ေတာင္ရိုးလူငယ္အဖြဲ႕က ေညာင္ေရႊႏွင့္ ပင္ေလာင္းတြင္ ေထာပတ္ပင္မ်ား စိုက္ပ်ိဳးေပးမည္

ေတာင္ရိုးလူငယ္အဖြဲ႕က ေညာင္ေရႊႏွင့္ ပင္ေလာင္းတြင္ ေထာပတ္ပင္မ်ား စိုက္ပ်ိဳးေပးမည္
ဇွန် 25, 2017
By Tachileik News Agency

ေတာင္ရိုးလူငယ္အဖြဲ႕က ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေညာင္ေရႊႏွင့္ ပင္ေလာင္းၿမိဳ႕နယ္အတြင္း ေထာပတ္ပင္မ်ားကို အိမ္ေထာင္စု တစ္စုလွ်င္ (၁၀)ပင္ႏႈန္းျဖင့္ ဇူလိုင္လအတြင္း စိုက္ပ်ဳိးေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ဘိန္းအစားထိုးသီးႏွံစိုက္ပ်ဳိးဖို႔အတြက္က ပင္ေလာင္းၿမိဳ႕နယ္ထဲမွာ စိုက္ပ်ဳိးသြားမယ္။ အပင္ေတြေပးတဲ့ ေနရာမွာလည္း စည္းမ်ဥ္း စည္းကမ္းေတြရွိတယ္။ တစ္အိမ္ကို အပင္ (၁၀)ပင္ပဲ ေပးသြားမွာပါ။ နည္းပညာေတြ နဲ႔ ထိန္းသိမ္းနိုင္ဖို႕ ကၽြန္ေတာ္တို႔ ကူညီေပးသြားမွာပါ။ သစ္ပင္စိုက္ပ်ဳိးတဲ့အေနအထားမွာ ကၽြန္ေတာ္တို႔ ဖြဲ႕စည္းထားတဲ့ ေဒသေပါင္းစံုမွာ ေခါင္းေဆာင္ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ထိန္းသိမ္း ေစာင့္ေရွာက္သြားမယ္။ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြမွာလည္း အပင္ေတြစိုက္ပ်ဳိးဖို႔ တင္ျပထားတာ ရွိတယ္။ အပင္စိုက္ပ်ဳိးဖို႔ အတြက္ကို ဒီရက္ပိုင္းကေန ေနာက္လအထိ အလွဴရွင္မ်ားရင္ မ်ားသလို စိုက္သြားမွာပါ။ ထိန္းသိမ္းဖို႔ အပိုင္းကေတာ့ ေဒသခံျပည္သူေတြနဲ႔ ပူးေပါင္း ေဆာင္ရြက္ သြားမွာပါ”ဟု ေတာင္ရိုးလူငယ္ အေထာက္အကူျပဳအဖြဲ႕မွ ကိုေအာင္ဆန္းက ေျပာသည္။

ဘိန္းအစားထိုး သီးႏွံ စိုက္ပ်ိဳးျခင္းအျဖစ္ လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး လက္ရိွတြင္ ရန္ကုန္မွ ေပးပို႔ လွဴဒါန္းထားသည့္ ေထာပတ္ပင္ (၂၅၀၀) ေရာက္လာပါက အပင္ေရစုစုေပါင္း (၅၀၀၀) ၎တို႔အဖြဲ႔ြတြင္ လက္ခံရရိွထားေၾကာင္း သိရသည္။

“အရင္ဦးဆံုး စ စိုက္ပ်ဳိးမယ့္ ေနရာကေတာ့ ေညာင္ေရႊၿမိဳ႕နယ္ထဲမွာ စစိုက္သြားမွာပါ။ ဘာလို႔လဲဆိုေတာ့ အဲဒီမွာ သစ္ေတာျပဳန္းတီးမႈျပႆနာျဖစ္တဲ့ေနရာေတြ မ်ားတယ္။ ဒါေၾကာင့္ အရင္ဆံုးစိုက္ပ်ဳိးၿပီး တျခားေဒသေတြကို ဆက္လက္စိုက္ပ်ိဳးသြားမွာပါ” ဟု ကိုေအာင္ဆန္းက ေျပာသည္။

ေတာင္ရိုးလူငယ္အေထာက္အကူျပဳအဖြဲ႕အစည္းအား၂၀၀၉ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး ေဒသတြင္း ေသာက္သံုးေရ ရရွိေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္ေရးစသည့္ကိစၥမ်ားတြင္ ကူညီေဆာင္ရြက္ေနေသာ အဖြဲ႕အစည္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
  

~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ရိုးလူငယ်အဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေနှင့် ပင်လောင်းမြို့နယ်အတွင်း ထောပတ်ပင်များကို အိမ်ထောင်စု တစ်စုလျှင် (၁၀)ပင်နှုန်းဖြင့် ဇူလိုင်လအတွင်း စိုက်ပျိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဘိန်းအစားထိုးသီးနှံစိုက်ပျိုးဖို့အတွက်က ပင်လောင်းမြို့နယ်ထဲမှာ စိုက်ပျိုးသွားမယ်။ အပင်တွေပေးတဲ့ နေရာမှာလည်း စည်းမျဉ်း စည်းကမ်းတွေရှိတယ်။ တစ်အိမ်ကို အပင် (၁၀)ပင်ပဲ ပေးသွားမှာပါ။ နည်းပညာတွေ နဲ့ ထိန်းသိမ်းနိုင်ဖို့ ကျွန်တော်တို့ ကူညီပေးသွားမှာပါ။ သစ်ပင်စိုက်ပျိုးတဲ့အနေအထားမှာ ကျွန်တော်တို့ ဖွဲ့စည်းထားတဲ့ ဒေသပေါင်းစုံမှာ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီးတော့ ထိန်းသိမ်း စောင့်ရှောက်သွားမယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာလည်း အပင်တွေစိုက်ပျိုးဖို့ တင်ပြထားတာ ရှိတယ်။ အပင်စိုက်ပျိုးဖို့ အတွက်ကို ဒီရက်ပိုင်းကနေ နောက်လအထိ အလှူရှင်များရင် များသလို စိုက်သွားမှာပါ။ ထိန်းသိမ်းဖို့ အပိုင်းကတော့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာပါ”ဟု တောင်ရိုးလူငယ် အထောက်အကူပြုအဖွဲ့မှ ကိုအောင်ဆန်းက ပြောသည်။

ဘိန်းအစားထိုး သီးနှံ စိုက်ပျိုးခြင်းအဖြစ် လုပ်ဆောင်နခြေင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မှ ပေးပို့ လှူဒါန်းထားသည့် ထောပတ်ပင် (၂၅၀၀) ရောက်လာပါက အပင်ရေစုစုပေါင်း (၅၀၀၀)၎င်းတို့အဖွဲ့တွင် လက်ခံရရှိထားကြောင်း သိရသည်။

“အရင်ဦးဆုံး စ စိုက်ပျိုးမယ့် နေရာကတော့ ညောင်ရွှမြေို့နယ်ထဲမှာ စစိုက်သွားမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီမှာ သစ်တောပြုန်းတီးမှုပြဿနာဖြစ်တဲ့နေရာတွေ များတယ်။ ဒါကြောင့် အရင်ဆုံးစိုက်ပျိုးပြီး တခြားဒေသတွေကို ဆက်လက်စိုက်ပျိုးသွားမှာပါ” ဟု ကိုအောင်ဆန်းက ပြောသည်။

တောင်ရိုးလူငယ်အထောက်အကူပြုအဖွဲ့အစည်းအား၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်း သောက်သုံးရေ ရရှိရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်ကိစ္စများတွင် ကူညီဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~