တာခ်ီလိတ္ၿမိဳ႕လယ္ေခါင္၌ ျဖစ္ပြားသည့္ ေသနတ္ျဖင့္ ပစ္သတ္သည့္ လူသတ္မႈတြင္ ေသဆံုးသူသည္ က်ည္ဝင္ထြက္ဒဏ္ရာ ၁၂ ခ်က္ျဖင့္ ေသဆံုး

တာခ်ီလိတ္ၿမိဳ႕လယ္ေခါင္၌ ျဖစ္ပြားသည့္ ေသနတ္ျဖင့္ ပစ္သတ္သည့္ လူသတ္မႈတြင္ ေသဆံုးသူသည္ က်ည္ဝင္ထြက္ဒဏ္ရာ ၁၂ ခ်က္ျဖင့္ ေသဆံုး
ဇွန် 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္၊ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)အနီး ေမတၱာလမ္းရွိ ေနအိမ္တိုက္ခန္းတြင္ ဇြန္လ (၁၇)ရက္ေန႔ ညက ညစာစားေနစဥ္ ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္ခံရ၍ ေသဆံုးသြားသည့္ အမ်ိဳးသားတြင္ က်ည္ဝင္ထြက္ဒဏ္ရာ (၁၂) ခ်က္စစ္ေဆးေတြ႔ရိွရၿပီး ေသနတ္ျဖင့္ပစ္သူအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"တရားခံဘယ္သူဆိုတာေတာ့ စံုစမ္းစစ္ေဆးဆဲပဲရိွေသးတယ္"ဟု အခင္းျဖစ္ပြားရာတြင္ စစ္ေဆးေနသည့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း စခန္းမွဴး ဒုရဲမွဴး ထိန္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသနတ္ပစ္ခတ္မႈျဖစ္ပြား၍ အမ်ိဳးသားတစ္ဦးေသဆံုးေၾကာင္း ဇြန္လ (၁၇)ရက္ေန႔ ည (၇)နာရီခန္႔တြင္ သတင္းအရ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဳး ဒုရဲမွဴးႀကီး ထိန္ဝင္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး သန္းႏု၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးထိန္လင္းႏွင့္အဖြဲ႕က အခင္းျဖစ္ေနရာအား သြားရာက္စစ္ေဆးရာ စိုင္းဝီးဆိုသူအား ယာနားထင္၊ ယာမ်က္လံုး၊ ဝဲနားရြက္အေပၚ၊ ဝဲနားရြက္ေအာက္၊ ဝဲဘက္ပုခံုးအေပၚ၊ ယာရင္အံု၊ ေနာက္ေက်ာကုန္း ေက်ာအလယ္၊ ယာလက္ျပင္တို႔တြင္ က်ည္ဝင္ထြက္ဒဏ္ရာ (၁)ခ်က္စီ၊ ဝဲလက္ေမာင္းႏွင့္ ဝဲလက္ေမာင္းေနာက္ဘက္တို႔တြင္ က်ည္ဝင္ထြက္ဒဏ္ရာ (၂)ခ်က္စီျဖင့္ လဲက်ေသဆံုးေနသည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း ရဲမွတ္တမ္းအရ သိရသည္

ေသဆံုးသြားသည့္ အသက္ (၄၄)ႏွစ္အရြယ္ စိုင္းဝီးသည္ ဇနီးျဖစ္သူ မနန္းေအာင္ခမ္း အပါအ၀င္ မနန္းေကာင္ခမ္းတို႔ႏွင့္ အတူ ၎တို႔ေနအိမ္ေအာက္ထပ္တြင္ အသားကင္စားေသာက္ေနစဥ္ ဖုန္းဝင္လာသျဖင့္ စိုင္းဝီးက တိုက္ခန္းေရွ႕ထြက္၍ ဖုန္းေျပာျခင္းျဖစ္ေၾကာင္း သိရသည္။

"ေသနတ္သံကေတာ့ ေျခာက္နာရီခြဲေလာက္မွာ ၾကားတယ္။ ေလးငါးေျခာက္ခ်က္ၾကားတယ္။ ေသနတ္သံမွန္း မသိဘူး။ လူေတြ ဝို္င္းအံုလာၿပီး သြားၾကည့္မွ သိတယ္။ အပစ္ခံရတဲ့သူကေတာ့ အက်ႌခြ်တ္နဲ႔  ပက္လက္ႀကီး ေခါင္းကိုပြင့္ထြက္သြားတာပဲ"ဟု ေသနတ္ပစ္မႈျဖစ္ပြားသည့္အနီးဝန္းက်င္တြင္ ရိွေနသူက ေျပာသည္။

ေနအိမ္ေရွ႕တြင္ ဖုန္းေျပာရန္ထြက္သြားသည့္ စိုင္းဝီးအား လွ်ာထိုးဦးထုပ္အမည္းေရာင္၊ အက်ၤီ လက္ရွည္ အမည္းေရာင္၊ ေဘာင္းဘီရွည္ အမည္းေရာင္ဝတ္ဆင္ထားသည့္ အမ်ိဳးသားတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ စိုင္းဝီးက ထြက္ေျပးစဥ္ တုိက္ခန္းေရွ႕လမ္းမေပၚ၌ လဲက်ေသဆံုးသြားၿပီး ေသနတ္ျဖင့္ (၈)ခ်က္ခန္႔ ပစ္ခတ္သံၾကားရသည္ဟု သိရေၾကာင္း ရဲမွတ္တမ္းတြင္ ေဖၚျပထားသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျပစ္မႈက်ဳးလြန္သူအား အေရးယူႏုိင္ရန္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၂၇/၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားၿပီး ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အနီး မေတ္တာလမ်းရှိ နေအိမ်တိုက်ခန်းတွင် ဇွန်လ (၁၇)ရက်နေ့ ညက ညစာစားနေစဉ် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် အမျိုးသားတွင် ကျည်ဝင်ထွက်ဒဏ်ရာ (၁၂) ချက်စစ်ဆေးတွေ့ရှိရပြီး သေနတ်ဖြင့်ပစ်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

"တရားခံဘယ်သူဆိုတာတော့ စုံစမ်းစစ်ဆေးဆဲပဲရှိသေးတယ်"ဟု အခင်းဖြစ်ပွားရာတွင် စစ်ဆေးနေသည့် တာချီလိတ်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ထိန်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေနတ်ပစ်ခတ်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံးကြောင်း ဇွန်လ (၁၇)ရက်နေ့ ည (၇)နာရီခန့်တွင် သတင်းအရ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှူးကြီး ထိန်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်းနှင့်အဖွဲ့က အခင်းဖြစ်နေရာအား သွားရာက်စစ်ဆေးရာ စိုင်းဝီးဆိုသူအား ယာနားထင်၊ ယာမျက်လုံး၊ ဝဲနားရွက်အပေါ်၊ ဝဲနားရွက်အောက်၊ ဝဲဘက်ပုခုံးအပေါ်၊ ယာရင်အုံ၊ နောက်ကျောကုန်း ကျောအလယ်၊ ယာလက်ပြင်တို့တွင် ကျည်ဝင်ထွက်ဒဏ်ရာ (၁)ချက်စီ၊ ဝဲလက်မောင်းနှင့် ဝဲလက်မောင်းနောက်ဘက်တို့တွင် ကျည်ဝင်ထွက်ဒဏ်ရာ (၂)ချက်စီဖြင့် လဲကျသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်

သေဆုံးသွားသည့် အသက် (၄၄)နှစ်အရွယ် စိုင်းဝီးသည် ဇနီးဖြစ်သူ မနန်းအောင်ခမ်း အပါအဝင် မနန်းကောင်ခမ်းတို့နှင့် အတူ၎င်းတို့နေအိမ်အောက်ထပ်တွင် အသားကင်စားသောက်နေစဉ် ဖုန်းဝင်လာသဖြင့် စိုင်းဝီးက တိုက်ခန်းရှေ့ထွက်၍ ဖုန်းပြောခြင်းဖြစ်ကြောင်း သိရသည်။

"သေနတ်သံကတော့ ခြောက်နာရီခွဲလောက်မှာ ကြားတယ်။ လေးငါးခြောက်ချက်ကြားတယ်။ သေနတ်သံမှန်း မသိဘူး။ လူတွေ ဝို်င်းအုံလာပြီး သွားကြည့်မှ သိတယ်။ အပစ်ခံရတဲ့သူကတော့ အင်္ကျီချွတ်နဲ့ ပက်လက်ကြီး ခေါင်းကိုပွင့်ထွက်သွားတာပဲ"ဟု သေနတ်ပစ်မှုဖြစ်ပွားသည့်အနီးဝန်းကျင်တွင် ရှိနေသူက ပြောသည်။

နေအိမ်ရှေ့တွင် ဖုန်းပြောရန်ထွက်သွားသည့် စိုင်းဝီးအား လျှာထိုးဦးထုပ်အမည်းရောင်၊ အင်္ကျီ လက်ရှည် အမည်းရောင်၊ ဘောင်းဘီရှည် အမည်းရောင်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် စိုင်းဝီးက ထွက်ပြေးစဉ် တိုက်ခန်းရှေ့လမ်းမပေါ်၌ လဲကျသေဆုံးသွားပြီး သေနတ်ဖြင့် (၈)ချက်ခန့် ပစ်ခတ်သံကြားရသည်ဟု သိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူအား အရေးယူနိုင်ရန် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၂၇/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~