တာခ်ီလိတ္ရွိ ဟိုတယ္တစ္ခုတြင္ မူးယစ္ေဆး၀ါးသံုးစြဲသူဟု ယူဆရသည့္ အမ်ဳိးသားတစ္ဦး ေသဆံုး

တာခ်ီလိတ္ရွိ ဟိုတယ္တစ္ခုတြင္ မူးယစ္ေဆး၀ါးသံုးစြဲသူဟု ယူဆရသည့္ အမ်ဳိးသားတစ္ဦး ေသဆံုး
ဇွန် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္ကြက္အတြင္းရွိ ဟိုတယ္တစ္ခုတြင္ ဇြန္လ (၂၆)ရက္ေန႔ ေန႔လယ္က အမ်ဳိးသားတစ္ဦး မူးယစ္ေဆးထိုးသြင္းရာမွ ေဆးလြန္ကာ ေရွာ့ျဖစ္ၿပီး ေသဆံုးသည္ဟု ယူဆရသည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ၊ ၀မ္ေကာင္းရပ္ကြက္ အတြင္းရွိ အမည္မေဖာ္လိုသည့္ ဟိုတယ္တစ္ခုတြင္ အမ်ဳိးသားတစ္ဦး ေသဆံုးေနေၾကာင္း ဇြန္လ(၂၆)ရက္ ညေန(၄)နာရီ၀န္းက်င္က သတင္းရရွိ၍ တာခ်ီလိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးထိန္လင္းႏွင့္ တာ၀န္ရွိသူမ်ားက သြားေရာက္ စစ္ေဆးရာ အခန္းထဲတြင္ တစ္ဦးတည္း တည္းခိုေနထိုင္သည့္ ေသဆံုးသူသည္ ၀ဲဘက္ေပါင္တြင္ သားေရခါးပတ္အား ပတ္ခ်ည္ထားၿပီး လက္ႏွင့္ ေျခေထာက္တို႔တြင္ ေဆးထိုး အပ္ရာမ်ား ေတြ႕ရွိရကာ ပါးစပ္မွအျဖဴေရာင္ အျမႇဳပ္မ်ား ထြက္လ်က္ ျပင္ပဒဏ္ရာမ်ား မရိွဘဲ ကုတင္ေပၚတြင္ ပက္လက္အေနအထားျဖင့္ ေသဆံုးေနသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း သိရသည္။

ေသဆံုးသူမွာ ကြမ္းလံုၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အသက္(၄၁)ႏွစ္အရြယ္ ေအာင္ေက်ာ္(ခ)ဖူေလာ္ဆီး ဆိုသူျဖစ္ၿပီး အေလာင္းအား ဆက္လက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ တာခ်ီလိတ္နာေရး ကူညီမႈအသင္းက တာခ်ီလိတ္ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးသံုးစြဲသူဟု ယူဆရသည့္ ေအာင္ေက်ာ္(ခ)ဖူေလာ္ဆီးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၂၉/၂၀၁၇ အရ အမႈဖြင့္ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ဟိုတယ်တစ်ခုတွင် ဇွန်လ (၂၆)ရက်နေ့ နေ့လယ်က အမျိုးသားတစ်ဦး မူးယစ်ဆေးထိုးသွင်းရာမှ ဆေးလွန်ကာ ရှော့ဖြစ်ပြီး သေဆုံးသည်ဟု ယူဆရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် အတွင်းရှိ အမည်မဖော်လိုသည့် ဟိုတယ်တစ်ခုတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း ဇွန်လ(၂၆)ရက် ညနေ(၄)နာရီဝန်းကျင်က သတင်းရရှိ၍ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်းနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးရာ အခန်းထဲတွင် တစ်ဦးတည်း တည်းခိုနေထိုင်သည့် သေဆုံးသူသည် ဝဲဘက်ပေါင်တွင် သားရေခါးပတ်အား ပတ်ချည်ထားပြီး လက်နှင့် ခြေထောက်တို့တွင် ဆေးထိုး အပ်ရာများ တွေ့ရှိရကာ ပါးစပ်မှအဖြူရောင် အမြှုပ်များ ထွက်လျက် ပြင်ပဒဏ်ရာများ မရှိဘဲ ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူမှာ ကွမ်းလုံမြို့နယ်တွင် နေထိုင်သည့် အသက်(၄၁)နှစ်အရွယ် အောင်ကျော်(ခ)ဖူလော်ဆီး ဆိုသူဖြစ်ပြီး အလောင်းအား ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် တာချီလိတ်နာရေး ကူညီမှုအသင်းက တာချီလိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးသုံးစွဲသူဟု ယူဆရသည့် အောင်ကျော်(ခ)ဖူလော်ဆီးအား တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂၉/၂၀၁၇ အရ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~