ကျပ်(၂၄၉.၁၆)သန်းဖြင့် တာချီလိတ်မြို့တွင်းလမ်း ချဲ့နေမှု အခြေအနေအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့မှ ကြည့်ရှုစစ်ဆေး

ကျပ်(၂၄၉.၁၆)သန်းဖြင့် တာချီလိတ်မြို့တွင်းလမ်း ချဲ့နေမှု အခြေအနေအား ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့မှ ကြည့်ရှုစစ်ဆေး
ဇှနျ 28, 2017
By Tachileik News Agency



တစ်ဆက်တည်းမှာပင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် တာချီလိတ်(ရှမ်း/အရှေ့)ရေပေးဝေရေး ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ဆောင်ရွက်လျက်ရှိသည့် မြို့တွင်း ရေးပေးဝေရေး လုပ်ငန်း၏ လုပ်ငန်းသုံးပစ္စည်းများ စုဆောင်းထားရှိမှု ၊ ရေဖြန့်ဝေမည့် ပိုက်လိုင်းများ ထိန်းချုပ်ဘား (Junction Control Valve) တပ်ဆင် ဆောင်ရွက်နေမှုများကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သတင်း - ဝေယံလင်း
ဓာတ်ပုံ - ယာဆေး


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင်းလမ်းပေါ် တိုးချဲ့ရန် ကျန်ရှိနေသည့် နေရာအား ခွင့်ပြုရန်ပုံငွေကျပ်(၂၄၉.၁၆)သန်းဖြင့် ဇွန်လ(၂၂)ရက်နေ့က စတင်၍ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်နေလျက်ရှိရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော် နှင့် တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်လမ်းဘေးဝဲ/ယာ နှစ်ဖက် လမ်းချဲ့ရန် ကျန်ရှိသည့်နေရာအား ခွင့်ပြုရန်ပုံငွေကျပ်(၂၄၉.၁၆)သန်းဖြင့် အရှည် (၁၆၀၀)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းသားတိုးချဲ့ နေမှုနှင့် ရေမြောင်းပလက်ဖောင်းများ အဆင့် မြှင့်တင်ခြင်းများ ပြုလုပ်နေရာ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ဇွန်လ(၂၈)ရက်၊ နံနက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော် နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလုံမား၊ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်လင်း နှင့် အင်ဂျင်နီယာမှူး ဦးလှမျိုး တို့က လုပ်ငန်းများနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပေးခဲ့ကြောင်း သိရသည်။

တစ်ဆက်တည်းမှာပင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် တာချီလိတ်(ရှမ်း/အရှေ့)ရေပေးေဝရေး ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ဆောင်ရွက်လျက်ရှိသည့် မြို့တွင်း ရေးပေးေဝရေး လုပ်ငန်း၏ လုပ်ငန်းသုံးပစ္စည်းများ စုဆောင်းထားရှိမှု၊ ရဖြေနေ့်ဝမည့် ပိုက်လိုင်းများ ထိန်းချုပ်ဘား (Junction Control Valve) တပ်ဆင် ဆောင်ရွက်နေမှုများကိုလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - ယာဆေး 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~