Writen by
Web Admin
1:07:00 PM
-
0
Comments
တာခ်ီလိတ္ေလဆိပ္တြင္ တာခ်ီလိတ္မွ ရန္ကုန္သို႔ Air KBZ ေလေၾကာင္းလိုင္းျဖင့္ လိုက္ပါမည့္ တရုတ္ႏုိင္ငံသား ခရီးသည္ တစ္ဦးထံမွ တရားမ၀င္သယ္ေဆာင္လာသည့္ ေရႊအရိုင္းတံုးမ်ားကို ေတြ႕ရွိ သိမ္းဆည္းရမိသျဖင့္ ၎အား ဗီဇာစည္းကမ္းခ်ဳိးေဖာက္သည့္အတြက္ လ၀ကအက္ဥပေဒျဖင့္ အမႈဖြင့္လိုက္ေၾကာင္း သိရသည္။
ေမလ(၆)ရက္ေန႔ ညေန(၃)နာရီ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ေလဆိပ္တြင္ တာ၀န္က်ေနေသာ အေကာက္ခြန္ ဦးစီးဌာနမွ ဒုတိယအေကာက္ခြန္မွဴး ဦးရန္ေနာင္ေဌး၊ ေလေၾကာင္းရဲတပ္ဖြဲ႔မွ တာ၀န္က် ဒုရဲအုပ္ သိန္းစိုးႏွင့္ အဖြဲ႔သည္ တာခ်ီလိတ္ေလဆိပ္ရွိ Body Search ခန္းတြင္ တာခ်ီလိတ္မွ ထြက္ခြာမည့္ ခရီးသည္မ်ားအား စစ္ေဆးေဆာင္ရြက္မႈမ်ားျပဳလုပ္စဥ္ တရုတ္ႏိုင္ငံသား Mr.Teng Liang Bing ၀တ္ဆင္ထားသည့္ ဖိနပ္အတြင္းမွ ေရႊတံုးမ်ားကို ရွာေဖြေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။
"သူ႔ရဲ႕ ရွဴးဖိနပ္နဲ႔ေျခအိတ္ၾကားမွာ တစ္ဖက္စီကို ေရႊရိုင္းတံုး (၂)တံုးစီ ၀ွက္ၿပီး သယ္ေဆာင္လာတာကို စစ္ေဆးရမိလို႔၊ သူ႔အေနနဲ႔ တရား၀င္ ၀င္ေရာက္ခဲ့တာ ျဖစ္ေပမယ့္လည္း ဗီဇာစည္းကမ္း ခ်ဳိးေဖာက္တာျဖစ္လို႔ လ၀က အက္ဥပေဒနဲ႔ အေရးယူထားပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရွာေဖြသိမ္းဆည္းရမိသည့္ ေရႊရိုင္းတံုး(၄)တံုး၏ စုစုေပါင္း အေလးခ်ိန္မွာ (၂.၁၅)ကီလိုဂရမ္ခန္႔ ရွိေၾကာင္း သိရသည္။
အသက္(၂၄)ႏွစ္ရွိ တရုတ္ႏိုင္ငံသား Mr.Teng Liang Bing သည္ ျမန္မာႏိုင္ငံအတြင္းသို႔ တရား၀င္ ၀င္ေရာက္ခဲ့ေသာ္လည္း ေရႊအရိုင္းတံုးမ်ားအား တရားမ၀င္ သယ္ေဆာင္လာေၾကာင္း စစ္ေဆး ေပါက္ေပၚသည့္ အတြက္ ၁၉၄၇ခုႏွစ္ ျမန္မာႏိုင္ငံလူ၀င္မႈႀကီးၾကပ္ေရး(လတ္တေလာျပဌာန္းခ်က္မ်ား)အက္ဥပေဒ ပုဒ္မ ၄(၁)ကို က်ဴးလြန္သျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၁၈/၂၀၁၇၊ ၁၉၄၇ခုႏွစ္ လ၀ကအက္ဥပေဒပုဒ္မ ၁၃(၁)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။
သတင္း - ကိုေဇာင္း
တာချီလိတ်လေဆိပ်တွင် တာချီလိတ်မှ ရန်ကုန်သို့ Air KBZ လေကြောင်းလိုင်းဖြင့် လိုက်ပါမည့် တရုတ်နိုင်ငံသား ခရီးသည် တစ်ဦးထံမှ တရားမဝင်သယ်ဆောင်လာသည့် ရွှေအရိုင်းတုံးများကို တွေ့ရှိ သိမ်းဆည်းရမိသဖြင့်၎င်းအား ဗီဇာစည်းကမ်းချိုးဖောက်သည့်အတွက် လဝကအက်ဥပဒဖြေင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။
မေလ(၆)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က တာချီလိတ်လေဆိပ်တွင် တာဝန်ကျနေသော အကောက်ခွန် ဦးစီးဌာနမှ ဒုတိယအကောက်ခွန်မှူး ဦးရန်နောင်ဌေး၊ လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ကျ ဒုရဲအုပ် သိန်းစိုးနှင့် အဖွဲ့သည် တာချီလိတ်လေဆိပ်ရှိ Body Search ခန်းတွင် တာချီလိတ်မှ ထွက်ခွာမည့် ခရီးသည်များအား စစ်ဆေးဆောင်ရွက်မှုများပြုလုပ်စဉ် တရုတ်နိုင်ငံသား Mr.Teng Liang Bing ဝတ်ဆင်ထားသည့် ဖိနပ်အတွင်းမှ ရွှေတုံးများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
"သူ့ရဲ့ ရှူးဖိနပ်နဲ့ခြေအိတ်ကြားမှာ တစ်ဖက်စီကို ရွှေရိုင်းတုံး (၂)တုံးစီ ဝှက်ပြီး သယ်ဆောင်လာတာကို စစ်ဆေးရမိလို့၊ သူ့အနေနဲ့ တရားဝင် ဝင်ရောက်ခဲ့တာ ဖြစ်ပေမယ့်လည်း ဗီဇာစည်းကမ်း ချိုးဖောက်တာဖြစ်လို့ လဝက အက်ဥပဒေနဲ့ အရေးယူထားပါတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှာဖွေသိမ်းဆည်းရမိသည့် ရွှေရိုင်းတုံး(၄)တုံး၏ စုစုပေါင်း အလေးချိန်မှာ (၂.၁၅)ကီလိုဂရမ်ခန့် ရှိကြောင်း သိရသည်။
အသက်(၂၄)နှစ်ရှိ တရုတ်နိုင်ငံသား Mr.Teng Liang Bing သည် မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်ခဲ့သော်လည်း ရွှေအရိုင်းတုံးများအား တရားမဝင် သယ်ဆောင်လာကြောင်း စစ်ဆေး ပေါက်ပေါ်သည့် အတွက် ၁၉၄၇ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ)အက်ဥပဒေ ပုဒ်မ ၄(၁)ကို ကျူးလွန်သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၁၈/၂၀၁၇၊ ၁၉၄၇ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၁၃(၁)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
သတင်း - ကိုဇောင်း
No comments
Post a Comment
:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::