တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္ေၾကာင့္ ကြယ္လြန္သြားၾကသူမ်ားအတြက္ တာခ်ီလိတ္ေစတနာရွင္မ်ားက (၄)ရက္အတြင္း က်ပ္သိန္း(၁၀၀)ေက်ာ္ လွဴဒါန္း

တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္ေၾကာင့္ ကြယ္လြန္သြားၾကသူမ်ားအတြက္ တာခ်ီလိတ္ေစတနာရွင္မ်ားက (၄)ရက္အတြင္း က်ပ္သိန္း(၁၀၀)ေက်ာ္ လွဴဒါန္း
ဇွန် 11, 2017
By Tachileik News Agency

တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္ႏွင့္ ပတ္သက္၍ ကြယ္လြန္သြားၾကသည့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ား အတြက္ က်န္ရစ္သူမ်ားအား ေထာက္ပ့ံႏိုင္ရန္ တာခ်ီလိတ္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ားမွ စုစုေပါင္းလွဴဒါန္းလာရာ ဇြန္လ(၁၁)ရက္ေန႔အထိ စုစုေပါင္း က်ပ္သိန္း(၁၀၀)ေက်ာ္ ရရွိၿပီျဖစ္ေၾကာင္း သိရသည္။

ေထာက္ပံ့ေငြမ်ားကို ဇြန္လ(၈)ရက္ေန႔က စတင္၍ တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားအနီးရွိ CNCMC ေကာ္မတီရံုးတြင္ လက္ခံေနလ်က္ရွိရာ ဇြန္လ(၁၁)ရက္ေန႔ သံုးရက္တာအတြင္း လာေရာက္လွဴဒါန္းလာၾကသည့္ စုစုေပါင္း ေငြမွာ က်ပ္(၁၀၅၄၄၀၀၀)သိန္းတိတိ ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍လည္း ေစတနာရွင္မ်ားအေနျဖင့္ လွဴဒါန္းလိုပါက ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားအနီးရွိ CNCMC ေကာ္မတီရံုးတြင္ လာေရာက္လွဴဒါန္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တပ်မတော်လေယာဉ် Y-8 မတော်တဆဖြစ်စဉ်နှင့် ပတ်သက်၍ ကွယ်လွန်သွားကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် ကျန်ရစ်သူများအား ထောက်ပံ့နိုင်ရန် တာချီလိတ်မြို့သူ၊ မြို့သားများမှ စုစုပေါင်းလှူဒါန်းလာရာ ဇွန်လ(၁၁)ရက်နေ့အထိ စုစုပေါင်း ကျပ်သိန်း(၁၀၀)ကျော် ရရှိပြီဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ငွေများကို ဇွန်လ(၈)ရက်နေ့က စတင်၍ တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ CNCMC ကော်မတီရုံးတွင် လက်ခံနေလျက်ရှိရာ ဇွန်လ(၁၁)ရက်နေ့ သုံးရက်တာအတွင်း လာရောက်လှူဒါန်းလာကြသည့် စုစုပေါင်း ငွေမှာ ကျပ်(၁၀၅၄၄၀၀၀)သိန်းတိတိ ရှိပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်၍လည်း စေတနာရှင်များအနဖြေင့် လှူဒါန်းလိုပါက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားအနီးရှိ CNCMC ကော်မတီရုံးတွင် လာရောက်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~