ေကာ္ဖီ၊လက္ဖက္ တိုးျမႇင့္တင္ပို႔ႏုိင္ေရး စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားႏွင့္ ဌာနဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မည္

ေကာ္ဖီ၊လက္ဖက္ တိုးျမႇင့္တင္ပို႔ႏုိင္ေရး စိုက္ပ်ိဳးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားႏွင့္ ဌာနဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မည္
ဇွန် 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္၏ အဓိကထြက္ကုန္ ေကာ္ဖီႏွင့္လက္ဖက္အား နယ္စပ္မွတင္ပို႔ျခင္းအျပင္ ပင္လယ္ ေရေၾကာင္းႏွင့္ ေလေၾကာင္းမွ တင္ပို႔ႏုိင္ေရး၊ ျပည္ပ ကုန္စည္ျပပြဲမ်ားမွတစ္ဆင့္ ျပည္ပေစ်းကြက္မ်ား ရွာေဖြျခင္း တို႔ကို စိုက္ပ်ဳိး ထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္း ႏွင့္ ဌာနဆိုင္ရာမ်ား ပူးေပါင္း ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ေရွဆက္မယ့့္ လုပ္ငန္းစဥ္ကေတာ့ ကုန္သြယ္မႈျမွင့္တင္ေရးကို အဓိကဦးစားေပးေဆာင္ရြက္သြားမယ္။ ေစ်းကြက္ရွာေဖြမယ္။ ျပည္ပကုန္စည္ျပပြဲေတြမွာ ပါ၀င္သြားမယ္” ဟု စီးပြားေရးႏွင့္ ကူးသန္း ေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၊ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ ဒုတိယ ညြန္ၾကားေရးမွဴးခ်ဳပ္ ေဒၚေနာ္မူတာကေပါက ေျပာသည္။

ရွမ္းျပည္နယ္၏ အဓိက ထြက္ကုန္မ်ားျဖစ္သည့္ လက္ဖက္ႏွင့္ေကာ္ဖီမ်ား တိုးျမႇင့္တင္ပို႔ႏုိင္ေရးအတြက္ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ၊ ကေမၻာဇကုန္သြယ္မႈဗဟိုဌာန ၌ ေကာ္ဖီ၊ လက္ဖက္ျပည္ပ ပို႔ကုန္ျမႇင့္တင္ေရး အလုပ္ရံုေဆြးေႏြးပြဲအား ဇြန္လ (၃၀)ရက္ေန႔တြင္ က်င္းပေနျခင္းျဖစ္သည္။

“ေကာ္ဖီနဲ႔လက္ဖက္ဟာ ျပည္ပပို႔ကုန္တင္ပို႕နိုင္ဖို႕ အလားအလာေကာင္းတဲ့သီးႏွံေတြျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပို႔ကုန္ေတြကို ဘယ္လိုထုတ္လုပ္မလဲ - ဘယ္လိုျမႇင့္တင္မလဲ - ေစ်းကြက္ေတြ ဘာေတြ လိုအပ္ေနလဲ ဆိုတာကို ပူးေပါင္းေဆာင္ရြက္ဖို႕ ေဆြးေႏြးသြားမယ္။ ေဆြးေႏြးမယ့္္အပိုင္းမွာက အစိုးရက႑ကေန ပို႔ကုန္ေတြတင္ပို႔မယ္ဆိုရင္ လုပ္ထံုးလုပ္နည္းေတြ စည္းမ်ဥ္းစည္းကမ္းေတြကို ဌာနဆိုင္ရာအဖြဲ႕ေတြက ေဆြးေႏြးရွင္းျပေပးမယ္။ ပုဂၢလိကအပိုင္းကလည္း ေဆြးေႏြးမႈေတြလုပ္မယ္။ ရရွိလာတဲ့ ေဖာ္ထုတ္ခ်က္ေတြရဲ႕ ရလဒ္ေတြကို စုစည္းၿပီးသက္ဆိုင္ရာဌာနေတြကို ျပန္လည္ တင္ျပသြားမွာပါ။ ကၽြန္မတို႔ နိုင္ငံနဲ႕ သူမ်ားနိုင္ငံနဲ႕ ႏိႈင္းယွဥ္လို႕ရွိရင္ ပို႕ကုန္ေတြ အလြန္ နည္းေနေသးပါတယ္။ သူမ်ားနိုင္ငံထက္ အရည္အေသြးေကာင္းေတြက လိုအပ္ေနေသးတယ္။ အရည္အေသြးေတြ ကိုက္ညီမွသာ နိုင္ငံတကာ ေစ်းကြက္ေတြ ထိုးေဖာက္ႏိုင္မွာ ျဖစ္ပါတယ္”ဟု ေဒၚေနာ္မူတာကေပါက ေျပာသည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၊ စိုက္ပ်ဳိးေရးႏွင့္ေမြးျမဴေရး၀န္ႀကီး ဦးစိုင္းလံုေက်ာ္၊ ဌာနဆိုင္ရာမ်ားမွ တာဝန္ရိွသူမ်ား၊ ျမန္မာနိုင္ငံသစ္သီး၀လံ ပန္းမန္ ႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ပ်ဳိးထုတ္လုပ္ေရာင္းခ်သူမ်ားအသင္းဥကၠဌ ဦးစိုးသန္းမင္းဒင္ႏွင့္ ေကာ္ဖီလက္ဖက္အစု အဖြဲ႕မ်ား စုစုေပါင္းဦးေရ (၁၂၀) ခန္႕ တက္ေရာက္ေဆြးေႏြးၾကေၾကာင္းသိရသည္။

ေဆြးေႏြးပြဲတြင္ အစိုးရဌာနဆိုင္ရာမွ စာတမ္း(၄)ေစာင္၊ ေစ်းကြက္ေဖာ္ထုတ္ေရးႏွင့္ အမ်ဳိးသားပို႕ကုန္ မဟာဗ်ဴဟာ၊ သယ္ယူပို႕ေဆာင္ေရးဆိုင္ရာက စာတမ္း(၄)ေစာင္၊ စိုက္ပ်ဳိးထုတ္လုပ္တင္ပို႔အသင္းက စာတမ္း(၃)ေစာင္တို႔ကို ဖတ္ၾကားတင္သြင္းမည္ျဖစ္ေၾကာင္း သိရသည္။

ေကာ္ဖီတင္ပို႕မႈအေနျဖင့္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ ျပည္ပသို႕ (၈၆၀.၁၂၅) မက္ထရစ္တန္ တင္ပို႔နိုင္ခဲ့ၿပီး တန္ဖိုးအေနျဖင့္ ေဒၚလာသန္း (၁.၄၃၇)သန္းရရွိခဲ့ကာ ယခုဘ႑ာႏွစ္အတြင္း ဧၿပီလ (၂၈) ရက္ေန႕အထိ (၇၉.၆၅၀) မက္ထရစ္တန္ ၊တန္ဖိုး ေဒၚလာ(၀.၁၃၄) သန္း တင္ပို႔နိုင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

လက္ဖက္ပို႕မႈအေနျဖင့္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ ျပည္ပသို႕ (၄၀၄၆.၅၇၃) မက္ထရစ္တန္ တင္ပို႔နိုင္ခဲ႕ၿပီး တန္ဖိုးအေနျဖင့္ ေဒၚလာ(၂.၁၃၄)သန္း ရရွိခဲ့ကာ ယခုဘ႑ာႏွစ္အတြင္း ဧၿပီလ (၂၈) ရက္ေန႕အထိ (၇၁၄.၄၁၂) မက္ထရစ္တန္ ၊တန္ဖိုး ေဒၚလာ(၀.၃၂၁)သန္း တင္ပို႔ထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်၏ အဓိကထွက်ကုန် ကော်ဖီနှင့်လက်ဖက်အား နယ်စပ်မှတင်ပို့ခြင်းအပြင် ပင်လယ် ရေကြောင်းနှင့် လေကြောင်းမှ တင်ပို့နိုင်ရေး၊ ပြည်ပ ကုန်စည်ပြပွဲများမှတစ်ဆင့် ပြည်ပဈေးကွက်များ ရှာဖွခြေင်း တို့ကို စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း နှင့် ဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ရှေဆက်မယ့် လုပ်ငန်းစဉ်ကတော့ ကုန်သွယ်မှုမြှင့်တင်ရေးကို အဓိကဦးစားပေးဆောင်ရွက်သွားမယ်။ ဈေးကွက်ရှာဖွေမယ်။ ပြည်ပကုန်စည်ပြပွဲတွေမှာ ပါဝင်သွားမယ်” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ပြောသည်။

ရှမ်းပြည်နယ်၏ အဓိက ထွက်ကုန်များဖြစ်သည့် လက်ဖက်နှင့်ကော်ဖီများ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန၌ ကော်ဖီ၊ လက်ဖက်ပြည်ပ ပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ဇွန်လ (၃၀)ရက်နေ့တွင် ကျင်းပနခြေင်းဖြစ်သည်။

“ကော်ဖီနဲ့လက်ဖက်ဟာ ပြည်ပပို့ကုန်တင်ပို့နိုင်ဖို့ အလားအလာကောင်းတဲ့သီးနှံတွဖြေစ်ပါတယ်။ ဒါကြောင့် ဒီပို့ကုန်တွေကို ဘယ်လိုထုတ်လုပ်မလဲ - ဘယ်လိုမြှင့်တင်မလဲ - ဈေးကွက်တွေ ဘာတွေ လိုအပ်နေလဲ ဆိုတာကို ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားမယ်။ ဆွေးနွေးမယ့်အပိုင်းမှာက အစိုးရကဏ္ဍကနေ ပို့ကုန်တွေတင်ပို့မယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေ စည်းမျဉ်းစည်းကမ်းတွေကို ဌာနဆိုင်ရာအဖွဲ့တွေက ဆွေးနွေးရှင်းပြပေးမယ်။ ပုဂ္ဂလိကအပိုင်းကလည်း ဆွေးနွေးမှုတွေလုပ်မယ်။ ရရှိလာတဲ့ ဖော်ထုတ်ချက်တွေရဲ့ ရလဒ်တွေကို စုစည်းပြီးသက်ဆိုင်ရာဌာနတွေကို ပြန်လည် တင်ပြသွားမှာပါ။ ကျွန်မတို့ နိုင်ငံနဲ့ သူများနိုင်ငံနဲ့ နှိုင်းယှဉ်လို့ရှိရင် ပို့ကုန်တွေ အလွန် နည်းနေသေးပါတယ်။ သူများနိုင်ငံထက် အရည်အသွေးကောင်းတွေက လိုအပ်နေသေးတယ်။ အရည်အသွေးတွေ ကိုက်ညီမှသာ နိုင်ငံတကာ ဈေးကွက်တွေ ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်”ဟု ဒေါ်နော်မူတာကပေါက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံကျော်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းဥက္ကဌ ဦးစိုးသန်းမင်းဒင်နှင့် ကော်ဖီလက်ဖက်အစု အဖွဲ့များ စုစုပေါင်းဦးရေ (၁၂၀) ခန့် တက်ရောက်ဆွေးနွေးကြကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် အစိုးရဌာနဆိုင်ရာမှ စာတမ်း(၄)စောင်၊ ဈေးကွက်ဖော်ထုတ်ရေးနှင့် အမျိုးသားပို့ကုန် မဟာဗျူဟာ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာက စာတမ်း(၄)စောင်၊ စိုက်ပျိုးထုတ်လုပ်တင်ပို့အသင်းက စာတမ်း(၃)စောင်တို့ကို ဖတ်ကြားတင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ကော်ဖီတင်ပို့မှုအနဖြေင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ (၈၆၀.၁၂၅) မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအနဖြေင့် ဒေါ်လာသန်း (၁.၄၃၇)သန်းရရှိခဲ့ကာ ယခုဘဏ္ဍာနှစ်အတွင်း ဧပြီလ (၂၈) ရက်နေ့အထိ (၇၉.၆၅၀) မက်ထရစ်တန်၊တန်ဖိုး ဒေါ်လာ(ဝ.၁၃၄) သန်း တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ဖက်ပို့မှုအနဖြေင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ (၄၀၄၆.၅၇၃) မက်ထရစ်တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအနဖြေင့် ဒေါ်လာ(၂.၁၃၄)သန်း ရရှိခဲ့ကာ ယခုဘဏ္ဍာနှစ်အတွင်း ဧပြီလ (၂၈) ရက်နေ့အထိ (၇၁၄.၄၁၂) မက်ထရစ်တန်၊တန်ဖိုး ဒေါ်လာ(ဝ.၃၂၁)သန်း တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~