ေက်ာက္မဲတြင္ မူးယစ္ေဆးဝါးႏွိမ္ႏွင္းေရးပရဟိတအဖြဲ႔၏ ရိုက္ႏွက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ေသဆံုး

ေက်ာက္မဲတြင္ မူးယစ္ေဆးဝါးႏွိမ္ႏွင္းေရးပရဟိတအဖြဲ႔၏ ရိုက္ႏွက္မႈေၾကာင့္ အမ်ိဳးသားတစ္ဦး ေသဆံုး
ဇွန် 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ၊ ရပ္ကြက္(၇)တြင္ ေက်းရြာမူးယစ္ေဆးဝါးတားဆီးေရးအဖြဲ႔ထံ မူးယစ္ေဆးျဖတ္ရန္ ဇနီးျဖစ္သူ ခြင့္ျပဳခ်က္ျဖင့္ အပ္ႏွံထားသည့္ အမ်ိဳးသားတစ္ဦး အဆိုပါအဖြဲ႔၏ ရိုက္ႏွက္မႈေၾကာင့္ ေသဆံုးသြားသျဖင့္ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

“ခင္ပြန္းျဖစ္သူက မူးယစ္ေဆးဝါးစြဲေနၿပီး မိသားစုကိုၿခိမ္းေျခာက္တာေတြရွိလာတဲ့အတြက္ ဇနီးျဖစ္သူကေန ေက်းရြာလူႀကီးေတြနဲ႔ တိုင္ပင္ၿပီးေတာ့ မူးယစ္ေဆးဝါးတားဆီးေရးအဖြဲ႔ကို အပ္လိုက္တယ္။ ဇြန္လ(၁၉) ရက္ေန႔ မွာ မူးယစ္ေဆးဝါးတားဆီးေရးအဖြဲ႔က အဲဒီအမ်ိဳးသားကို ဝိုင္းဝန္း ထိန္းသိမ္းထားတာကို လာၾကည့္ဖို႔ ဖုန္းဆက္ေခၚတဲ့အတြက္ ဇနီးျဖစ္သူသြားၾကည့္တဲ့အခ်ိန္မွာ ရိုက္ႏွက္ခံရတဲ့ ဒဏ္ရာေတြနဲ႔ ေသဆံုးေနတာကိုေတြ႔ရတဲ့ အတြက္ စခန္းမွာအမႈလာဖြင့္ထားတာ ျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ ရဲအရာရွိက ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ တံခြန္တုိင္(ေျမာက္ရြာ)မွ အသက္ (၄၆)ႏွစ္အရြယ္ စိုင္းဆာထြန္း (ခ) စိုင္းထြန္းျမတ္သည္ လြန္ခဲ့သည့္ႏွစ္ ႏွစ္ ကတည္းက မူးယစ္ေဆးစတင္ စြဲလာၿပီး လြန္ခဲ့သည့္ ငါးလခန္႔က ဇနီးျဖစ္သူႏွင့္ မိသားစုအား ၿခိမ္းေျခာက္သျဖင့္ ဇနီးျဖစ္သူေဒၚနန္းေအးေအာင္က မိခင္၏ေနအိမ္တြင္ျပန္၍ ေနထုိင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

တစ္ဦးတည္း ေနထိုင္ေသာ ခင္ပြန္းျဖစ္သူအား ကုသေပးႏုိင္ရန္ ဇြန္လ (၁၉)ရက္ ေန႔လယ္ (၁၂)နာရီခန္႔က တံခြန္တိုင္ေက်းရြာမွ ေက်းရြာလူႀကီးမ်ား၊ ေက်းရြာမူးယစ္ေဆးတားဆီးေရးအဖြဲ႕တုိ႔ျဖင့္ တုိင္ပင္ၿပီး မူးယစ္ေဆးျဖတ္ေပးရန္ အပ္ႏွံလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်းရြာမူးယစ္ေဆးဝါးတားဆီးေရးအဖြဲ႕က ဇြန္လ (၁၉)ရက္ေန႔ ညပိုင္းတြင္ စိုင္းဆာထြန္းအား ေနအိမ္သို႔ သြားေရာက္ေခၚေဆာင္ၿပီး မူးယစ္ေဆးျဖတ္ေပးမည္ဆိုသျဖင့္ ေနအိမ္သို႔ျပန္သြားၿပီး ည (၁၀)နာခြဲခန္႔တြင္ ေဒၚနန္းေအးေအာင္ထံ နယ္ေျမမွဴးက ဖုန္းဆက္သြယ္၍အေၾကာင္းၾကားသျဖင့္ သြားေရာက္ၾကည့္ရႈရာ ေနအိမ္၏အေနာက္ဘက္ ေပ(၅၀)ခန္႔တြင္ ဒဏ္ရာမ်ားျဖင့္ လဲက်ေသဆံုးေနသည့္ ခင္ပြန္းျဖစ္သူအား ေတြ႔ရျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပခ်က္အရသိရသည္။

“အဲဒီလူကို မူးယစ္တားဆီးေရးအဖြဲ႔ကေခၚတဲ့အခ်ိန္မွာ အသာတၾကည္မလိုက္လို႔ဆိုၿပီး လူ(၃၀)ေလာက္ ဝိုင္းရိုက္ၾကလို႔ ေသသြားတယ္လို႔သိရတယ္၊၊ ရဲကိုအေၾကာင္း မၾကားဘဲနဲ႔ ေဆးရံုကိုသယ္တယ္လို႔ ေျပာတယ္။ အဲဒီမွာ ရဲကသိသြားတဲ့အခ်ိန္မွာ အမႈဖြင့္ထားတယ္လို႔ေတာ့ သိရတယ္”ဟု ၿမိဳ႕ခံ ပရဟိတအသင္းသားတစ္ဦးက ေျပာသည္။

မူးယစ္ေဆးဝါးတားဆီးေရးေက်းရြာအဖြဲ႔မွ လူ(၃၀)ခန္႔က သြားေရာက္ေခၚေဆာင္စဥ္ အသာတၾကည္ မလုိက္သျဖင့္ ဝိုင္းဝန္းရိုက္ႏွက္ခဲ့ရာမွ နဖူး(ယာ)ေပါက္ၿပဲ၊ ဦးေခါင္းထိပ္ေပါက္ၿပဲ၊ ဝဲဘက္ရင္အံုညိဳမဲ ဒဏ္ရာမ်ားျဖင့္ ေသဆံုးသြားသျဖင့္ ဝိုင္းဝန္းရိုက္ႏွက္သူမ်ားအား စံုစမ္းေဖာ္ထုတ္ေပးပါရန္ ဇနီးျဖစ္သူက အမႈဖြင့္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။

“ေသရတာကေတာ့ သူ႔မွာရထားတဲ့ဒဏ္ရာေတြထဲကတစ္ခုခုေၾကာင့္ ေသရတာ။ ရင္ခြဲစစ္ေဆးထားတဲ့ အေျဖ ထြက္မလာေသးတဲ့အတြက္ ဘယ္ဒဏ္ရာေၾကာင့္ ေသရတယ္ဆိုတာကို မသိရေသးဘူး။ စစ္ေဆးခ်က္ထြက္ လာရင္ေတာ့ ဝိုင္းဝန္းရိုက္ႏွက္ခဲ့တဲ့ လူ(၃၀)ထဲကေန စံုစမ္းေဖာ္ထုတ္ရမွာျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

အဆိုပါ လူေသဆံုးမႈႏွင့္ပတ္သက္၍ ေသဆံုးသူ၏ဇနီးျဖစ္သူကတုိင္ၾကားခ်က္အရ ေက်ာက္မဲၿမိဳ႕မ ရဲစခန္းတြင္ (ပ)၁၁၈/၂၀၁၇၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ(၃၀၂)ျဖင့္ ဇြန္လ(၂၀)ရက္ေန႔တြင္ အမႈဖြင့္လက္ခံစစ္ေဆးလ်က္ရွိ ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ ရပ်ကွက်(၇)တွင် ကျေးရွာမူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့ထံ မူးယစ်ဆေးဖြတ်ရန် ဇနီးဖြစ်သူ ခွင့်ပြုချက်ဖြင့် အပ်နှံထားသည့် အမျိုးသားတစ်ဦး အဆိုပါအဖွဲ့၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားသဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

“ခင်ပွန်းဖြစ်သူက မူးယစ်ဆေးဝါးစွဲနပြေီး မိသားစုကိုခြိမ်းခြောက်တာတွေရှိလာတဲ့အတွက် ဇနီးဖြစ်သူကနေ ကျေးရွာလူကြီးတွေနဲ့ တိုင်ပင်ပြီးတော့ မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့ကို အပ်လိုက်တယ်။ ဇွန်လ(၁၉) ရက်နေ့ မှာ မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့က အဲဒီအမျိုးသားကို ဝိုင်းဝန်း ထိန်းသိမ်းထားတာကို လာကြည့်ဖို့ ဖုန်းဆက်ခေါ်တဲ့အတွက် ဇနီးဖြစ်သူသွားကြည့်တဲ့အချိန်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရတဲ့ အတွက် စခန်းမှာအမှုလာဖွင့်ထားတာ ဖြစ်ပါတယ်”ဟု ကျောက်မဲမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

ကျောက်မဲမြို့နယ် တံခွန်တိုင်(မြောက်ရွာ)မှ အသက် (၄၆)နှစ်အရွယ် စိုင်းဆာထွန်း (ခ) စိုင်းထွန်းမြတ်သည် လွန်ခဲ့သည့်နှစ် နှစ် ကတည်းက မူးယစ်ဆေးစတင် စွဲလာပြီး လွန်ခဲ့သည့် ငါးလခန့်က ဇနီးဖြစ်သူနှင့် မိသားစုအား ခြိမ်းခြောက်သဖြင့် ဇနီးဖြစ်သူဒေါ်နန်းအေးအောင်က မိခင်၏နေအိမ်တွင်ပြန်၍ နေထိုင်နခြေင်းဖြစ်ကြောင်း သိရသည်။

တစ်ဦးတည်း နေထိုင်သော ခင်ပွန်းဖြစ်သူအား ကုသပေးနိုင်ရန် ဇွန်လ (၁၉)ရက် နေ့လယ် (၁၂)နာရီခန့်က တံခွန်တိုင်ကျေးရွာမှ ကျေးရွာလူကြီးများ၊ ကျေးရွာမူးယစ်ဆေးတားဆီးရေးအဖွဲ့တို့ဖြင့် တိုင်ပင်ပြီး မူးယစ်ဆေးဖြတ်ပေးရန် အပ်နှံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာမူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့က ဇွန်လ (၁၉)ရက်နေ့ ညပိုင်းတွင် စိုင်းဆာထွန်းအား နေအိမ်သို့ သွားရောက်ခေါ်ဆောင်ပြီး မူးယစ်ဆေးဖြတ်ပေးမည်ဆိုသဖြင့် နေအိမ်သို့ပြန်သွားပြီး ည (၁၀)နာခွဲခန့်တွင် ဒေါ်နန်းအေးအောင်ထံ နယ်မြေမှူးက ဖုန်းဆက်သွယ်၍အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုရာ နေအိမ်၏အနောက်ဘက် ပေ(၅၀)ခန့်တွင် ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည့် ခင်ပွန်းဖြစ်သူအား တွေ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြချက်အရသိရသည်။

“အဲဒီလူကို မူးယစ်တားဆီးရေးအဖွဲ့ကခေါ်တဲ့အချိန်မှာ အသာတကြည်မလိုက်လို့ဆိုပြီး လူ(၃၀)လောက် ဝိုင်းရိုက်ကြလို့ သေသွားတယ်လို့သိရတယ်၊ ရဲကိုအကြောင်း မကြားဘဲနဲ့ ဆေးရုံကိုသယ်တယ်လို့ ပြောတယ်။ အဲဒီမှာ ရဲကသိသွားတဲ့အချိန်မှာ အမှုဖွင့်ထားတယ်လို့တော့ သိရတယ်”ဟု မြို့ခံ ပရဟိတအသင်းသားတစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါးတားဆီးရေးကျေးရွာအဖွဲ့မှ လူ(၃၀)ခန့်က သွားရောက်ခေါ်ဆောင်စဉ် အသာတကြည် မလိုက်သဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ရာမှ နဖူး(ယာ)ပေါက်ပြဲ၊ ဦးခေါင်းထိပ်ပေါက်ပြဲ၊ ဝဲဘက်ရင်အုံညိုမဲ ဒဏ်ရာများဖြင့် သေဆုံးသွားသဖြင့် ဝိုင်းဝန်းရိုက်နှက်သူများအား စုံစမ်းဖော်ထုတ်ပေးပါရန် ဇနီးဖြစ်သူက အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“သေရတာကတော့ သူ့မှာရထားတဲ့ဒဏ်ရာတွေထဲကတစ်ခုခုကြောင့် သေရတာ။ ရင်ခွဲစစ်ဆေးထားတဲ့ အဖြေ ထွက်မလာသေးတဲ့အတွက် ဘယ်ဒဏ်ရာကြောင့် သေရတယ်ဆိုတာကို မသိရသေးဘူး။ စစ်ဆေးချက်ထွက် လာရင်တော့ ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ လူ(၃၀)ထဲကနေ စုံစမ်းဖော်ထုတ်ရမှာဖြစ်ပါတယ်”ဟု ကျောက်မဲမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ လူသေဆုံးမှုနှင့်ပတ်သက်၍ သေဆုံးသူ၏ဇနီးဖြစ်သူကတိုင်ကြားချက်အရ ကျောက်မဲမြို့မ ရဲစခန်းတွင် (ပ)၁၁၈/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ(၃၀၂)ဖြင့် ဇွန်လ(၂၀)ရက်နေ့တွင် အမှုဖွင့်လက်ခံစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~