မင္းဘူးခရိုင္အတြင္းရိွ ေတာင္သူ (၁)သိန္းခြဲေက်ာ္အား ပံုစံ(၇) ထုတ္ေပးထား

မင္းဘူးခရိုင္အတြင္းရိွ ေတာင္သူ (၁)သိန္းခြဲေက်ာ္အား ပံုစံ(၇) ထုတ္ေပးထား
ဇွန် 21, 2017
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး မင္းဘူးခ႐ိုင္အတြင္း မင္းဘူးခ႐ိုင္ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင္႔ စာရင္းအင္း ဦးစီးဌာန႐ံုးမွ ဇြန္လ (၂၁)ရက္ေန႔အထိ ေတာင္သူဦးေရ တစ္သိန္းခြဲေက်ာ္အတြက္ လယ္ယာေျမ လုပ္ပိုင္ခြင္႔ျပဳလက္မွတ္ ပံုစံ(၇)မ်ား ထုတ္ေပးထားၿပီးျဖစ္၍ တစ္ေသာင္းခြဲနီးပါးသာက်န္ရွိေတာ့ေၾကာင္း သိရသည္။

“လုပ္ငန္းတာဝန္ေတြ ဘယ္ေလာက္ပဲမ်ားမ်ား အေရးႀကီးအခန္းက႑ေတြကို ဦးစားေပး ေဆာင္႐ြက္ လ်က္႐ွိေနတဲ႔ အတြက္ ပံုစံ(၇)ထုတ္ေပးဖို႔က်န္ေသးတဲ႔ ေတာင္သူဦးေရ(၁၄,၀၀၀)ေက်ာ္အတြက္လည္း ဆက္လက္ စိစစ္လုပ္ေဆာင္ေနပါတယ္”ဟု မင္းဘူးခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႔ အတြင္းေရးမွဴး၊ မင္းဘူးခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲေရးႏွင္႔ စာရင္းအင္းဦးစီးဌာနမွဴး ဦးစန္းတင့္ဦးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

မင္းဘူးခရိုင္အတြင္း ပံုစံ(၇)လက္မွတ္ေဆာင္႐ြက္ရမည္႔ လုပ္ငန္းပမာဏမွာ စုစုေပါင္း ေတာင္သူဦးေရ (၁၆၄,၇၈၀)ဦးရိွသည့္အနက္ ပံုစံ(၅)အရ လုပ္ပိုင္ခြင္႔ရ႐ွိသူမ်ား မွတ္ပံုတင္စာရင္းေရးသြင္းၿပီး ပံုစံ (၇)လုပ္ပိုင္ခြင္႔ျပဳ လက္မွတ္ထုတ္ေပးထားသည့္ ေတာင္သူဦးေရ (၁၅၀,၁၃၃)ျဖစ္ေၾကာင္း မင္းဘူးခ႐ိုင္ လယ္ယာေျမစီမံခန္႔ခြဲေရးႏွင္႔ စာရင္းအင္းဦးစီးဌာန႐ံုးမွ သိရသည္။

“အေမြဆက္ခံခြင္႔၊ ေရာင္းခြင္႔၊ ေပါင္ခြင္႔၊ လႊဲေျပာင္းခြင္႔ ရရိွတဲ႔အျပင္ စိုက္ပ်ိဳးစရိတ္ေခ်းေငြရရိွဖို႔ အတြက္ကလည္း ပံုစံ(၇)က မရိွမျဖစ္ဆိုေတာ႔ ေတာင္သူေတြအတြက္ ပံုစံ(၇)ရရိွေရးက အဓိက လိုအပ္ခ်က္တစ္ရပ္ျဖစ္လို႔ တတ္ႏိုင္သမွ် အျမန္ဆံုးရရိွေအာင္ ေဆာင္ရြက္ေနပါတယ္”ဟု မေကြးတိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခဲြေရးႏွင့္ စာရင္းအင္းဦးစီးဌာန တိုင္းေဒသႀကီးဦးစီးဌာနမွဴး ညႊန္ၾကားေရးမွဴး ဦးေဇာ္ဝင္းက ေျပာၾကားသည္။

ဇြန္လတတိယပတ္အတြင္း မင္းဘူး(စကု)ၿမိဳ႕နယ္၊ ေရနံေျမကန္႔သတ္ဧရိယာအတြင္းမွ ေရနံတြင္း အၿမဲတမ္းအသံုးျပဳေျမႏွင္႔ ကင္းလြတ္သည္႔ ေတာင္သူ(၄၆၁)ဦးအတြက္ ပံုစံ(၇)လက္မွတ္မ်ား ထုတ္ေပးထားၿပီး ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း မင်းဘူးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးမှ ဇွန်လ (၂၁)ရက်နေ့အထိ တောင်သူဦးရေ တစ်သိန်းခွဲကျော်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ထုတ်ပေးထားပြီးဖြစ်၍ တစ်သောင်းခွဲနီးပါးသာကျန်ရှိတော့ကြောင်း သိရသည်။

“လုပ်ငန်းတာဝန်တွေ ဘယ်လောက်ပဲများများ အရေးကြီးအခန်းကဏ္ဍတွေကို ဦးစားပေး ဆောင်ရွက် လျက်ရှိနေတဲ့ အတွက် ပုံစံ(၇)ထုတ်ပေးဖို့ကျန်သေးတဲ့ တောင်သူဦးရေ(၁၄,ဝဝဝ)ကျော်အတွက်လည်း ဆက်လက် စိစစ်လုပ်ဆောင်နေပါတယ်”ဟု မင်းဘူးခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ မင်းဘူးခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးစန်းတင့်ဦးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မင်းဘူးခရိုင်အတွင်း ပုံစံ(၇)လက်မှတ်ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏမှာ စုစုပေါင်း တောင်သူဦးရေ (၁၆၄,၇၈၀)ဦးရှိသည့်အနက် ပုံစံ(၅)အရ လုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင်စာရင်းရေးသွင်းပြီး ပုံစံ (၇)လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးထားသည့် တောင်သူဦးရေ (၁၅၀,၁၃၃)ဖြစ်ကြောင်း မင်းဘူးခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။

“အမွေဆက်ခံခွင့်၊ ရောင်းခွင့်၊ ပေါင်ခွင့်၊ လွှဲပြောင်းခွင့် ရရှိတဲ့အပြင် စိုက်ပျိုးစရိတ်ချေးငွေရရှိဖို့ အတွက်ကလည်း ပုံစံ(၇)က မရှိမဖြစ်ဆိုတော့ တောင်သူတွေအတွက် ပုံစံ(၇)ရရှိရေးက အဓိက လိုအပ်ချက်တစ်ရပ်ဖြစ်လို့ တတ်နိုင်သမျှ အမြန်ဆုံးရရှိအောင် ဆောင်ရွက်နေပါတယ်”ဟု မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ပြောကြားသည်။

ဇွန်လတတိယပတ်အတွင်း မင်းဘူး(စကု)မြို့နယ်၊ ရေနံမြေကန့်သတ်ဧရိယာအတွင်းမှ ရေနံတွင်း အမြဲတမ်းအသုံးပြုမြေနှင့် ကင်းလွတ်သည့် တောင်သူ(၄၆၁)ဦးအတွက် ပုံစံ(၇)လက်မှတ်များ ထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~