ကယား - မယ်ဟောင်ဆောင် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ကုန်သွယ်မှုများ ပြုလုပ်နိုင်ပြီ
ကယား - မယ်ဟောင်ဆောင် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ကုန်သွယ်မှုများ ပြုလုပ်နိုင်ပြီ
ဇှနျ 7, 2017
By Tachileik News Agency
ကယားပြည်နယ် မယ်စဲ့မြို့နယ် BP13 နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တို့အကြား ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် သက်ဆိုင်ရာ ဌာနများ အနေဖြင့် ကုန်သွယ်မှု လုပ်ငန်းများ အတွက် လိုအပ်သည့် အထောက်အထား၊ ထောက်ခံချက်များထုတ်ပေးနေပြီဖြစ်၍ ကုန်သွယ်မှု စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်ရေးစခန်းမှ ကယားပြည်နယ်၏ ဒေသထွက် ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စသည်တို့ကို အဓိကတင်ပို့ရောင်းချနေခြင်းဖြစ်ပြီး မယ်ဟောင်ဆောင်မှ ထိုင်းနိုင်ငံထုတ် ကော်ဖီမစ် ၊ ဘိလပ်မြေ ၊ အိမ်ဆောက်ပစ္စည်း ၊ စားသုံးကုန်စည်များဖြစ်သည့် အချိုရည်မျိုးစုံ ၊ ပဲနို့ရည် ၊ FDI မှ ခွင့်ပြုထားသည့် မုန့်စသည်တို့ကို တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဆန်းဖြိုးထွန်း
Photo: thaiembassy.org
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် မယ်စဲ့မြို့နယ် BP13 နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်တို့အကြား ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းတွင် သက်ဆိုင်ရာ ဌာနများ အနဖြေင့် ကုန်သွယ်မှု လုပ်ငန်းများ အတွက် လိုအပ်သည့် အထောက်အထား၊ ထောက်ခံချက်များထုတ်ပေးနပြေီဖြစ်၍ ကုန်သွယ်မှုစတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
“အရောင်းအဝယ်လုပ်ချင်တဲ့ ဘယ်သူမဆိုပေါ့ ကျွန်တော်တို့ လွိုင်ကော်မြို့နယ် အကောက်ခွန် ဦးစီးဌာနကို အချိန်မရွေး ဆက်သွယ်လို့ရပါတယ်။ နောက်ပစ္စည်းနဲ့ တစ်ပါတည်း ED ဖွင့်ချင်တယ် ဆိုရင်တော့ နယ်စပ်စခန်း မယ်စဲ့မှာရှိတဲ့ ရုံးမှာ တစ်ခါတည်း တိုက်ရိုက်ဆက်သွယ်ပြီး လုပ်လို့ရပါတယ်။ အရမ်းအဆင်ပြေပါတယ်။ ကျွန်တော်တို့က ကူညီပေးဖို့အသင့်ပါပဲ ”ဟု ကယားပြည်နယ် အကောက်ခွန် ဦးစီးဌာန ဦးစီးမှူး ဦးဖကြေိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ကုန်သွယ်ရေးစခန်းမှ ကယားပြည်နယ်၏ ဒေသထွက် ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စသည်တို့ကို အဓိကတင်ပို့ရောင်းချနခြေင်းဖြစ်ပြီး မယ်ဟောင်ဆောင်မှ ထိုင်းနိုင်ငံထုတ် ကော်ဖီမစ်၊ ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်း၊ စားသုံးကုန်စည်များဖြစ်သည့် အချိုရည်မျိုးစုံ၊ ပဲနို့ရည်၊ FDI မှ ခွင့်ပြုထားသည့် မုန့်စသည်တို့ကို တင်သွင်းနခြေင်းဖြစ်ကြောင်း သိရသည်။
“ဒေသထွက်ကုန်ပေါ့။ တရားဝင်ကုန်ပစ္စည်းတွေ ဖြစ်ရမယ်။ ဒေသထွက်ကုန်ဆို ကျွန်တော်တို့ ဂျူတီတောင်မကောက်ပါဘူး။ ဒီဒေသကထွက်တဲ့ ငရုပ်သီးကို ထိုင်းဘက်အကြိုက်များပါတယ်။ အခြားသီးနှံပဲဖြစ်ဖြစ် ကုန်ပစ္စည်းပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီ Export ထုတ်မယ်။ ဒါ ED လာဖွင့်မယ်ဆိုရင် အခက်အခဲမရှိအောင် ကျွန်တော်တို့ ဆောင်ရွက်ပေးနေပါတယ် ”ဟု ကယားပြည်နယ် အကောက်ခွန်ဦးစီးဌာန ဦးစီးမှူး ဦးဖကြေိုင်က ပြောသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ပြီးနောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း တရားမဝင် ကုန်စည်ဖမ်းဆီးမှု နှစ်မှုရှိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိသည့် ကုန်စည်များမှာ အရက်ဘီယာနှင့် Birdy Coffeemix တို့ဖြစ်ပြီး အရက်ဘီယာများကို ဘုတ်အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ကာ Birdy Coffeemix များကို လေလံတင်ရောင်း ချခဲ့ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစတင်ဖွင့်လှစ်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေးစခန်းအား၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အခွန်နှင့် အခြားရငွေ ကျပ်တစ်သန်းလျာထားပေးခဲ့သည့်အနက် ဘဏ္ဍာရေးနှစ်အတွင်း အကောက်ခွန်၊ကုန်သွယ်ခွန်၊ID/ED ရောင်းရငွေ စုစုပေါင်း (၄၀၇၀၅၅၀၈) ကျပ်ရရှိခဲ့သဖြင့် လျာထားချက်ထက်ကျော်လွန်ခဲ့ကြောင်းသိရသည်။
သတင်း - ဆန်းဖြိုးထွန်း
Photo: thaiembassy.org
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~