ေတာင္ႀကီးၿမိဳ႕မွ သတင္းသမားမ်ား ၆၆ (ဃ)ဖ်က္သိမ္းေရးနွင့္ သတင္းလြတ္လပ္ခြင့္ရိွေရး လႈပ္ရွားမႈလုပ္ေဆာင္

ေတာင္ႀကီးၿမိဳ႕မွ သတင္းသမားမ်ား ၆၆ (ဃ)ဖ်က္သိမ္းေရးနွင့္ သတင္းလြတ္လပ္ခြင့္ရိွေရး လႈပ္ရွားမႈလုပ္ေဆာင္
ဇွန် 15, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕မွ သတင္းမီဒီယာသမားမ်ားက သတင္းလြတ္လပ္ခြင့္အတြက္ လႈပ္ရွားမႈအျဖစ္ ၆၆ (ဃ) ပယ္ဖ်က္ေရးႏွင့္ ရွမ္းျပည္နယ္လႊတ္ေတာ္အတြင္း လြတ္လပ္စြာသတင္းရယူခြင့္ ရေရးလံႈ႔ေဆာ္မႈကို ေတာင္ႀကီးၿမိဳ႕တြင္ ဇြန္လ (၁၅)ရက္ေန႔ နံနက္ပိုင္းက လုပ္ေဆာင္ေၾကာင္းသိရသည္။

“ကၽြန္ေတာ္တုိ႔ ဒီေန႔လုပ္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ သတင္းလြတ္လပ္ခြင့္ ရရိွေရးရယ္၊ အာမခံခ်က္ ရရိွေရးရယ္ အတြက္ ဒီေန႔လႈပ္ရွားရျခင္းျဖစ္ပါတယ္။ ၆၆ (ဃ)ကေတာ့ ျဖစ္ႏုိင္ရင္ ပယ္ဖ်က္ေစခ်င္ပါတယ္။ ဒါက လူတိုင္းအတြက္ ကၽြန္ေတာ္တို႔ သတင္းသမားေတြမွမဟုတ္ဘူး။ ျပည္သူအားလံုးကို ထိခိုက္ ေစတာေၾကာင့္ မရိွသင့္ဘူးလို႔ျမင္ပါတယ္။ လႊတ္ေတာ္မွာ လက္ရိွသတင္းယူရတာေတာ့ အခက္အခဲေတြ ရိွေနတုန္းပါ။ ေနာက္ပိုင္းမွာ ဘယ္လိုမ်ား အဆင္ေျပေအာင္လုပ္ေပးမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာပါ”ဟု ေတာင္ႀကီးၿမိဳ႕မွ သတင္းသမားတစ္ဦးက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕မွ သတင္းသမားမ်ားႏွင့္ ဓါတ္ပံုသတင္းေထာက္မ်ားအပါအဝင္ စုစုေပါင္း (၁၅)ဦးခန္႔က ဗိုလ္ခ်ဳပ္ပန္းၿခံႏွင့္ ျပည္နယ္လႊတ္ေတာ္ေရွ႕တြင္ ဗီႏိုင္းဆိုင္းဘုတ္မ်ား၊ သတင္းလြတ္လပ္ခြင့္ရရိွေရး လက္ပတ္ဝတ္ဆင္မႈတို႔ျဖင့္ လံႈ႔ေဆာ္မႈမ်ား လုပ္ေဆာင္ၾကျခင္းျဖစ္သည္။

“ ၆၆ (ဃ)က အဆိုးဆံုးက အမႈကမွန္တာမွားတာထား ခ်က္ခ်င္း ဖမ္းဆီးခံေနရတာက ေတာ္ေတာ္ ဆိုးပါတယ္။ ေနာက္ ဒီမိုကေရစီသြားေနတဲ့ႏုိင္ငံတစ္ခုမွာ လြတ္လပ္စြာ ထုတ္ေဖၚေျပာဆိုခြင့္ကို ဟန္႔တားထားတဲ့ ဒီလိုဥပေဒပုဒ္မရိွသင့္ပါဘူး”ဟု ေတာင္ႀကီးၿမိဳ႕မွ သတင္းေထာက္ အမ်ိဳးသမီးတစ္ဦးျဖစ္သည့္ ယိင္းတိုင္းက ေျပာသည္။

အဆိုပါ လႈပ္ရွားမႈအတြက္ သက္ဆိုင္ရာတြင္ ခြင့္ျပဳခ်က္ေတာင္း၍ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရၿပီး ရွမ္းျပည္နယ္လႊတ္ေတာ္အေနျဖင့္ သတင္းသမားမ်ား သတင္းရယူမႈအဆင္ေျပေရး လုပ္ေဆာင္ေပးသြားမည္ဟု သိရသည္။

“အခုလက္ရိွကေတာ့ ကၽြန္ေတာ္တုိ႔ ရွမ္းျပည္နယ္လႊတ္ေတာ္အေဆာက္အဦး ေဆာက္လုပ္ေနဆဲပဲ ရိွပါေသးတယ္။ ဒီအေဆာက္အဦးၿပီးသြားရင္ေတာ့ မီဒီယာေတြ သတင္းရယူတာလည္း ပိုၿပီး အဆင္ေျပသြားမွာပါ။ လက္ရိွမွာေတာ့ ယာယီအေဆာက္အဦးျဖစ္ေနေတာ့ မီဒီယာေတြ သတင္းရယူတာ အဆင္ေျပေအာင္ေတာ့ ႀကိဳးစားေပးထားပါတယ္”ဟု ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠဌက ဦးစိုုင္းလံုးဆိုင္က ေျပာသည္။

ဆက္သြယ္ေရးဥပေဒပုဒ္မျဖစ္သည့္ ၆၆(ဃ)ျဖင့္ တရားရံုးတင္ၿပီး တရားစြဲခံရမႈမွာ ယခင္အစိုးရ လက္ထက္မွ ယခုအစိုးရလက္ထက္ ၂ဝ၁၇ ခုႏွစ္၊ ဇြန္လ(၅)ရက္ေန႔အထိ ေကာက္ခံရရွိေသာ စာရင္းမ်ားအရ တရားစြဲဆိုမႈ စုစုေပါင္း(၆၈)မႈ ရွိသြားၿပီျဖစ္ေၾကာင္း ဆက္သြယ္ေရးဥပေဒဆိုင္ရာ သုေတသနအဖြဲ႔၏ အခ်က္အလက္မ်ားအရ သိရသည္။

သတင္း/ဓာတ္ပံု - ႏုိႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှ သတင်းမီဒီယာသမားများက သတင်းလွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုအဖြစ် ၆၆ (ဃ) ပယ်ဖျက်ရေးနှင့် ရှမ်းပြည်နယ်လွှတ်တော်အတွင်း လွတ်လပ်စွာသတင်းရယူခွင့် ရရေးလှုံ့ဆော်မှုကို တောင်ကြီးမြို့တွင် ဇွန်လ (၁၅)ရက်နေ့ နံနက်ပိုင်းက လုပ်ဆောင်ကြောင်းသိရသည်။

“ကျွန်တော်တို့ ဒီနေ့လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ သတင်းလွတ်လပ်ခွင့် ရရှိရေးရယ်၊ အာမခံချက် ရရှိရေးရယ် အတွက် ဒီနေ့လှုပ်ရှားရခြင်းဖြစ်ပါတယ်။ ၆၆ (ဃ)ကတော့ ဖြစ်နိုင်ရင် ပယ်ဖျက်စေချင်ပါတယ်။ ဒါက လူတိုင်းအတွက် ကျွန်တော်တို့ သတင်းသမားတွေမှမဟုတ်ဘူး။ ပြည်သူအားလုံးကို ထိခိုက် စေတာကြောင့် မရှိသင့်ဘူးလို့မြင်ပါတယ်။ လွှတ်တော်မှာ လက်ရှိသတင်းယူရတာတော့ အခက်အခဲတွေ ရှိနေတုန်းပါ။ နောက်ပိုင်းမှာ ဘယ်လိုများ အဆင်ပြေအောင်လုပ်ပေးမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ”ဟု တောင်ကြီးမြို့မှ သတင်းသမားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့မှ သတင်းသမားများနှင့် ဓာတ်ပုံသတင်းထောက်များအပါအဝင် စုစုပေါင်း (၁၅)ဦးခန့်က ဗိုလ်ချုပ်ပန်းခြံနှင့် ပြည်နယ်လွှတ်တော်ရှေ့တွင် ဗီနိုင်းဆိုင်းဘုတ်များ၊ သတင်းလွတ်လပ်ခွင့်ရရှိရေး လက်ပတ်ဝတ်ဆင်မှုတို့ဖြင့် လှုံ့ဆော်မှုများ လုပ်ဆောင်ကြခြင်းဖြစ်သည်။

“ ၆၆ (ဃ)က အဆိုးဆုံးက အမှုကမှန်တာမှားတာထား ချက်ချင်း ဖမ်းဆီးခံနေရတာက တော်တော် ဆိုးပါတယ်။ နောက် ဒီမိုကရေစီသွားနေတဲ့နိုင်ငံတစ်ခုမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားထားတဲ့ ဒီလိုဥပဒေပုဒ်မရှိသင့်ပါဘူး”ဟု တောင်ကြီးမြို့မှ သတင်းထောက် အမျိုးသမီးတစ်ဦးဖြစ်သည့် ယိင်းတိုင်းက ပြောသည်။

အဆိုပါ လှုပ်ရှားမှုအတွက် သက်ဆိုင်ရာတွင် ခွင့်ပြုချက်တောင်း၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရပြီး ရှမ်းပြည်နယ်လွှတ်တော်အနဖြေင့် သတင်းသမားများ သတင်းရယူမှုအဆင်ပြေရေး လုပ်ဆောင်ပေးသွားမည်ဟု သိရသည်။

“အခုလက်ရှိကတော့ ကျွန်တော်တို့ ရှမ်းပြည်နယ်လွှတ်တော်အဆောက်အဦး ဆောက်လုပ်နေဆဲပဲ ရှိပါသေးတယ်။ ဒီအဆောက်အဦးပြီးသွားရင်တော့ မီဒီယာတွေ သတင်းရယူတာလည်း ပိုပြီး အဆင်ပြေသွားမှာပါ။ လက်ရှိမှာတော့ ယာယီအဆောက်အဦးဖြစ်နေတော့ မီဒီယာတွေ သတင်းရယူတာ အဆင်ပြေအောင်တော့ ကြိုးစားပေးထားပါတယ်”ဟု ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌက ဦးစိုင်းလုံးဆိုင်က ပြောသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မဖြစ်သည့် ၆၆(ဃ)ဖြင့် တရားရုံးတင်ပြီး တရားစွဲခံရမှုမှာ ယခင်အစိုးရ လက်ထက်မှ ယခုအစိုးရလက်ထက် ၂ဝ၁၇ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့အထိ ကောက်ခံရရှိသော စာရင်းများအရ တရားစွဲဆိုမှု စုစုပေါင်း(၆၈)မှု ရှိသွားပြီဖြစ်ကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ အချက်အလက်များအရ သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~