စားသံုးသူအခြင့္အေရး ေျဖရွင္းေပးမည့္ စင္တာမ်ား ရွမ္းျပည္နယ္၏ ခရိုင္ၿမိဳ႕တိုင္းတြင္ ဖြင့္လွစ္မည္

စားသံုးသူအခြင့္အေရး ေျဖရွင္းေပးမည့္ စင္တာမ်ား ရွမ္းျပည္နယ္၏ ခရိုင္ၿမိဳ႕တိုင္းတြင္ ဖြင့္လွစ္မည္
ဇွန် 25, 2017
By Tachileik News Agency

စားသုံုးသူအခြင့္အေရးဆိုင္ရာ ကိစၥရပ္မ်ားအား ေျဖရွင္းေဆြးေႏြး အႀကံေပးမည့္ စားသံုးသူ သတင္းျပန္ၾကားေရးႏွင့္ တုိင္ၾကားမႈလက္ခံေဆာင္ရြက္ေရးစင္တာမ်ားအား ရွမ္းျပည္နယ္ရိွ ခရိုင္အားလံုးတြင္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာနထံမွ သိရသည္။

“စားသံုးသူအခြင့္အေရးနဲ႔ ပတ္သက္လာရင္ စားသံုးသူဖက္ကျဖစ္ျဖစ္ ထုတ္လုပ္သူဖက္ကျဖစ္ျဖစ္ တိုင္ၾကားမႈေတြ၊ အႀကံျပဳခ်က္ရယူတာေတြ၊ ေဆြးေႏြးတာေတြလုပ္ႏုိင္ဖို႔အတြက္ပါ။ စားသံုးသူဖက္ကဆိုရင္ ဒါေတြက တုိင္သင့္လား မတိုင္သင့္လား ။ အႀကံဥာဏ္ရယူတာမ်ိဳးေတြ၊ ေနာက္ လုပ္ငန္းရွင္ေတြဖက္က သူတို႔ထုတ္ကုန္ေတြနဲ႔ပတ္သက္လို႔ စားသံုးသူအခြင့္အေရးနဲ႔ညီညြတ္ေအာင္ ဘာေတြလုပ္မလဲစတာေတြ တုိင္ပင္ေဆြးေႏြးခ်င္တာမ်ိဳးေတြမွာ ေဆြးေႏြးအႀကံေပးတာေတြလည္း လုပ္ေပးဖို႔အတြက္ပါ” ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စင္တာမ်ား ဖြင့္လွစ္ျခင္းသည္ ကုန္စည္အေရာင္းအဝယ္ႏွင့္ ဝန္ေဆာင္မႈမ်ားတြင္ စားသံုးသူမ်ား နစ္နာမႈရိွလွ်င္ တုိင္ၾကားမႈမ်ားအား လက္ခံေပးရန္အျပင္ ထုတ္လုပ္သူလုပ္ငန္းရွင္မ်ားအေနျဖင့္ စားသံုးသူ အခြင့္အေရးႏွင့္ညီညြတ္သည့္ ထုတ္ကုန္မ်ားျဖစ္ေစေရး ေဆြးေႏြးအႀကံေပးျခင္းကိုပါ လုပ္ေဆာင္ရန္ ျဖစ္ေၾကာင္း သိရသည္။

စင္တာမ်ားအား ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီး၊ လားရိႈးႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ားတြင္ ဖြင့္လွစ္ထားၿပီး လက္ရိွတြင္ ေအာင္ပန္းၿမိဳ႕၌ ဆက္လက္ဖြင့္လွစ္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ လက္ရိွမွာ ေအာင္ပန္းမွာ ဖြင့္ဖို႔ စီစဥ္ေနပါတယ္။ ေနာက္ထပ္ မူဆယ္တို႔ ေက်ာက္မဲတို႔မွာလည္း ဆက္ၿပီး ဖြင့္လွစ္သြားမွာပါ။ တစ္ျပည္နယ္လံုး အတိုင္းအတာနဲ႔ ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔မွာ ထူးျခားတာက အရင္က ကုန္သြယ္လယ္ယာေပါ့ေနာ္။ အခုေတာ့ ကုန္သြယ္ေရးရံုးေတြက ၿမိဳ႕နယ္တိုင္းမွာ မရိွဘူး။ ဒီေတာ့ ဒုတိယအဆင့္ အေနနဲ႔ကေတာ့ ရံုးရိွတဲ့ ၿမိဳ႕တုိင္း၊ ခရိုင္တိုင္းမွာ ဖြင့္လွစ္ဖို႔ ေဆာင္ရြက္ထားပါတယ္။ ေနာက္တစ္ဆင့္ကေတာ့ ခရိုင္ၿမိဳ႕ေတြျဖစ္ေနတယ္။ ရံုးမရိွဘူး ဆိုရင္ေတာင္ ခရိုင္အုပ္ခ်ဳပ္ေရးရံုးေတြမွာ တြဲၿပီး ဖြင့္လွစ္ႏုိင္ေအာင္ ေဆာင္ရြက္သြားဖို႔ရိွပါတယ္”ဟု ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

အဆိုပါ စင္တာမ်ားသို႔ စားသံုးသူ အခြင့္အေရးဆုိင္ရာ တုိင္ၾကားမႈမ်ားအား စားသံုးသူအျငင္းပြားမႈ ေျဖရွင္းေရး အဖြဲ႕မ်ားျဖင့္ အဆင့္ဆင့္ တင္ျပေျဖရွင္းေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

“တုိင္ၾကားမႈေတြ လက္ခံရာမွာ တုိင္ၾကားသူဆိုင္ရာ အခ်က္အလက္ေတြကို ကၽြန္ေတာ္တို႔က လူပုဂၢိဳလ္ေရး အရေတာ့ လွ်ိဳ႕ဝွက္ထားရတာေပါ့။ သို႔ေသာ္ တုိင္ၾကားမႈအေပၚမူတည္ၿပီးေတာ့ ဝန္ေဆာင္မႈနဲ႔ ပတ္သက္ၿပီးေတာ့ တုိင္ၾကားတာမ်ိဳးမွာေတာ့ တုိင္ၾကားမႈအေပၚမူတည္ၿပီး ရွင္းေပးရပါတယ္။ ဥပမာ ေဘာင္ခ်ာနဲ႔ ပတ္သက္တဲ့ဟာမ်ိဳး ဆိုရင္ေတာ့ တုိင္ၾကားသူရဲ႕နာမည္နဲ႔ ရွင္းရတာေပါ့။ ႏွစ္ဦး ႏွစ္ဖက္ျဖစ္ေနတဲ့ ဝန္ေဆာင္မႈနဲ႔ ပတ္သက္တဲ့ ျပႆနာမ်ိဳးေတြေပါ့။ အဲဒီလိုမ်ိဳးမွာ ကၽြန္ေတာ္တုိ႔က ႏွစ္ဖက္ညိႇႏိႈင္းဖို႔ လုပ္ေဆာင္ေပးရတယ္။ ႏွစ္ဖက္ညိႇႏိႈင္းလို႔ မရဘူးဆိိုမွ အဆင့္ဆင့္ ေျဖရွင္း ေဆာင္ရြက္တာပါ” ဟု ဦးမင္းေအာင္က ေျပာသည္။

ရွမ္းျပည္နယ္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ ဥကၠဌအျဖစ္ ျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးညႊန္႔လြင္က တာဝန္ယူထားၿပီး ခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မ်ား၏ ဥကၠဌမ်ားအျဖစ္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးမ်ားက တာဝန္ယူေဆာင္ရြက္ေနေၾကာင္း သိရသည္။

တုိင္ၾကားမႈလက္ခံေျဖရွင္းေပးႏုိင္ေရးအတြက္ စင္တာမ်ားဖြင့္လွစ္ေဆာင္ရြက္ရန္ ၂၀၁၆ ခုႏွစ္ ႏွစ္ကုန္မွစ၍ ညႊန္ၾကားခ်က္ရရိွထားျခင္းျဖစ္ၿပီး ၂၀၁၇ ႏွစ္စပိုင္းမွစ၍ အေကာင္အထည္ စတင္ေဖာ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

စားသုံးသူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းဆွေးနွေး အကြံပေးမည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများအား ရှမ်းပြည်နယ်ရှိ ခရိုင်အားလုံးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

“စားသုံးသူအခွင့်အရေးနဲ့ ပတ်သက်လာရင် စားသုံးသူဖက်ကဖြစ်ဖြစ် ထုတ်လုပ်သူဖက်ကဖြစ်ဖြစ် တိုင်ကြားမှုတွေ၊ အကြံပြုချက်ရယူတာတွေ၊ ဆွေးနွေးတာတွေလုပ်နိုင်ဖို့အတွက်ပါ။ စားသုံးသူဖက်ကဆိုရင် ဒါတွေက တိုင်သင့်လား မတိုင်သင့်လား။ အကြံဉာဏ်ရယူတာမျိုးတွေ၊ နောက် လုပ်ငန်းရှင်တွေဖက်က သူတို့ထုတ်ကုန်တွေနဲ့ပတ်သက်လို့ စားသုံးသူအခွင့်အရေးနဲ့ညီညွတ်အောင် ဘာတွေလုပ်မလဲစတာတွေ တိုင်ပင်ဆွေးနွေးချင်တာမျိုးတွေမှာ ဆွေးနွေးအကြံပေးတာတွေလည်း လုပ်ပေးဖို့အတွက်ပါ” ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စင်တာများ ဖွင့်လှစ်ခြင်းသည် ကုန်စည်အရောင်းအဝယ်နှင့် ဝန်ဆောင်မှုများတွင် စားသုံးသူများ နစ်နာမှုရှိလျှင် တိုင်ကြားမှုများအား လက်ခံပေးရန်အပြင် ထုတ်လုပ်သူလုပ်ငန်းရှင်များအနဖြေင့် စားသုံးသူ အခွင့်အရေးနှင့်ညီညွတ်သည့် ထုတ်ကုန်များဖြစ်စေရေး ဆွေးနွေးအကြံပေးခြင်းကိုပါ လုပ်ဆောင်ရန် ဖြစ်ကြောင်း သိရသည်။

စင်တာများအား ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့များတွင် ဖွင့်လှစ်ထားပြီး လက်ရှိတွင် အောင်ပန်းမြို့၌ ဆက်လက်ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ လက်ရှိမှာ အောင်ပန်းမှာ ဖွင့်ဖို့ စီစဉ်နေပါတယ်။ နောက်ထပ် မူဆယ်တို့ ကျောက်မဲတို့မှာလည်း ဆက်ပြီး ဖွင့်လှစ်သွားမှာပါ။ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဆိုရင်တော့ ကျွန်တော်တို့မှာ ထူးခြားတာက အရင်က ကုန်သွယ်လယ်ယာပေါ့နော်။ အခုတော့ ကုန်သွယ်ရေးရုံးတွေက မြို့နယ်တိုင်းမှာ မရှိဘူး။ ဒီတော့ ဒုတိယအဆင့် အနေနဲ့ကတော့ ရုံးရှိတဲ့ မြို့တိုင်း၊ ခရိုင်တိုင်းမှာ ဖွင့်လှစ်ဖို့ ဆောင်ရွက်ထားပါတယ်။ နောက်တစ်ဆင့်ကတော့ ခရိုင်မြို့တွဖြေစ်နေတယ်။ ရုံးမရှိဘူး ဆိုရင်တောင် ခရိုင်အုပ်ချုပ်ရေးရုံးတွေမှာ တွဲပြီး ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

အဆိုပါ စင်တာများသို့ စားသုံးသူ အခွင့်အရေးဆိုင်ရာ တိုင်ကြားမှုများအား စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့များဖြင့် အဆင့်ဆင့် တင်ပြဖြေရှင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“တိုင်ကြားမှုတွေ လက်ခံရာမှာ တိုင်ကြားသူဆိုင်ရာ အချက်အလက်တွေကို ကျွန်တော်တို့က လူပုဂ္ဂိုလ်ရေး အရတော့ လျှို့ဝှက်ထားရတာပေါ့။ သို့သော် တိုင်ကြားမှုအပေါ်မူတည်ပြီးတော့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားတာမျိုးမှာတော့ တိုင်ကြားမှုအပေါ်မူတည်ပြီး ရှင်းပေးရပါတယ်။ ဥပမာ ဘောင်ချာနဲ့ ပတ်သက်တဲ့ဟာမျိုး ဆိုရင်တော့ တိုင်ကြားသူရဲ့နာမည်နဲ့ ရှင်းရတာပေါ့။ နှစ်ဦး နှစ်ဖက်ဖြစ်နေတဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ပြဿနာမျိုးတွေပေါ့။ အဲဒီလိုမျိုးမှာ ကျွန်တော်တို့က နှစ်ဖက်ညှိနှိုင်းဖို့ လုပ်ဆောင်ပေးရတယ်။ နှစ်ဖက်ညှိနှိုင်းလို့ မရဘူးဆိုမှ အဆင့်ဆင့် ဖြေရှင်း ဆောင်ရွက်တာပါ” ဟု ဦးမင်းအောင်က ပြောသည်။

ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဥက္ကဌအဖြစ် ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က တာဝန်ယူထားပြီး ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၏ ဥက္ကဌများအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူးများက တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။

တိုင်ကြားမှုလက်ခံဖြေရှင်းပေးနိုင်ရေးအတွက် စင်တာများဖွင့်လှစ်ဆောင်ရွက်ရန် ၂၀၁၆ ခုနှစ် နှစ်ကုန်မှစ၍ ညွှန်ကြားချက်ရရှိထားခြင်းဖြစ်ပြီး ၂၀၁၇ နှစ်စပိုင်းမှစ၍ အကောင်အထည် စတင်ဖော်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~