ရွမ္းျပည္နယ္(ေတာင္ပိုင္း)အတြင္း ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္ရွိ ေစ်းမ်ားတြင္ ေစ်းကြက္ေထာက္လွမ္းေရးစီမံခ်က္ ဒီဇင္ဘာအထိ ေဆာင္ရြက္မည္

ရွမ္းျပည္နယ္(ေတာင္ပိုင္း)အတြင္း ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္ရွိ ေစ်းမ်ားတြင္ ေစ်းကြက္ေထာက္လွမ္းေရးစီမံခ်က္ ဒီဇင္ဘာအထိ ေဆာင္ရြက္မည္
ဇွန် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)အတြင္းရွိ ၿမိဳ႕နယ္ (၈)ခုတြင္ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ဇြန္လမွ စတင္ေနသည့္ ေစ်းကြက္ေထာက္လွမ္း ေစာင့္ၾကည့္ျခင္းလုပ္ငန္းစီမံခ်က္အား ဒီဇင္ဘာလအထိ ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အပတ္စဥ္တိုင္း စစ္ေဆးမႈေတြ လုပ္ပါတယ္။ က်န္းမာေရးပညာေပးအစီအစဥ္အေနနဲ႔လည္း ေစ်းသူ ေစ်းသားေတြကို ဆိုးေဆးနဲ႔ အစားအေသာက္မ်ားအတြက္ ေဘးအႏၱရာယ္အေၾကာင္းေတြကို လက္ကမ္းစာေစာင္ျဖန္႔ေဝေပး သြားမွာပါ”ဟု အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ တာဝန္ခံ ေဒါက္တာသန္႔ဇင္ထက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေတာင္ႀကီး၊ ကေလာ၊ ဆီဆိုင္၊ ရပ္ေစာက္၊ ေညာင္ေရႊ၊ ရြာငံ၊ ဟိုပံုးႏွင့္ ပင္းတယၿမိဳ႕ စသည့္ ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္တို႔မွ ေစ်းမ်ားျဖစ္သည့္ ေတာင္ႀကီးၿမိဳ႕မေစ်း ၊ စဝ္စံထြန္းေစ်း၊ အမွတ္(၅) ေစ်း၊ ၂၁၂ ေစ်း(ရဲေဘာ္ေစ်း)၊ ေအးသီရိေစ်း၊ စဥ့္ဟယ္ေစ်း၊ ထံုးဖိုေစ်း၊ ေရႊေညာင္ေစ်း၊ ေတာင္နီေစ်း၊ ျပည္သာယာေစ်း၊ ကေလာေစ်း၊ နန္းပန္ေစ်း၊ မဂၤလာေစ်း၊ ဘန္းယဥ္ေစ်း၊ ဆိုက္ေခါင္ေစ်း၊ ဆီဆိုင္ေစ်း၊ ဟိုပံုးေစ်း၊ ရြာငံေစ်း၊ ပင္းတယေစ်း၊ ပင္ျဖစ္ေစ်း၊ ရပ္ေစာက္ၿမိဳ႕မေစ်းတို႔တြင္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္းသိရသည္။

“စားသံုးရန္မသင့္တဲ့ အစားအေသာက္ရွိ/မရွိကို ကၽြန္ေတာ္တို႔က ေစ်းေတြမွာ နမူနာေကာက္ယူၿပီး ေတာင္ႀကီးမွာ စစ္ၿပီး positive ေတြ႕ရင္ ေနျပည္ေတာ္ထိ ေပးပို႔စစ္ေဆးသြားမွာပါ။ အဲဒီကေနတစ္ဆင့္ စစ္ေဆးေတြ႕ရွိခ်က္ေတြကို ကၽြန္ေတာ္တို႔ဌာနမွာ အေၾကာင္းၾကားလာရင္ေတာ့ ဌာနကေနတစ္ဆင့္ ျပည္နယ္အစိုးရ နဲ႔ သက္ဆိုင္တဲ့ဌာန ကေန ဆက္လက္ အေရးယူေဆာင္ရြက္နိုင္ဖို႕ အေၾကာင္း ၾကားသြားမွာပါ။ တစ္ကယ္လို႕ စစ္ေဆးလို႕ ဆိုးေဆး နဲ႕ ဓာတုပစၥည္းေတြပါ၀င္တယ္ဆိုရင္ စားသံုးရန္မသင့္ေၾကာင္းကို အမ်ားျပည္သူ သိရွိနိုင္ေအာင္ သတင္းစာ ေတြမွာ ထည့္သြင္း ေၾကညာသြားမွာပါ” ဟု ေဒါက္တာသန္႔ဇင္ထက္က ေျပာသည္။

အဆိုပါ စီမံခ်က္ကို ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာန၊ စားသံုးသူေရးရာ ဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ ေစ်းတာ၀န္ခံမ်ားႏွင့္ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာနမွ ႀကီးၾကပ္ ကြပ္ကဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို
 ဓာတ္ပံု - FDA


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ် (၈)ခုတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဇွန်လမှ စတင်နေသည့် ဈေးကွက်ထောက်လှမ်း စောင့်ကြည့်ခြင်းလုပ်ငန်းစီမံချက်အား ဒီဇင်ဘာလအထိ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အပတ်စဉ်တိုင်း စစ်ဆေးမှုတွေ လုပ်ပါတယ်။ ကျန်းမာရေးပညာပေးအစီအစဉ်အနေနဲ့လည်း ဈေးသူ ဈေးသားတွေကို ဆိုးဆေးနဲ့ အစားအသောက်များအတွက် ဘေးအန္တရာယ်အကြောင်းတွေကို လက်ကမ်းစာစောင်ဖြန့်ဝေပေး သွားမှာပါ”ဟု အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာသန့်ဇင်ထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီး၊ ကလော၊ ဆီဆိုင်၊ ရပ်စောက်၊ ညောင်ရွှေ၊ ရွာငံ၊ ဟိုပုံးနှင့် ပင်းတယမြို့ စသည့် မြို့နယ်(၈)မြို့နယ်တို့မှ ဈေးများဖြစ်သည့် တောင်ကြီးမြို့မဈေး၊ စဝ်စံထွန်းဈေး၊ အမှတ်(၅) ဈေး၊ ၂၁၂ ဈေး(ရဲဘော်ဈေး)၊ အေးသီရိဈေး၊ စဉ့်ဟယ်ဈေး၊ ထုံးဖိုဈေး၊ ရွှေညောင်ဈေး၊ တောင်နီဈေး၊ ပြည်သာယာဈေး၊ ကလောဈေး၊ နန်းပန်ဈေး၊ မင်္ဂလာဈေး၊ ဘန်းယဉ်ဈေး၊ ဆိုက်ခေါင်ဈေး၊ ဆီဆိုင်ဈေး၊ ဟိုပုံးဈေး၊ ရွာငံဈေး၊ ပင်းတယဈေး၊ ပင်ဖြစ်ဈေး၊ ရပ်စောက်မြို့မဈေးတို့တွင် စစ်ဆေးမှုများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်းသိရသည်။

“စားသုံးရန်မသင့်တဲ့ အစားအသောက်ရှိ/မရှိကို ကျွန်တော်တို့က ဈေးတွေမှာ နမူနာကောက်ယူပြီး တောင်ကြီးမှာ စစ်ပြီး positive တွေ့ရင် နပြေည်တော်ထိ ပေးပို့စစ်ဆေးသွားမှာပါ။ အဲဒီကနေတစ်ဆင့် စစ်ဆေးတွေ့ရှိချက်တွေကို ကျွန်တော်တို့ဌာနမှာ အကြောင်းကြားလာရင်တော့ ဌာနကနေတစ်ဆင့် ပြည်နယ်အစိုးရ နဲ့ သက်ဆိုင်တဲ့ဌာန ကနေ ဆက်လက် အရေးယူဆောင်ရွက်နိုင်ဖို့ အကြောင်း ကြားသွားမှာပါ။ တစ်ကယ်လို့ စစ်ဆေးလို့ ဆိုးဆေး နဲ့ ဓာတုပစ္စည်းတွေပါဝင်တယ်ဆိုရင် စားသုံးရန်မသင့်ကြောင်းကို အများပြည်သူ သိရှိနိုင်အောင် သတင်းစာ တွေမှာ ထည့်သွင်း ကြေညာသွားမှာပါ” ဟု ဒေါက်တာသန့်ဇင်ထက်က ပြောသည်။

အဆိုပါ စီမံချက်ကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဈေးတာဝန်ခံများနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ကြီးကြပ် ကွပ်ကဲသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~