က်ဳိင္းတံုကြန္ပ်ဴတာတကၠသိုလ္တြင္ သစ္ပင္အမ်ဳိးအစား (၈)မ်ဳိးပါ၀င္သည့္ အပင္ေပါင္း(၁,၀၀၀) စုေပါင္း စိုက္ပ်ဳိး

က်ဳိင္းတံုကြန္ပ်ဴတာတကၠသိုလ္တြင္ သစ္ပင္အမ်ဳိးအစား (၈)မ်ဳိးပါ၀င္သည့္ အပင္ေပါင္း(၁,၀၀၀) စုေပါင္း စိုက္ပ်ဳိး
ဇွန် 19, 2017
By Tachileik News Agency

၂၀၁၇ခုႏွစ္၏ မိုးရာသီသစ္ပင္စိုက္ပ်ဳိးပြဲအျဖစ္ ဇြန္လ(၁၉)ရက္ေန႔ နံနက္(၈)နာရီအခ်ိန္က က်င္းပျပဳလုပ္သည့္ က်ဳိင္းတံုၿမိဳ႕ရွိ ကြန္ပ်ဴတာတကၠသိုလ္တြင္ သစ္ပင္အမ်ဳိးအစား (၈)မ်ဳိးပါ၀င္သည့္ သစ္ပင္ စုစုေပါင္း အပင္(၁,၀၀၀)အား စုေပါင္း စိုက္ပ်ဳိးခဲ့ၾကေၾကာင္း သိရသည္။

"ဒီေန႔ သစ္ပင္ စုစုေပါင္း (၁,၀၀၀)စိုက္ပ်ိဳးခဲ႔ပါတယ္။ ဒီေက်ာင္း မတိုင္ခင္လည္း ေရွ႕မွာ မိုးရာသီသစ္ပင္ စိုက္ပ်ိဳးပြဲအေနနဲ႔ က်ိဳင္းတံု တကၠသိုလ္နဲ႔ နည္းပညာတကၠသိုလ္တို႔မွာ စိုက္ပ်ိဳးခဲ့ပါတယ္။ ေရွ႔႔ဆက္ ၿပီးေတာ႔လည္း လြိဳင္ေမြ သဘာဝထိန္းသိမ္းေရးနယ္ေျမ အပါအဝင္ သစ္ပင္စိုက္ပြဲ(၄)ပြဲ ထပ္ၿပီး က်င္းပဖို႔ရိွပါတယ္။"ဟု က်ိဳင္းတံုၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ဦးစီးအရာရိွ ဦးကိုကိုမ်ိဳးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြန္ပ်ဴတာ တကၠသိုလ္ (က်ိဳင္းတံု)တြင္ ခ်ယ္ရီအပင္ (၃၀၀)ပင္၊ ထင္းရွဴးအပင္(၂၅၀)ပင္၊ ကြၽန္းအပင္ (၁၅၀)ပင္၊ ခါေတာ္မွီ အပင္ (၁၀၀)ပင္၊ စိန္ပန္းနီအပင္ (၅၀)ပင္၊ စိန္ပန္းျပာအပင္ (၅၀)ပင္၊ ပိေတာက္ အပင္ (၅၀)ပင္နွင့္ မေဟာ္ဂနီအပင္ (၅၀)ပင္ စုစုေပါင္း အပင္(၁၀၀၀)ကို စိုက္ပ်ိဳးခဲဲ့ေၾကာင္း သိရသည္။

"က်ဳိင္းတံုၿမိဳ႕နယ္ထဲမွာ ဒီနွစ္အတြင္းမွာ အခုလို သစ္ပင္စိုက္ပြဲနဲ႔ လူထုျဖန္႔ေပးထားတာေရာ ပါမယ္ဆိုရင္ စုစုေပါင္း သစ္ပင္ (၁)သိန္း(၃)ေသာင္းနဲ႔ ျပည္နယ္အစိုးရ အစီအစဥ္နဲ႔ နွစ္ရွည္သီးပင္စားပင္ (၃)ေသာင္း စုစုေပါင္း ဆိုရင္ ဒီနွစ္အတြင္း (၁)သိန္း(၆)ေသာင္းကို စိုက္သြားမွာပါ။"ဟု ဦးစီးအရာရိွ ဦးကိုကိုမ်ိဳးက ဆက္ေျပာသည္။

အဆိုပါ သစ္ပင္ စိုက္ပ်ိဳးပြဲသို႔ ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္ ဒုတိယ တိုင္းမွဴး ဗိုလ္မွဴးခ်ဳပ္သန္းဦး အပါအဝင္ တပ္မေတာ္မွ အရာရွိမ်ား၊ ဒုတိယ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲနိုင္၊ ရွမ္းျပည္နယ္ ဒုတိယ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးၾကီး သက္လြင္၊ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနဦးနွင့္ ျပည္နယ္/ခရိုင္/ၿမိဳ႕နယ္ အဆင့္ဌာနဆိုင္ရာမ်ား၊ ကြန္ပ်ဴတာ တကၠသိုလ္ က်ိဳင္းတုံမွ ပါေမာကၡ ေဒါက္တာအိေခ်ာထြန္းနွင့္ ဆရာ/ဆရာမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား ပါ၀င္ဆင္ႏႊဲခဲ့ၾကေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ဇြဲျမတ္





~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ခုနှစ်၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ် ဇွန်လ(၁၉)ရက်နေ့ နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်သည့် ကျိုင်းတုံမြို့ရှိ ကွန်ပျူတာတက္ကသိုလ်တွင် သစ်ပင်အမျိုးအစား (၈)မျိုးပါဝင်သည့် သစ်ပင် စုစုပေါင်း အပင်(၁,ဝဝဝ)အား စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

"ဒီနေ့ သစ်ပင် စုစုပေါင်း (၁,ဝဝဝ)စိုက်ပျိုးခဲ့ပါတယ်။ ဒီကျောင်း မတိုင်ခင်လည်း ရှေ့မှာ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအနေနဲ့ ကျိုင်းတုံ တက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တို့မှာ စိုက်ပျိုးခဲ့ပါတယ်။ ရှေ့ဆက် ပြီးတော့လည်း လွိုင်မွေ သဘာဝထိန်းသိမ်းရေးနယ်မြေ အပါအဝင် သစ်ပင်စိုက်ပွဲ(၄)ပွဲ ထပ်ပြီး ကျင်းပဖို့ရှိပါတယ်။"ဟု ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမျိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွန်ပျူတာ တက္ကသိုလ် (ကျိုင်းတုံ)တွင် ချယ်ရီအပင် (၃၀၀)ပင်၊ ထင်းရှူးအပင်(၂၅၀)ပင်၊ ကျွန်းအပင် (၁၅၀)ပင်၊ ခါတော်မှီ အပင် (၁၀၀)ပင်၊ စိန်ပန်းနီအပင် (၅၀)ပင်၊ စိန်ပန်းပြာအပင် (၅၀)ပင်၊ ပိတောက် အပင် (၅၀)ပင်နှင့် မဟော်ဂနီအပင် (၅၀)ပင် စုစုပေါင်း အပင်(၁၀၀၀)ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

"ကျိုင်းတုံမြို့နယ်ထဲမှာ ဒီနှစ်အတွင်းမှာ အခုလို သစ်ပင်စိုက်ပွဲနဲ့ လူထုဖြန့်ပေးထားတာရော ပါမယ်ဆိုရင် စုစုပေါင်း သစ်ပင် (၁)သိန်း(၃)သောင်းနဲ့ ပြည်နယ်အစိုးရ အစီအစဉ်နဲ့ နှစ်ရှည်သီးပင်စားပင် (၃)သောင်း စုစုပေါင်း ဆိုရင် ဒီနှစ်အတွင်း (၁)သိန်း(၆)သောင်းကို စိုက်သွားမှာပါ။"ဟု ဦးစီးအရာရှိ ဦးကိုကိုမျိုးက ဆက်ပြောသည်။

အဆိုပါ သစ်ပင် စိုက်ပျိုးပွဲသို့ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်သန်းဦး အပါအဝင် တပ်မတော်မှ အရာရှိများ၊ ဒုတိယ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်လွင်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကွန်ပျူတာ တက္ကသိုလ် ကျိုင်းတုံမှ ပါမောက္ခ ဒေါက်တာအိချောထွန်းနှင့် ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~