က်ဳိင္းတံုတြင္ အတြင္းခံေဘာင္းဘီတြင္း စိတ္ၾကြေဆးျပားမ်ား ဝွက္၍ သယ္လာသူအား ဖမ္းဆီးရမိ

က်ဳိင္းတံုတြင္ အတြင္းခံေဘာင္းဘီတြင္း စိတ္ၾကြေဆးျပားမ်ား ဝွက္၍ သယ္လာသူအား ဖမ္းဆီးရမိ
ဇွန် 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕ရိွ ေနာင္ဖာရဲကင္းတြင္ ဇြန္လ (၁၃)ရက္ေန႔ ညေန(၄)နာရီခြဲခန္႔တြင္ ယန္းေလာရြာဘက္မွ က်ိဳင္းတုံၿမိဳ႕တြင္းဘက္သို ့ ဆိုင္ကယ္ေမာင္းႏွင္ လာသူတစ္ဦး၏ အတြင္းခံ ေဘာင္းဘီအတြင္းမွ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား (၄၀၀၀)ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေနာင္ဖာရဲကင္းတြင္ တာဝန္က်ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မူးယစ္တပ္ဖြဲ ့စု (၂၈) က်ိဳင္းတုံမွတပ္ဖြဲ႔ဝင္မ်ားသည္ သတင္းအရ ေစာင့္ဆိုင္းေနစဥ္ ယန္းေလာရြာဘက္မွ က်ိဳင္းတုံၿမိဳ႕တြင္းသို ့ နံပါတ္ျပား မပါသည့္ဆိုင္ကယ္ ေမာင္းႏွင္လာေသာ စိုင္းယီတစ္မင္းအား ရပ္တန္ ့စစ္ေဆးရာ ၎ဝတ္ဆင္လာေသာ အတြင္းခံ ေဘာင္းဘီ အတြင္းမွ WYစာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား တစ္ထုပ္လွ်င္ (၂၀၀)ျပားပါ အထုပ္ငယ္(၂၀)ထုပ္ စုစုေပါင္း (၄၀၀၀)ျပားကို စစ္ေဆးေတြ ့ရိွခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးမ်ားအား လက္၀ယ္ေတြ ့ရိွသူ စိုင္းယီတစ္မင္းအား က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးယူေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - YSK


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ နောင်ဖာရဲကင်းတွင် ဇွန်လ (၁၃)ရက်နေ့ ညနေ(၄)နာရီခွဲခန့်တွင် ယန်းလောရွာဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ ဆိုင်ကယ်မောင်းနှင် လာသူတစ်ဦး၏ အတွင်းခံ ဘောင်းဘီအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀၀)ကို ဖမ်းဆီးရမိကြောင်း သိရသည်။

နောင်ဖာရဲကင်းတွင် တာဝန်ကျရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု (၂၈) ကျိုင်းတုံမှတပ်ဖွဲ့ဝင်များသည် သတင်းအရ စောင့်ဆိုင်းနေစဉ် ယန်းလောရွာဘက်မှ ကျိုင်းတုံမြို့တွင်းသို့ နံပါတ်ပြား မပါသည့်ဆိုင်ကယ် မောင်းနှင်လာသော စိုင်းယီတစ်မင်းအား ရပ်တန့်စစ်ဆေးရာ၎င်းဝတ်ဆင်လာသော အတွင်းခံ ဘောင်းဘီ အတွင်းမှ WYစာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား တစ်ထုပ်လျှင် (၂၀၀)ပြားပါ အထုပ်ငယ်(၂၀)ထုပ် စုစုပေါင်း (၄၀၀၀)ပြားကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိသူ စိုင်းယီတစ်မင်းအား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - YSK

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~