FDA ထောက်ခံချက်မရှိသည့် လားရှိုးမှ ရေသန့်လုပ်ငန်း ၆ ခုအား လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းထား
FDA ထောက်ခံချက်မရှိသည့် လားရှိုးမှ ရေသန့်လုပ်ငန်း ၆ ခုအား လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းထား
ဇှနျ 27, 2017
By Tachileik News Agency
လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာနနှင့် FDA မှ တာဝန်ရှိသူများပူးပေါင်း၍ ဇွန်လ(၁၃)ရက်နေ့မှစ၍ မြို့ပေါ်ရှိ ရေသန့်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းများအား လိုက်လံစစ်ဆေးရာတွင် ထောက်ခံချက် လျှောက်ထားရန် သတ်မှတ်ပေးထားသည့် ကာလကျော်လွန်သည်အထိ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် လုပ်ငန်း(၆)ခုအား ထပ်မံစစ်ဆေး တွေ့ရှိရသည့်အတွက် လုပ်ငန်းရပ်ဆိုင်းစေခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မဘိန်း၊ နောင်ချိုမြို့များတွင် ရေသန့် ထုတ်လုပ်သည့် လုပ်ငန်း (၄၃)ခုရှိသည့်အနက် FDA ထောက်ခံချက်ရယူုခြင်းမရှိသည့် လားရှိုးမြို့ပေါ်မှ ရေသန့်လုပ်ငန်း (၆)ခုဖြစ်သည့် ချမ်းချမ်း၊ ရွှေအီနိုင်း၊ ရွှေကိန္နရီ၊ 7 Star၊ YAY နှင့် Crystal A တို့ကို ကနဦး အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့နယ်အသီးသီး၌ ရေသန့်လုပ်ငန်းများအနေဖြင့် FDA ထောက်ခံချက် လုံးဝ မလျှောက်ထားခြင်း မရှိသေးသည့် စက်ရုံများအား ဖေဖော်ဝါရီလအတွင်း ထောက်ခံချက် လျှောက်ထားရန်နှင့် တစ်လထက်ကျော်လွန်ပါက ရေသန့်ထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးထားသည့် ရေသန့်များအား ပြန်လည်သိမ်းဆည်းရန် သတိပေးထားသော်လည်း FDA လျှောက်ထားခြင်း မရှိသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းစေခြင်းဖြစ်ကြောင်း သိရသည်။
FDA ထောက်ခံချက် အသစ် လျှောက်ထားဆဲနှင့် သက်တမ်းတိုးလျှောက်ထားဆဲ လုပ်ငန်းများအနေဖြင့် ဖေဖော်ဝါရီလမှစ၍ (၆) လအတွင်း ထောက်ခံချက်မရပါက ထုတ်လုပ်မှုရပ်ဆိုင်းစေပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးထားသည့်ကုန်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရန်အတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ကြေညာချက် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် FDA ထောက်ခံချက် လျှောက်ထားရန် နောက်ဆုံး သတိပေးချိန်ထက် လေးလကျော်လွန်သည် အထိ လိုက်နာခြင်း မရှိသည့် ရေသန့်လုပ်ငန်း (၆)ခုအား ဇွန်လအတွင်းမှ စ၍ လုပ်ငန်းလုပ်ကိုင်ခွင့်ရပ်ဆိုင်းလိုက်ကြောင်း လားရှိုးမြို့ စားသုံးသူရေးရာဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ သိရသည်။
“လားရှိုးမြို့ပေါ်မှာရှိတဲ့ ရေသန့်လုပ်ငန်း(၆)ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်နားခိုင်းထားပါတယ်၊ FDA ထောက်ခံချက် မရှိသေးတဲ့ သူတွေကို လျှောက်ထားဖို့၊ လျှောက်ထားဆဲ လုပ်ငန်းတွေကို ထောက်ခံချက် ရရှိလာစေဖို့ ကျွန်တော်တို့ အချိန်သတ်မှတ်ပေးပြီးတဲ့နောက်မှာ စစ်ဆေးမှုတွေထပ်လုပ်လိုက်တဲ့အချိန်ထိ ထောက်ခံချက် မရှိသေးတာကို တွေ့ရတဲ့အတွက် ရပ်နားခိုင်းလိုက်ခြင်းဖြစ်ပါတယ်”ဟု လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာနနှင့် FDA မှ တာဝန်ရှိသူများပူးပေါင်း၍ ဇွန်လ(၁၃)ရက်နေ့မှစ၍ မြို့ပေါ်ရှိ ရေသန့်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းများအား လိုက်လံစစ်ဆေးရာတွင် ထောက်ခံချက် လျှောက်ထားရန် သတ်မှတ်ပေးထားသည့် ကာလကျော်လွန်သည်အထိ လိုက်နာဆောင်ရွက်ခြင်းမရှိသည့် လုပ်ငန်း(၆)ခုအား ထပ်မံစစ်ဆေး တွေ့ရှိရသည့်အတွက် လုပ်ငန်းရပ်ဆိုင်းစခြေင်းဖြစ်ကြောင်း သိရသည်။
“လားရှိုးမြို့ပေါ်က လုပ်ငန်းတွေကိုပဲ ကနဦးစစ်ဆေးပြီးမှ ထောက်ခံချက်မရှိသေးဘဲ ထုတ်လုပ်နေတာတွေကို လုပ်ငန်းရပ်နားထားစေတာ ဖြစ်ပါတယ်။ ရှမ်း/မြောက်ဒေသတွင်းက တခြား မြို့နယ်တွေမှာလည်း သက်ဆိုင်ရာအဖွဲ့တွေနဲ့ ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်နေတာတွေရှိပါတယ်။ အခြားမြို့နယ်တွေမှာ အခုလို ထောက်ခံချက်မရှိဘဲ ထုတ်လုပ်ရောင်းချနေတာတွေ့ရင်လည်း လုပ်ငန်း ရပ်နားစေမှာဖြစ်ပါတယ် “ဟု ဒုတိယ ပြည်နယ်ဦးစီးမှူးက ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မဘိန်း၊ နောင်ချိုမြို့များတွင် ရေသန့် ထုတ်လုပ်သည့် လုပ်ငန်း (၄၃)ခုရှိသည့်အနက် FDA ထောက်ခံချက်ရယုူခြင်းမရှိသည့် လားရှိုးမြို့ပေါ်မှ ရေသန့်လုပ်ငန်း (၆)ခုဖြစ်သည့် ချမ်းချမ်း၊ ရွှေအီနိုင်း၊ ရွှေကိန္နရီ၊ 7 Star၊ YAY နှင့် Crystal A တို့ကို ကနဦး အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်မအနေနဲ့အကြံပြုလိုတာကတော့ ထောက်ခံချက်မရှိတဲ့ ရေသန့်လုပ်ငန်းတွေကို တံဆိပ်နာမည်နဲ့တကွ ပြည်သူလူထု သိရှိအောင် သတင်းထုတ်ပြန်ကြေညာပေးစေလိုတယ်။ အဲဒီလို ပွင့်ပွင့်လင်းလင်း ချပြပေးမှပဲ ဘယ်ဟာကဖြင့် ထောက်ခံချက်ရပြီးသား ဘယ်ဟာကဖြင့် မရသေးဘဲ ဖြန့်ဖြူးနေတာ စတာတွေကို ပြည်သူ လူထုကသိမှာလေ။ အဲဒီလိုမဟုတ်ရင်တော့ ဈေးကွက်ထဲရှိနေတာတွေကို ဝယ်ပြီးသုံးနကြေဦးမှာပဲ။ နောက်ဆုံး စားသုံးသူပဲနစ်နာရမှာ”ဟု စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ မချိုချိုထွန်းက ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မြို့နယ်အသီးသီး၌ ရေသန့်လုပ်ငန်းများအနဖြေင့် FDA ထောက်ခံချက် လုံးဝ မလျှောက်ထားခြင်း မရှိသေးသည့် စက်ရုံများအား ဖေဖော်ဝါရီလအတွင်း ထောက်ခံချက် လျှောက်ထားရန်နှင့် တစ်လထက်ကျော်လွန်ပါက ရေသန့်ထုတ်လုပ်မှုကို ရပ်ဆိုင်းပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးထားသည့် ရေသန့်များအား ပြန်လည်သိမ်းဆည်းရန် သတိပေးထားသော်လည်း FDA လျှောက်ထားခြင်း မရှိသဖြင့် လုပ်ငန်းများ ရပ်ဆိုင်းစခြေင်းဖြစ်ကြောင်း သိရသည်။
FDA ထောက်ခံချက် အသစ် လျှောက်ထားဆဲနှင့် သက်တမ်းတိုးလျှောက်ထားဆဲ လုပ်ငန်းများအနဖြေင့် ဖေဖော်ဝါရီလမှစ၍ (၆) လအတွင်း ထောက်ခံချက်မရပါက ထုတ်လုပ်မှုရပ်ဆိုင်းစပြေီး ဈေးကွက်အတွင်း ဖြန့်ဖြူးထားသည့်ကုန်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရန်အတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ကြေညာချက် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~