တာခ်ီလိတ္တြင္ ဘဏ္ေခ်းေငြတင္သည့္ အိမ္ၿခံေျမမ်ားရာျဖတ္ႏႈန္းထား ၂၀၁၇ ခုႏွစ္အတြင္း ေလွ်ာ့ခ်လာ

တာခ်ီလိတ္တြင္ ဘဏ္ေခ်းေငြတင္သည့္ အိမ္ၿခံေျမမ်ားရာျဖတ္ႏႈန္းထား ၂၀၁၇ ခုႏွစ္အတြင္း ေလွ်ာ့ခ်လာ
ဇွန် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕တြင္ ဘဏ္ေခ်းေငြအတြက္ အိမ္ၿခံေျမ ရာျဖတ္သည့္ႏႈန္းထား ၂၀၁၇ ခုႏွစ္အတြင္း ယခင္ထက္ ေလွ်ာ့ခ်လာေၾကာင္း ျမန္မာႏုိင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း (တာခ်ီလိတ္ရံုးခြဲ) ထံမွ သိရသည္။

“ဘဏ္ေခ်းေငြထုတ္ေပးတဲ့ အခ်ိန္မွာ ေနာက္ပိုင္း ၂၀၁၇ ေလာက္ေရာက္ေတာ့ ဘဏ္ေတြက ကၽြန္ေတာ္တို႔ တင္သေလာက္မ်ားမ်ားစားစား မေပးေတာ့ဘူး။ ျပည္နယ္အစိုးရက အိမ္ၿခံေျမနဲ႔ပတ္သက္လို႔ ကိုင္တြယ္မယ္ ဆိုေတာ့ ဘဏ္ေတြက ရာျဖတ္ေတြ သတ္မွတ္ထားတဲ့ ေစ်းႏႈန္းေတြကို ျပဳျပင္ေျပာင္းလဲၿပီး ျပန္ေလွ်ာ့ၿပီး ခန္႔မွန္းတယ္။ ေခ်းေငြကိုလည္း တင္ထားတာ သိန္းႏွစ္ေထာင္ဆိုရင္ တစ္ေထာင္ေလာက္ပဲ ခ်ေပးေတာ့တာေပါ့” ဟု ျမန္မာႏုိင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း တာခ်ီလိတ္ရံုးခြဲမွ ဥကၠဌ ဦးဝင္းေက်ာ္က ေျပာသည္။

တာခ်ီလိတ္အိမ္ၿခံေျမေစ်းကြက္မွာ အေရာင္းအဝယ္ေအးေနသည့္ အတြက္ အိမ္ၿခံေျမပိုင္ရွင္မ်ား ဘဏ္ေခ်းေငြ ရယူႏုိင္ေရးကို ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း တာခ်ီလိတ္ရံုးခြဲက ကေမၻာဇဘဏ္ႏွင့္ ခ်ိတ္ဆက္၍ ၂၀၁၆ ခုႏွစ္ကတည္းက ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

“ဘဏ္ကလိုအပ္တဲ့ စာရြက္စာတမ္းေတြ ကူညီၿပီးတင္ေပးတာပါ။ ေလာေလာဆယ္ကုစားတဲ့ အေျခ အေနေပါ့။ အျပင္မွာဆို အတိုးေတြ အျမတ္အစြန္းေတြ အမ်ားႀကီးေပးရမွာ။ ဘဏ္က်ေတာ့ သက္သာတယ္ေလ။ ဘဏ္ေခ်းေငြအတြက္ တင္ေပးတဲ့ အႀကိမ္ေရကေတာ့ ငါးဆယ္ေလာက္ရိွၿပီ။ အေရာင္းအဝယ္က မျဖစ္ေတာ့ သူတုိ႔ ေရာင္းမထြက္ခ်ိန္မွာ ဘဏ္ေခ်းေငြနဲ႔ ခဏေမွးထားေပါ့ဗ်ာ။ အေရာင္းအဝယ္ျဖစ္ေတာ့မွ ျပန္ဆပ္ေပါ့။ ဘဏ္တိုးက တစ္ႏွစ္မွ ၁၃ ရာခုိင္ႏႈန္းပဲရိွတယ္ေလ”ဟု ဦးဝင္းေက်ာ္က ေျပာသည္။

အိမ္ၿခံေျမအေပါင္ျဖင့္ ဘဏ္ေခ်းေငြတင္ေပးျခင္းေၾကာင့္ အိမ္ၿခံေျမအေရာင္းအဝယ္ေစ်းကြက္မွာ ေစ်းႏႈန္း ပံုမွန္အတိုင္း ရိွေနေၾကာင္း အိမ္ၿခံေျမအေရာင္းအဝယ္လုပ္ငန္း လုပ္ကိုင္သူမ်ားထံမွ သိရသည္။

“ဘဏ္ေခ်းေငြတင္တာက အေရာင္းၾကာေနတဲ့အခ်ိန္မ်ိဳးမွာ အေရးေပၚလိုအပ္ရင္ တင္ၾကတာဆိုေတာ့ အိမ္ၿခံေျမေစ်းကြက္အေပၚမွာေတာ့ သက္ေရာက္မႈမရိွပါဘူး။ အေရာင္းအဝယ္ကေတာ့ ပံုမွန္ပါပဲ။ ၿမိဳ႕ကြက္သစ္ေတြဘက္မွာကလည္း ေစ်းသက္သာေတာ့ သူ႔ေစ်းနဲ႔သူေတာ့ အေရာင္းအဝယ္ျဖစ္ေနပါတယ္” ဟု ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း တာခ်ီလိတ္ရံုးခြဲမွ နာယက ေဒၚၾကည္ၾကည္သန္းက ေျပာသည္။

အခ်ိဳ႕စာရြက္စာတမ္းမျပည့္စံုသည့္ အိမ္ၿခံေျမပိုင္ရွင္မ်ားအေနျဖင့္ ဘဏ္ေခ်းေငြတင္သည့္ကာလအတြင္း အခ်ိန္ၾကန္႔ၾကာေနပါက ျမန္မာႏိုင္ငံအိမ္ၿခံေျမဝန္ေဆာင္မႈအသင္း တာခ်ီလိတ္ရံုးခြဲက ေခ်းေငြ ထုတ္ေခ်းေပးထားၿပီး ဘဏ္ေခ်းေငြရရိွမွ အသင္းထံျပန္လည္ေပးသြင္းရန္ကိုလည္း ညိႇႏိႈင္း ေဆာင္ရြက္ေပးမႈမ်ားရိွေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈအသင္း တာခ်ီလိတ္ရံုးခြဲတြင္ အသင္းဝင္ေပါင္း (၈၀)ေက်ာ္ရိွေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ဘဏ်ချေးငွေအတွက် အိမ်ခြံမြေ ရာဖြတ်သည့်နှုန်းထား ၂၀၁၇ ခုနှစ်အတွင်း ယခင်ထက် လျှော့ချလာကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (တာချီလိတ်ရုံးခွဲ) ထံမှ သိရသည်။

“ဘဏ်ချေးငွေထုတ်ပေးတဲ့ အချိန်မှာ နောက်ပိုင်း ၂၀၁၇ လောက်ရောက်တော့ ဘဏ်တွေက ကျွန်တော်တို့ တင်သလောက်များများစားစား မပေးတော့ဘူး။ ပြည်နယ်အစိုးရက အိမ်ခြံမြေနဲ့ပတ်သက်လို့ ကိုင်တွယ်မယ် ဆိုတော့ ဘဏ်တွေက ရာဖြတ်တွေ သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေကို ပြုပြင်ပြောင်းလဲပြီး ပြန်လျှော့ပြီး ခန့်မှန်းတယ်။ ချေးငွေကိုလည်း တင်ထားတာ သိန်းနှစ်ထောင်ဆိုရင် တစ်ထောင်လောက်ပဲ ချပေးတော့တာပေါ့” ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း တာချီလိတ်ရုံးခွဲမှ ဥက္ကဌ ဦးဝင်းကျော်က ပြောသည်။

တာချီလိတ်အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်အေးနေသည့် အတွက် အိမ်ခြံမြေပိုင်ရှင်များ ဘဏ်ချေးငွေ ရယူနိုင်ရေးကို မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း တာချီလိတ်ရုံးခွဲက ကမ္ဘောဇဘဏ်နှင့် ချိတ်ဆက်၍ ၂၀၁၆ ခုနှစ်ကတည်းက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

“ဘဏ်ကလိုအပ်တဲ့ စာရွက်စာတမ်းတွေ ကူညီပြီးတင်ပေးတာပါ။ လောလောဆယ်ကုစားတဲ့ အခြေ အနေပေါ့။ အပြင်မှာဆို အတိုးတွေ အမြတ်အစွန်းတွေ အများကြီးပေးရမှာ။ ဘဏ်ကျတော့ သက်သာတယ်လေ။ ဘဏ်ချေးငွေအတွက် တင်ပေးတဲ့ အကြိမ်ရေကတော့ ငါးဆယ်လောက်ရှိပြီ။ အရောင်းအဝယ်က မဖြစ်တော့ သူတို့ ရောင်းမထွက်ချိန်မှာ ဘဏ်ချေးငွေနဲ့ ခဏမှေးထားပေါ့ဗျာ။ အရောင်းအဝယ်ဖြစ်တော့မှ ပြန်ဆပ်ပေါ့။ ဘဏ်တိုးက တစ်နှစ်မှ ၁၃ ရာခိုင်နှုန်းပဲရှိတယ်လေ”ဟု ဦးဝင်းကျော်က ပြောသည်။

အိမ်ခြံမြေအပေါင်ဖြင့် ဘဏ်ချေးငွေတင်ပေးခြင်းကြောင့် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်မှာ ဈေးနှုန်း ပုံမှန်အတိုင်း ရှိနေကြောင်း အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“ဘဏ်ချေးငွေတင်တာက အရောင်းကြာနေတဲ့အချိန်မျိုးမှာ အရေးပေါ်လိုအပ်ရင် တင်ကြတာဆိုတော့ အိမ်ခြံမြေဈေးကွက်အပေါ်မှာတော့ သက်ရောက်မှုမရှိပါဘူး။ အရောင်းအဝယ်ကတော့ ပုံမှန်ပါပဲ။ မြို့ကွက်သစ်တွေဘက်မှာကလည်း ဈေးသက်သာတော့ သူ့ဈေးနဲ့သူတော့ အရောင်းအဝယ်ဖြစ်နေပါတယ်” ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း တာချီလိတ်ရုံးခွဲမှ နာယက ဒေါ်ကြည်ကြည်သန်းက ပြောသည်။

အချို့စာရွက်စာတမ်းမပြည့်စုံသည့် အိမ်ခြံမြေပိုင်ရှင်များအနဖြေင့် ဘဏ်ချေးငွေတင်သည့်ကာလအတွင်း အချိန်ကြန့်ကြာနေပါက မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း တာချီလိတ်ရုံးခွဲက ချေးငွေ ထုတ်ချေးပေးထားပြီး ဘဏ်ချေးငွေရရှိမှ အသင်းထံပြန်လည်ပေးသွင်းရန်ကိုလည်း ညှိနှိုင်း ဆောင်ရွက်ပေးမှုများရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း တာချီလိတ်ရုံးခွဲတွင် အသင်းဝင်ပေါင်း (၈၀)ကျော်ရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~