တက္ကသိုလ်ဝင်တန်း မအောင်မြင်သော ကျောင်းပြင်ပလူငယ်များ အတွက် တာချီလိတ်တွင် အသက်မွေးဝမ်းကြောင်း သင်တန်းအဖြစ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ မည်သူမဆို ဇွန်လ(၂၄)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်

တက္ကသိုလ်ဝင်တန်း မအောင်မြင်သော ကျောင်းပြင်ပလူငယ်များ အတွက် တာချီလိတ်တွင် အသက်မွေးဝမ်းကြောင်း သင်တန်းအဖြစ် အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ မည်သူမဆို ဇွန်လ(၂၄)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်
ဇှနျ 18, 2017
By Tachileik News Agency





သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် အသက်(၁၆)နှစ်မှ အသက်(၂၀)အကြားရှိ လူငယ်များ ဖြစ်ရပြီး သင်တန်းနှစ်ခုလုံးတွင် မိမိတို့ တက်ရောက်လိုသော သင်တန်းတစ်ခုခု အတွက် စာရင်းပေးသွင်း လိုပါက ၂၀၁၇ခုနှစ် ဇွန်လ(၂၄)ရက်နေ့အား နောက်ဆုံး စာရင်းပေးသွင်းရက် အဖြစ် သတ်မှတ်ထားရှိသည့် အတွက် ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တက္ကသိုလ်ဝင်တန်း မအောင်မြင်သော ကျောင်းပြင်ပလူငယ်များ အတွက် အသက်မွေးဝမ်းကြောင်း သင်တန်းအဖြစ် တာချီလိတ်မြို့ရှိ တိုင်းရင်းသား လူငယ်အဖွဲ့၊ ရပ်ရွာအကျိုးပြုလူမှုကူညီရေးအဖွဲ့က အဆောင်နေ(၄)လ သင်တန်းနှင့်အတူ အပတ်စဉ် စနေနေ့တိုင်းဖွင့်လှစ်မည့် သင်တန်းများအား အခမဲ့ လက်ခံ ပို့ချပေးသွားမည်ဖြစ်သည့်အတွက် ဇွန်လ(၂၄)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်းနှင့် လူဦးရေ ကန့်သတ်ထားရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း မအောင်မြင်သော ကျောင်းပြင်ပလူငယ်များ အတွက် အသက်မွေးဝမ်းကြောင်း သင်တန်းအဖြစ် အဆောင်နေ(၄)လ သင်တန်းများကို အခမဲ့ ပို့ချပေးရာတွင် အစားအသောက် နှင့် အအေးပြုလုပ်နည်းသင်တန်း ( ဟိုတယ်နှင့်စားသောက်ဆိုင် ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ )၊ လက်လီလက်ကားနှင့် လျှပ်စစ်ပြုပြင်ရေးသင်တန်း ( လက်ကိုင်ဖုန်း နှင့် လက်လီလက်ကား ရောင်းဝယ်မှုများ )၊ ရပ်ကွက်ကျန်းမာရေးနှင့် ပညာရေး ( သူနာပြု (သို့) သင်ကြားရေးလက်ထောက်) နှင့် ခေတ်မှီစိုက်ပျိုးရေးနှင့် ဥယျာဉ်စိုက်ပျိုးခြင်းသင်တန်း(စီးပွားရေးလုပ်ငန်း) စသည့် သင်တန်းများကို လက်တွေ့ ကျကျ သင်ကြားပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အချိန်မပေးနိုင်သူများအတွက် ဇူလိုင်လ(၂၄)ရက်နေ့မှ စ၍ အပတ်စဉ် စနေနေ့များတွင် စနေနေ့ လှုပ်ရှားမှုသင်တန်းအဖြစ် ဘဝကျွမ်းကျင်မှုပိုင်းဆိုင်ရာများ၊ အဖွဲ့ဖြင့် လုပ်ဆောင်မှုကို ကျွမ်းကျင်စေနိုင်မည့် အဖွဲ့လိုက်ဂိမ်းဆော့ကစားခြင်း နှင့် ကွန်ပျူတာ အခြေခံများ၊ အင်တာနက်အသုံးပြုမှု သင်တန်းများကို အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အပတ်စဉ် စနေနေ့တွင် ဖွင့်လှစ်မည့် သင်တန်းများတွင်လည်း တက်ရောက်လိုပါက ဇွန်လ(၂၄)ရက်နေ့တွင် စာရင်းပေးသွင်းထားရမည် ဖြစ်သည်။

သင်တန်းသို့ တက်ရောက်လိုသူများအနဖြေင့် အသက်(၁၆)နှစ်မှ အသက်(၂၀)အကြားရှိ လူငယ်များ ဖြစ်ရပြီး သင်တန်းနှစ်ခုလုံးတွင် မိမိတို့ တက်ရောက်လိုသော သင်တန်းတစ်ခုခု အတွက် စာရင်းပေးသွင်း လိုပါက ၂၀၁၇ခုနှစ် ဇွန်လ(၂၄)ရက်နေ့အား နောက်ဆုံး စာရင်းပေးသွင်းရက် အဖြစ် သတ်မှတ်ထားရှိသည့် အတွက် ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လူငယ်အဖွဲ့၊ ရပ်ရွာအကျိုးပြုလူမှုကူညီရေးအဖွဲ့
( အသက်မွေးဝမ်းကျောင်းသင်တန်း - တာချီလိတ်ခရိုင် )
အမှတ်(၅/၆၈)၊ (၅)လမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့။
မြန်မာဖုန်း - 0945048007၊ ထိုင်းဖုန်း 0808432855

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~