ဘင်္ဂါလီတစ်ဦးလျှင် ကျပ်(၁၁)သိန်းဖြင့် သယ်ဆောင်လာသူများအား ဘင်္ဂါလီ(၄)ဦးနှင့်အတူ ဂုတ်ကြီးတွင် ဖမ်းဆီးရမိ

ဘင်္ဂါလီတစ်ဦးလျှင် ကျပ်(၁၁)သိန်းဖြင့် သယ်ဆောင်လာသူများအား ဘင်္ဂါလီ(၄)ဦးနှင့်အတူ ဂုတ်ကြီးတွင် ဖမ်းဆီးရမိ
ဇှနျ 10, 2017
By Tachileik News Agency


တရားမဝင်သစ်များ၊ မူးယစ်ဆေးဝါးနှင့် ဘင်္ဂါလီလူမျိုးများ ဖမ်းဆီးရမိရေးအတွက် ဂုတ်ကြီးရဲကင်း စခန်းမှူး ရဲအုပ်ကျော်မျိုး ဦးစီးအဖွဲ့က မင်းဘူး - အမ်းကားလမ်း မိုင်တိုင်အမှတ် ၅၀/၃ မိုင်အနီး ဂုတ်ကြီးရဲ ကင်းစခန်း ရှေ့၌ စောင့်ဆိုင်းနေကြစဉ် ယာဉ်(၂)စီး ရှေ့ဆင့် နောက်ဆင့် မောင်းနှင်လာသည်ကို တွေ့ရှိရ၍ စစ်ဆေးရန် တားဆီးရာ ရှေ့ယာဉ်သည် ရပ်တန့်ပေးခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် နောက်မှ ယာဉ်ကို ရပ်တန့်စေနိုင်ခဲ့ပြီး ယာဉ်ပေါ်တွင်သယ်ဆောင်လာသော ဘင်္ဂါလီလူမျိုး(၄)ဦးကိုတွေ့ရှိဖမ်း ဆီးနိုင် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။



ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီလူမျိုး အဒူကော်ရိန်ပါ ကျား(၂)ဦး၊ မ(၂)ဦး၊ပေါင်း(၄)ဦးတို့အား ၁၉၄၉ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်နိုင် ရေး အတွက် ငဖဲမြို့နယ် လဝက ဖြင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ၎င်းတို့အား အခကြေးငွေဖြင့်သယ် ဆောင်လာကြသော စောဝင်းမြင့်ပါ (၅)ဦးကိုလည်း  ငဖဲမြို့မ ရဲစခန်းမှ (ပ)၁၁၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

ဘင်္ဂါလီလူမျိုး(၄)ဦးကို တစ်ဦးလျှင် ကျပ် (၁၁)သိန်းနှုန်းဖြင့် သယ်ဆောင်လာသူ (၅)ဦးအား သယ်ဆောင် လာသည့် ယာဉ်(၂)စီးနှင့်အတူ ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းစခန်းမှ ဇွန်(၉)ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း အဆိုပါ ရဲကင်းစခန်းမှ သိရသည်။

တရားမဝင်သစ်များ၊ မူးယစ်ဆေးဝါးနှင့် ဘင်္ဂါလီလူမျိုးများ ဖမ်းဆီးရမိရေးအတွက် ဂုတ်ကြီးရဲကင်း စခန်းမှူး ရဲအုပ်ကျော်မျိုး ဦးစီးအဖွဲ့က မင်းဘူး - အမ်းကားလမ်း မိုင်တိုင်အမှတ် ၅၀/၃ မိုင်အနီး ဂုတ်ကြီးရဲ ကင်းစခန်း ရှေ့၌ စောင့်ဆိုင်းနကြေစဉ် ယာဉ်(၂)စီး ရှေ့ဆင့် နောက်ဆင့် မောင်းနှင်လာသည်ကို တွေ့ရှိရ၍ စစ်ဆေးရန် တားဆီးရာ ရှေ့ယာဉ်သည် ရပ်တန့်ပေးခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် နောက်မှ ယာဉ်ကို ရပ်တန့်စေနိုင်ခဲ့ပြီး ယာဉ်ပေါ်တွင်သယ်ဆောင်လာသော ဘင်္ဂါလီလူမျိုး(၄)ဦးကိုတွေ့ရှိဖမ်း ဆီးနိုင် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ယာဉ်ပေါ်မှာ ဘင်္ဂါလီလူမျိုး အဒူကော်ရိန် ပါ အမျိုးသား(၂)ဦး နဲ့ အမျိုးသမီး နှစ်ဦးကို တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဘင်္ဂါလီတစ်ဦးကို ကျပ် (၁၁)သိန်းနှုန်းရယူပြီး ကျောက်တော်ကနေ ရန်ကုန်ကို သယ်ဆောင်လာတာလို့ သိရပါ တယ်”ဟု ဖမ်းဆီးရေးတွင်ပါဝင်သူ ရဲအရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထွက်ပြေးမောင်းနှင်သွားသည့် ယာဉ်အမှတ် AA/4145 Super Lucent –CRESTA အဖြူရောင် ယာဉ်ကို ဖမ်းဆီးရမိနိုင်ရန် ပဒါန်းရဲကင်းစခန်းမှူး ရဲအုပ်အောင်မြတ်သူထံ ဖုန်းဖြင့်ဆက်သွယ်၍ ရဲအုပ် အောင်မြတ်သူ ဦးစီးသည့် ပူးပေါင်းအဖွဲ့မှ စာတတ်ကူမောင်းတံဂိတ်တွင် စောင့်ဆိုင်းဖမ်းဆီးနိုင်ခဲ့သဖြင့် အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းဇော်မင်းသန်း၊ ထူးထူးကို၊ ဌေးလှိုင်တို့မှာ ဘင်္ဂါလီများ သယ်ဆောင်လာသည့် AA/3039 AD ဗင်အဖြူရောင်ယာဉ်မှ ယာဉ်မောင်း စောဝင်းမြင့်၊ရဲအောင်တို့နှင့် တစ်ဖွဲ့တည်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂါလီလူမျိုး အဒူကော်ရိန်ပါ ကျား(၂)ဦး၊ မ(၂)ဦး၊ပေါင်း(၄)ဦးတို့အား ၁၉၄၉ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်နိုင် ရေး အတွက် ငဖဲမြို့နယ် လဝက ဖြင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး၎င်းတို့အား အခကြေးငွဖြေင့်သယ် ဆောင်လာကြသော စောဝင်းမြင့်ပါ (၅)ဦးကိုလည်း ငဖဲမြို့မ ရဲစခန်းမှ (ပ)၁၁၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၇ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~