဆာေရာဂါကုသေရး ဓာတ္ေရာင္ျခည္စက္သစ္မ်ား ထပ္မံျဖည့္ဆည္းမည္

ေတာင္ႀကီး စဝ္စံထြန္းေဆးရံုႀကီးတြင္ ကင္ဆာေရာဂါကုသေရး ဓာတ္ေရာင္ျခည္စက္သစ္မ်ား ထပ္မံျဖည့္ဆည္းမည္
ဇွန် 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္းျပည္သူ႔ေဆးရံုႀကီးတြင္ လက္ရိွ ဓာတ္ေရာင္ျခည္ စက္ျဖင့္ ကုသေပးရသည့္ လူနာအင္အား မမွ်သျဖင့္ ဓာတ္ေရာင္ျခည္စက္သစ္မ်ား ထပ္မံ ျဖည့္ဆည္းၿပီး ကင္ဆာေရာဂါလူနာမ်ား ကုသခ်ိန္ေစာင့္ဆိုင္းရမႈ ေလ်ာ့နည္းေစေရးလုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ ရံုးဌာနအေနနဲ႔ ေဆာင္ရြက္ေနတာက ကင္ဆာလူနာဦးေရကလည္း မ်ားတယ္။ ဓာတ္ေရာင္ျခည္ ကုသမႈ ခံယူဖို႔အတြက္ကို ေစာင့္ဆိုင္းေနရတာ မ်ားပါတယ္။ လာမယ့္ကာလေတြမွာ ဓာတ္ေရာင္ျခည္ ကုသမႈအတြက္ ေစာင့္ဆုိင္းရတဲ့လူနာ ေလ်ာ့ႏုိင္သမွ်ေလ်ာ့ေအာင္လုပ္ဖို႔ စက္ပစၥည္းနဲ႕ ၀န္ထမ္းအင္အားေတြ လိုအပ္ေနပါေသးတယ္။ ဒါေတြကို တိုးခ်ဲ႕ျဖည္႕ဆည္းနိုင္ဖို႔အတြက္ ကၽြန္ေတာ္တို႔ ေတာင္းခံထားပါတယ္။ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးကလည္း ဝန္ထမ္းေတြ တိုးခ်ဲ႕ၿပီး သင္တန္းေတြေပးနိုင္ဖို႔ တာဝန္အေရာက္ထမ္းေဆာင္နိုင္ဖို႔ကို ေဆာင္ရြက္ေပးေနပါတယ္”ဟု စဝ္စံထြန္းေဆးရံုႀကီး ေဆးရံုအုပ္ႀကီး၊ ျပည္နယ္ကုသေရးဦးစီးဌာနမွဴး ေဒါက္တာစိုးထြန္းေအာင္ထံမွ သိရသည္။

စဝ္စံထြန္းေဆးရံုႀကီးတြင္ ဓာတ္ေရာင္ျခည္ဌာနကုသမႈကို ၁၉၆၂ ခုႏွစ္က ရုရွား - ျမန္မာ ခ်စ္ၾကည္ေရးအေနျဖင့္ ရုရွားစက္သစ္ျဖင့္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၅ ခုႏွစ္တြင္ စက္ေဟာင္းမ်ားကို ဖ်က္သိမ္း၍ ရုရွားစက္သစ္ ျပန္လည္အစားထိုးထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ကုသမႈအပိုင္းအတြက္ လိုအပ္ခ်က္ေတြအေနနဲ႔ဆိုရင္ လူနာအင္အားနဲ႔ စက္အင္အားမွာ စက္အင္အားေတြက ထပ္လိုေနပါေသးတယ္။ ကၽြန္မတို႔မွာက ျပင္ပ ဓာတ္ေရာင္ျခည္ေပးတဲ့ စက္တစ္လံုး ရွိပါတယ္။ ေနာက္မၾကာခင္မွာပဲ ျပင္ပဓာတ္ေရာင္ျခည္ေပးစက္ တစ္လံုး ထပ္မံ ဖြင့္လွစ္မွာပါ။ ဓာတ္အပ္စိုက္ ကုသတဲ့စက္လည္း တစ္လံုးရွိပါတယ္။ ဒီစက္ကေတာ့ သားအိမ္ေခါင္းကင္ဆာ၊ သားအိမ္ကင္ဆာေတြမွာ ျပင္ပကေန ဓာတ္ေရာင္ျခည္ေပးၿပီးတဲ့အခါမွာ ႏွစ္ခုလံုးကို ေပါင္းၿပီးေတာ့ ကုသေပးရပါတယ္။ အဲဒီစက္ႀကီး ႏွစ္ခုလံုးနဲ႔ မၾကာခင္မွာ သားအိမ္ေခါင္းကင္ဆာ၊ သားအိမ္ကင္ဆာေတြကို ကုသေပးႏိုင္္ေတာ့မွာျဖစ္ပါတယ္”ဟု ကင္ဆာေရာဂါ ဓာတ္ေရာင္ျခည္အထူးကု ေဒါက္တာ မိုးမိုးသက္၀င္းက ေျပာသည္။

အဆိုပါ ေဆးရံုႀကီးတြင္ ျပင္ပဓာတ္ေရာင္ျခည္ေပးစက္ (၁)လံုး၊ ဓာတ္အပ္စိုက္ကုသစက္(၁)လံုး စုစုေပါင္း ဓာတ္ေရာင္ျခည္စက္ (၂) လံုးသာရွိေသာေၾကာင့္ ကင္ဆာလူနာမ်ားမွာ ေဆးကုသနိုင္ေရးအတြက္ အခ်ိန္ၾကာေစာင့္ဆိုင္းေနရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လက်ရှိ ဓာတ်ရောင်ခြည် စက်ဖြင့် ကုသပေးရသည့် လူနာအင်အား မမျှသဖြင့် ဓာတ်ရောင်ခြည်စက်သစ်များ ထပ်မံ ဖြည့်ဆည်းပြီး ကင်ဆာရောဂါလူနာများ ကုသချိန်စောင့်ဆိုင်းရမှု လျော့နည်းစေရေးလုပ်ဆောင်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ရုံးဌာနအနေနဲ့ ဆောင်ရွက်နေတာက ကင်ဆာလူနာဦးရေကလည်း များတယ်။ ဓာတ်ရောင်ခြည် ကုသမှု ခံယူဖို့အတွက်ကို စောင့်ဆိုင်းနေရတာ များပါတယ်။ လာမယ့်ကာလတွေမှာ ဓာတ်ရောင်ခြည် ကုသမှုအတွက် စောင့်ဆိုင်းရတဲ့လူနာ လျော့နိုင်သမျှလျော့အောင်လုပ်ဖို့ စက်ပစ္စည်းနဲ့ ဝန်ထမ်းအင်အားတွေ လိုအပ်နေပါသေးတယ်။ ဒါတွေကို တိုးချဲ့ဖြည့်ဆည်းနိုင်ဖို့အတွက် ကျွန်တော်တို့ တောင်းခံထားပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ဝန်ထမ်းတွေ တိုးချဲ့ပြီး သင်တန်းတွေပေးနိုင်ဖို့ တာဝန်အရောက်ထမ်းဆောင်နိုင်ဖို့ကို ဆောင်ရွက်ပေးနေပါတယ်”ဟု စဝ်စံထွန်းဆေးရုံကြီး ဆေးရုံအုပ်ကြီး၊ ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးထွန်းအောင်ထံမှ သိရသည်။

စဝ်စံထွန်းဆေးရုံကြီးတွင် ဓာတ်ရောင်ခြည်ဌာနကုသမှုကို ၁၉၆၂ ခုနှစ်က ရုရှား - မြန်မာ ချစ်ကြည်ရေးအနဖြေင့် ရုရှားစက်သစ်ဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် စက်ဟောင်းများကို ဖျက်သိမ်း၍ ရုရှားစက်သစ် ပြန်လည်အစားထိုးထားခြင်းဖြစ်ကြောင်း သိရသည်။

“ကုသမှုအပိုင်းအတွက် လိုအပ်ချက်တွေအနေနဲ့ဆိုရင် လူနာအင်အားနဲ့ စက်အင်အားမှာ စက်အင်အားတွေက ထပ်လိုနေပါသေးတယ်။ ကျွန်မတို့မှာက ပြင်ပ ဓာတ်ရောင်ခြည်ပေးတဲ့ စက်တစ်လုံး ရှိပါတယ်။ နောက်မကြာခင်မှာပဲ ပြင်ပဓာတ်ရောင်ခြည်ပေးစက် တစ်လုံး ထပ်မံ ဖွင့်လှစ်မှာပါ။ ဓာတ်အပ်စိုက် ကုသတဲ့စက်လည်း တစ်လုံးရှိပါတယ်။ ဒီစက်ကတော့ သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာတွေမှာ ပြင်ပကနေ ဓာတ်ရောင်ခြည်ပေးပြီးတဲ့အခါမှာ နှစ်ခုလုံးကို ပေါင်းပြီးတော့ ကုသပေးရပါတယ်။ အဲဒီစက်ကြီး နှစ်ခုလုံးနဲ့ မကြာခင်မှာ သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာတွေကို ကုသပေးနိုင်တော့မှာဖြစ်ပါတယ်”ဟု ကင်ဆာရောဂါ ဓာတ်ရောင်ခြည်အထူးကု ဒေါက်တာ မိုးမိုးသက်ဝင်းက ပြောသည်။

အဆိုပါ ဆေးရုံကြီးတွင် ပြင်ပဓာတ်ရောင်ခြည်ပေးစက် (၁)လုံး၊ ဓာတ်အပ်စိုက်ကုသစက်(၁)လုံး စုစုပေါင်း ဓာတ်ရောင်ခြည်စက် (၂) လုံးသာရှိသောကြောင့် ကင်ဆာလူနာများမှာ ဆေးကုသနိုင်ရေးအတွက် အချိန်ကြာစောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~