ရွမ္းျပည္နယ္တြင္း ေစ်းမ်ားတြင္ ၾကက္အရွင္မ်ား ေနရာ၌ပင္ ခ်က္ခ်င္းသတ္၍ ေရာင္းခ်ျခင္းအား တားျမစ္ထား

ရွမ္းျပည္နယ္တြင္း ေစ်းမ်ားတြင္ ၾကက္အရွင္မ်ား ေနရာ၌ပင္ ခ်က္ခ်င္းသတ္၍ ေရာင္းခ်ျခင္းအား တားျမစ္ထား
ဇွန် 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ေစ်းမ်ားတြင္ ႀကက္အရွင္မ်ားအား တစ္ခါတည္းသတ္၍ ေရာင္းခ်ျခင္းကို တားျမစ္ရန္ အစားအေသာက္ ေဘးအႏၱရာယ္ကင္းရွင္းေရး ထုတ္ကုန္လံုျခံဳစိတ္ခ်မႈဆိုင္ရာ လုပ္ငန္းေကာ္မတီ၏ လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားအား ျပန္လည္သံုးသပ္ေဆြးေႏြးပြဲတြင္ ဆံုးျဖတ္လုိက္ေၾကာင္း သိရသည္။

“အရင္တစ္ေန႔က အမွတ္(၅)ေစ်းမွာ ၾကက္အရွင္ေတြကို တစ္ခါတည္းသတ္ၿပီး ေရာင္းခ်ေနတာေတြ႕တယ္။ အမွတ္(၅)ေစ်းက စည္ပင္ရဲ႕လက္ေအာက္မွာမရွိဘဲ ေထြ/အုပ္ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာဆိုတဲ့ အတြက္ေၾကာင့္ နည္းနည္းေတာ့ အခက္ေတြ႕ေနတယ္။ ေစ်းထဲမွာ လူျမင္ကြင္းမွာ သတ္ၿပီးေတာ့ အေမႊးႏွဳတ္၊ ေရေျဖာတယ္။ ေသြးေတြလည္း ျပန္႔က်ဲၿပီး ၾကက္အေမြး အမွ်င္ေတြနဲ႔ လံုး၀ ၾကည့္ မေကာင္းပါဘူး။ ဒီလိုေရာင္းတဲ့ကိစၥကို ရပ္တန္႔ဖို႔ သက္ဆိုင္ရာဌာနေတြက ဝန္ခံကတိလက္မွတ္ ေရးထိုးခိုင္းထားပါတယ္” ဟု ထုတ္ကုန္လံုျခံဳစိတ္ခ်မႈဆိုင္ရာ လုပ္ငန္းေကာ္မတီ ဥကၠဌ ျပည္နယ္ဦးစီးမွဴး ဦးျမသန္းက ေျပာသည္။

ထုတ္ကုန္လံုၿခံဳစိတ္ခ်မႈ ဆိုင္ရာ လုပ္ငန္းေကာ္မတီသည္ ျပည္နယ္အတြင္း စားေသာက္ကုန္မ်ား စားသံုးသူမ်ားအတြက္ လံုၿခံဳစိတ္ခ်ရသည့္အေနအထားရိွေစရန္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနျခင္းျဖစ္ၿပီး ဇြန္လ (၂၂)ရက္ေန႔ကျပဳလုပ္ေသာ လုပ္ငန္းေကာ္မတီညိွႏိႈင္းအစည္းအေဝးတြင္ ေရသန္႔ထုတ္လုပ္မႈ၊ စားသံုးဆီထုတ္လုပ္မႈ၊ အသားစိမ္းမ်ား ေစ်းတြင္းေရာင္းခ်ေနမႈအေျခအေနမ်ားႏွင့္ပတ္သက္၍ ညိႇႏိႈင္း ေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္းသိရသည္။

“အစည္းအေဝးရဲ႕ ရလဒ္ေတြကိုလည္း ျပည္နယ္စားသံုးသူအျငင္းပြားမႈအဖြဲ႕ကေနတစ္ဆင့္ ျပည္နယ္ အစိုးရကို တင္ျပသြားမွာပါ။ စားသံုးသူေရးရာဌာနအေနနဲ႕ ျပည္သူေတြ ေဘးအႏၱရာယ္ကင္းရွင္းတဲ့ အစားအေသာက္ေတြ စားသံုးနိုင္ဖို႔ ျဖစ္နိုင္တဲ့နည္းလမး္ေတြသံုးၿပီး ကာကြယ္သြားမွာပါ။ ထုတ္ကုန္ လံုျခံဳစိတ္ခ်မႈဆိုင္ရာ ေကာ္မတီကေန တစ္လအတြင္း ကြင္းဆင္းေဆာင္ရြက္ထားတာေတြကို ျပန္လည္ ေဆြးေႏြးၾကတာပါ” ဟု ထုတ္ကုန္လံုျခံဳ စိတ္ခ်မႈဆိုင္ရာ လုပ္ငန္းေကာ္မတီ ဥကၠဌ ျပည္နယ္ဦးစီးမွဴး ဦးျမသန္းက ေျပာသည္။

ရွမ္းျပည္နယ္ထုတ္ကုန္လံုျခံဳစိတ္ခ်ရမႈဆိုင္ရာ လုပ္ငန္းေကာ္မတီကို ၂၀၁၄ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး ရွမ္းျပည္နယ္ စားသံုးသူေရးရာဦးစီးဌာန၊ ရွမ္းျပည္နယ္ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ ျပည္နယ္စိုက္ပ်ဳိးေရးဦးစီးဌာန၊ ျပည္နယ္အစားအေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၊ ရွမ္းျပည္နယ္ အေကာက္ခြန္ဦးစီးဌာန၊ ေရသန္႔ လုပ္ငန္းရွင္မ်ားအသင္း၊ စားေသာက္ကုန္ထုတ္လုပ္ တင္သြင္းေရာင္းခ်သူမ်ားအသင္း၊ ဆီကုန္သည္မ်ား အသင္း၊ ပဲေျပာင္းႏွမ္းအသင္း တို႔မွ ေကာ္မတီ၀င္ (၁၂) ဦးျဖင့္ ဖြဲ႕စည္းထားျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အတွင်း ဈေးများတွင် ကြက်အရှင်များအား တစ်ခါတည်းသတ်၍ ရောင်းချခြင်းကို တားမြစ်ရန် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးပွဲတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

“အရင်တစ်နေ့က အမှတ်(၅)ဈေးမှာ ကြက်အရှင်တွေကို တစ်ခါတည်းသတ်ပြီး ရောင်းချနေတာတွေ့တယ်။ အမှတ်(၅)ဈေးက စည်ပင်ရဲ့လက်အောက်မှာမရှိဘဲ ထွေ/အုပ်ရဲ့အုပ်ချုပ်မှုအောက်မှာဆိုတဲ့ အတွက်ကြောင့် နည်းနည်းတော့ အခက်တွေ့နေတယ်။ ဈေးထဲမှာ လူမြင်ကွင်းမှာ သတ်ပြီးတော့ အမွှေးနှုတ်၊ ရေဖြောတယ်။ သွေးတွေလည်း ပြန့်ကျဲပြီး ကြက်အမွေး အမျှင်တွေနဲ့ လုံးဝ ကြည့် မကောင်းပါဘူး။ ဒီလိုရောင်းတဲ့ကိစ္စကို ရပ်တန့်ဖို့ သက်ဆိုင်ရာဌာနတွေက ဝန်ခံကတိလက်မှတ် ရေးထိုးခိုင်းထားပါတယ်” ဟု ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်နယ်ဦးစီးမှူး ဦးမြသန်းက ပြောသည်။

ထုတ်ကုန်လုံခြုံစိတ်ချမှု ဆိုင်ရာ လုပ်ငန်းကော်မတီသည် ပြည်နယ်အတွင်း စားသောက်ကုန်များ စားသုံးသူများအတွက် လုံခြုံစိတ်ချရသည့်အနေအထားရှိစေရန် စစ်ဆေးမှုများ ပြုလုပ်နခြေင်းဖြစ်ပြီး ဇွန်လ (၂၂)ရက်နေ့ကပြုလုပ်သော လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးတွင် ရေသန့်ထုတ်လုပ်မှု၊ စားသုံးဆီထုတ်လုပ်မှု၊ အသားစိမ်းများ ဈေးတွင်းရောင်းချနေမှုအခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးကြခြင်းဖြစ်ကြောင်းသိရသည်။

“အစည်းအဝေးရဲ့ ရလဒ်တွေကိုလည်း ပြည်နယ်စားသုံးသူအငြင်းပွားမှုအဖွဲ့ကနေတစ်ဆင့် ပြည်နယ် အစိုးရကို တင်ပြသွားမှာပါ။ စားသုံးသူရေးရာဌာနအနေနဲ့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းတဲ့ အစားအသောက်တွေ စားသုံးနိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမး်တွေသုံးပြီး ကာကွယ်သွားမှာပါ။ ထုတ်ကုန် လုံခြုံစိတ်ချမှုဆိုင်ရာ ကော်မတီကနေ တစ်လအတွင်း ကွင်းဆင်းဆောင်ရွက်ထားတာတွေကို ပြန်လည် ဆွေးနွေးကြတာပါ” ဟု ထုတ်ကုန်လုံခြုံ စိတ်ချမှုဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်နယ်ဦးစီးမှူး ဦးမြသန်းက ပြောသည်။

ရှမ်းပြည်နယ်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရှမ်းပြည်နယ် အကောက်ခွန်ဦးစီးဌာန၊ ရေသန့် လုပ်ငန်းရှင်များအသင်း၊ စားသောက်ကုန်ထုတ်လုပ် တင်သွင်းရောင်းချသူများအသင်း၊ ဆီကုန်သည်များ အသင်း၊ ပဲပြောင်းနှမ်းအသင်း တို့မှ ကော်မတီဝင် (၁၂) ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~