၆၆ (ဃ)ဖ်က္သိမ္းေရးနွင့္ သတင္းလြတ္လပ္ခြင့္ရရိွေရး လက္ပတ္ျဖဴလႈပ္ရွားမႈ လားရိႈးတြင္ လုပ္ေဆာင္

၆၆ (ဃ)ဖ်က္သိမ္းေရးနွင့္ သတင္းလြတ္လပ္ခြင့္ရရိွေရး လက္ပတ္ျဖဴလႈပ္ရွားမႈ လားရိႈးတြင္ လုပ္ေဆာင္
ဇွန် 16, 2017
By Tachileik News Agency

ဆက္သြယ္ေရးပုဒ္မ  ၆၆(ဃ) ဖ်က္သိမ္းေရးႏွင့္ သတင္းလြတ္လပ္ခြင့္ ရရွိေရး လက္ပတ္ျဖဴလႈပ္ရွားမႈကို ဇြန္လ (၁၆) ရက္ေန႔ နံနက္ပိုင္းက ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ သတင္းသမားမ်ား ပါဝင္လုပ္ေဆာင္ၾကေၾကာင္း သိရသည္။

“အဓိကကေတာ့ ၆၆ (ဃ ) ျပင္ဆင္ေရးေပါ့။ သတင္းသမားေတြအတြက္ သတင္းလြတ္လပ္ခြင့္ ရရွိလာေစေရး အတြက္ ရည္ရြယ္ၿပီးေတာ့ လုပ္ေဆာင္တာျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ သတင္း ေထာက္ေတြ၊ ဓါတ္ပံု သတင္းေထာက္ေတြ စုစုေပါင္း (၂၄) ဦး ရွိပါတယ္” ဟု လက္ပတ္ျဖဴ လႈပ္ရွားမႈတြင္ ပါဝင္သည့္ သတင္းသမားတစ္ဦးက ေျပာသည္။

အဆိုပါ လႈပ္ရွားမႈအၽႊြက္ သက္ဆိုင္ရာမွ ခြင့္ျပဳခ်က္ရယူထားၿပီး လားရိႈးၿမိဳ႕နယ္အတြင္းရွိ သတင္း သမားမ်ားႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသတြင္းမွ သတင္းသမားမ်ား ပူးေပါင္း ပါဝင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆက္သြယ္ေရးပုဒ္မ  ၆၆ (ဃ) ဖ်က္သိမ္းေရးႏွင့္ သတင္းလြတ္လပ္ခြင့္ ရရွိေရး လက္ပတ္ျဖဴလႈပ္ရွားမႈကို တစ္ႏုိင္ငံလံုး ေဒသအသီးသီးမွ သတင္းသမားမ်ားက လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။

ဆက္သြယ္ေရး ဥပေဒပုဒ္မျဖစ္သည့္ ၆၆(ဃ)ျဖင့္ တရားရံုးတင္ၿပီး တရားစြဲခံရမႈမွာ ယခင္အစိုးရ လက္ထက္မွ ယခုအစိုးရလက္ထက္ ၂ဝ၁၇ ခုႏွစ္၊ ဇြန္လ(၅)ရက္ေန႔အထိ ေကာက္ခံရရွိေသာ စာရင္းမ်ားအရ တရားစြဲဆိုမႈ စုစုေပါင္း (၆၈)မႈ ရွိသြားၿပီျဖစ္ေၾကာင္း ဆက္သြယ္ေရးဥပေဒဆိုင္ရာ သုေတသနအဖြဲ႔၏ အခ်က္အလက္မ်ားအရ သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု -  ေကာင္းကင္ယံ


 


~~~~~~~~⊰❂ unicode ~~~~~~~~

ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးနှင့် သတင်းလွတ်လပ်ခွင့် ရရှိရေး လက်ပတ်ဖြူလှုပ်ရှားမှုကို ဇွန်လ (၁၆) ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ သတင်းသမားများ ပါဝင်လုပ်ဆောင်ကြကြောင်း သိရသည်။

“အဓိကကတော့ ၆၆ (ဃ ) ပြင်ဆင်ရေးပေါ့။ သတင်းသမားတွေအတွက် သတင်းလွတ်လပ်ခွင့် ရရှိလာစေရေး အတွက် ရည်ရွယ်ပြီးတော့ လုပ်ဆောင်တာဖြစ်ပါတယ်။ လောလောဆယ်တော့ သတင်း ထောက်တွေ၊ ဓာတ်ပုံ သတင်းထောက်တွေ စုစုပေါင်း (၂၄) ဦး ရှိပါတယ်” ဟု လက်ပတ်ဖြူ လှုပ်ရှားမှုတွင် ပါဝင်သည့် သတင်းသမားတစ်ဦးက ပြောသည်။

အဆိုပါ လှုပ်ရှားမှုအျွှက် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရယူထားပြီး လားရှိုးမြို့နယ်အတွင်းရှိ သတင်း သမားများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွင်းမှ သတင်းသမားများ ပူးပေါင်း ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးနှင့် သတင်းလွတ်လပ်ခွင့် ရရှိရေး လက်ပတ်ဖြူလှုပ်ရှားမှုကို တစ်နိုင်ငံလုံး ဒေသအသီးသီးမှ သတင်းသမားများက လုပ်ဆောင်နကြခြေင်းဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မဖြစ်သည့် ၆၆(ဃ)ဖြင့် တရားရုံးတင်ပြီး တရားစွဲခံရမှုမှာ ယခင်အစိုးရ လက်ထက်မှ ယခုအစိုးရလက်ထက် ၂ဝ၁၇ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့အထိ ကောက်ခံရရှိသော စာရင်းများအရ တရားစွဲဆိုမှု စုစုပေါင်း (၆၈)မှု ရှိသွားပြီဖြစ်ကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ အချက်အလက်များအရ သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကောင်းကင်ယံ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~