ရွမ္းႏွင့္ကယားႏွစ္ျပည္နယ္မွ ဖမ္းမိသည့္ မူးယစ္ေဆး၀ါး အေမရိကန္ေဒၚလာ (၁၄၃)သန္းေက်ာ္ဖိုးအား ေတာင္ႀကီးတြင္ မီးရိႈ႕ဖ်က္ဆီး

ရွမ္းႏွင့္ကယားႏွစ္ျပည္နယ္မွ ဖမ္းမိသည့္ မူးယစ္ေဆး၀ါး အေမရိကန္ေဒၚလာ (၁၄၃)သန္းေက်ာ္ဖိုးအား ေတာင္ႀကီးတြင္ မီးရိႈ႕ဖ်က္ဆီး
ဇွန် 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္တြင္းမွ ဖမ္းဆီးရမိထားသည့္ မူးယစ္ေဆးဝါးႏွင့္ ဓာတုပစၥည္းမ်ားအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)ေတာင္ႀကီးၿမိဳ႕တြင္ ဇြန္လ (၂၆)ရက္ေန႔ နံနက္က အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါး အလြဲသုံးမႈႏွင့္ တရားမဝင္ေရာင္းဝယ္မႈ တိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖစ္ မီးရိႈ႕ဖ်က္ဆီးလိုက္ေၾကာင္း သိရသည္။

ျပည္နယ္ႏွစ္ခုတြင္းမွ တစ္ႏွစ္အတြင္း ဖမ္းဆီးရမိထားသည့္ မူးယစ္ေဆးဝါးႏွင့္ ဓာတုပစၥည္းမ်ား စုစုေပါင္းတန္ဖိုး အေမရိကန္ေဒၚလာ (၁၄၃)သန္းေက်ာ္အား မီးရိႈ႕ဖ်က္ဆီးျခင္း အခမ္းအနားသို႔ ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ ျပည္နယ္အစိုးရအဖြဲ႔၀င္မ်ား၊ သက္ဆိုင္ရာ ဌာနတာဝန္ရိွသူမ်ား၊ ေဒသခံျပည္သူမ်ား တက္ေရာက္ေၾကာင္း သိရသည္။

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးတုိက္ဖ်က္ေရးေန႔အထိမ္းအမွတ္အျဖစ္ ျမန္မာႏုိင္ငံတစ္ဝန္း အထိမ္းအမွတ္ အခမ္းအနားမ်ား က်င္းပကာ တစ္ႏွစ္တာအတြင္း ဖမ္းဆီးရမိသည့္ မူးယစ္ေဆးဝါးမ်ားကို မီးရိႈ႕ဖ်က္ဆီးျခင္း၊ မူးယစ္ေဆးဝါးဆန္႔က်င္ေရးဆိုင္ရာ အသိပညာေပးျခင္းတို႔အား ႏွစ္စဥ္ လုပ္ေဆာင္ေနျခင္းျဖစ္သည္။

သတင္း/ဓာတ္ပံု - ႏိုႏို

 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တွင်းမှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများအား ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် ဇွန်လ (၂၆)ရက်နေ့ နံနက်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ပြည်နယ်နှစ်ခုတွင်းမှ တစ်နှစ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁၄၃)သန်းကျော်အား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတစ်ဝန်း အထိမ်းအမှတ် အခမ်းအနားများ ကျင်းပကာ တစ်နှစ်တာအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေးခြင်းတို့အား နှစ်စဉ် လုပ်ဆောင်နခြေင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~