ေတာင္ႀကီးၿမိဳ႕ရိွ အဝါေရာင္မ်ိဳးဆက္သစ္မိဘမဲ့ ပရဟိတေက်ာင္းတြင္ စာသင္ေဆာင္ လိုအပ္ေန

ေတာင္ႀကီးၿမိဳ႕ရိွ အဝါေရာင္မ်ိဳးဆက္သစ္မိဘမဲ့ ပရဟိတေက်ာင္းတြင္ စာသင္ေဆာင္ လိုအပ္ေန
မေ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ရွိ အဝါေရာင္မ်ဳိးဆက္သစ္မိဘမဲ့ပရဟိတေက်ာင္းတြင္ ယခုႏွစ္အတြက္ ေက်ာင္းသားဦးေရ ႏွစ္ဆတိုးလာသျဖင့္ စာသင္ေဆာင္တိုးခ်ဲ႕ရန္ လိုအပ္ေနေၾကာင္း သိရသည္။

“ဆရာေတာ္တို႔ ေက်ာင္းမွာ စာသင္ေဆာင္ လိုအပ္ေနပါတယ္။ အခုက (၁၀)တန္းအထိ သင္မွာဆိုေတာ့ (၇) ခန္းတြဲကို ေပ (၁၅၀) လိုအပ္ပါတယ္။ အခုေလာေလာဆယ္ကေတာ့ ၀ါးေတြနဲ႔ခုတ္ၿပီး ယာယီေဆာင္ ေဆာက္ဖို႕ ထရံကာနဲ႔ သြပ္မိုးနဲ႔ ေဆာက္ေနပါတယ္။ အရင္တုန္းက ကေလးေတြ ဒီေလာက္လည္း မမ်ားေသးဘူး။ ေက်ာင္းကစာသင္ခန္းနဲ႔တင္ အဆင္ေျပေနတယ္။ ဒီႏွစ္က်ေတာ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ ႏွစ္ဆေလာက္ မ်ားလာေတာ့ စာသင္ေဆာင္ အဆင္မေျပ ျဖစ္လာတယ္”ဟု ဦးေဆာင္ဆရာေတာ္ ဦးဣႏၷာစာရက မိန္႔ၾကားသည္။

အဆိုပါ မိဘမဲ့ပရဟိတေက်ာင္းတြင္ မိဘမဲ့ကေလးမ်ား၊ ဆင္းရဲႏြမ္းပါးကေလးမ်ားအား ေက်ာင္းအိပ္ေက်ာင္းစား ပညာသင္ေပးေနျခင္းျဖစ္ၿပီး ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္မွစ၍ (၁၀)တန္းကိုပါ သင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကံႀကီးရပ္ကြက္၊ ဂနိုင္ေရးရပ္တြင္ရိွသည့္ အဆိုပါ မိဘမဲ့ပရဟိတေက်ာင္းတြင္ ေက်ာင္းသား ေက်ာင္းသူေပါင္း (၁၅၀)ခန္႔သာရွိခဲ့ၿပီး ယခုႏွစ္တြင္ ေက်ာင္းသားေက်ာင္းသူဦးေရ ႏွစ္ဆ တိုးလာျခင္းျဖစ္ေၾကာင္းသိရသည္။

“အခုေလာေလာဆယ္ကေတာ့ စာရင္းေတြအတည္ျပဳလို႔ မရေသးပါဘူး။ ေက်ာင္းသားေတြလည္း ထပ္လာအပ္တာရွိေသးတယ္။ အရင္က ဆရာ/ဆရာမေတြက (၁၀) ဦးပါပဲ။ ကေလးေတြက တျခားေသာၿမိဳ႕နယ္ထဲက ကေလးေတြလည္း ပါတယ္။ ေနရာစံုပါတယ္။ ကေလးေတြ လာၿပီဆိုကတည္းက အကုန္လံုးအခမဲ့ အဝတ္အစားကအစ အကုန္လံုးတာဝန္ယူေပးပါတယ္။ တခ်ဳိ႕ကေလးေတြက အဝတ္တစ္စံုနဲ႔ လာအပ္ေတြရွိတယ္”ဟု ဆရာေတာ္က မိန္႔သည္။

အဆိုပါေက်ာင္းသို႔ ေတာင္ႀကီး၊ ဆီဆိုင္၊ ဆိုက္ေခါင္၊ ပင္ေလာင္း၊ ရပ္ေစာက္၊ ေအာင္ပန္း၊ မႏၱေလးတိုင္းအတြင္း ေဒသအခ်ိဳ႕မွ ကေလးမ်ား လာတက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်ာင္းကို ၂၀၁၂-၂၀၁၃ ခုႏွစ္မွစ၍ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး သူငယ္တန္းမွ (၁၀)တန္းအထိ စာသင္ၾကားသူဦးေရ (၃၈၀ ) ဦးတို႔ကို ဆရာ/ဆရာမ (၁၇ ) ဦးျဖင့္ သင္ၾကားေပးေနေၾကာင္း သိရသည္။

ဆက္သြယ္ႏိုင္ရန္
ဦးေဆာင္ဆရာေတာ္ ဦးကၢႏၷာစာရ
YGW- အ၀ါေရာင္မ်ဳိးဆက္သစ္မိဘမဲ့ပရဟိတေက်ာင္း
ဂႏိုင္ေရးရပ္၊ ကံႀကီးရပ္ကြက္၊ ေတာင္ႀကီးၿမိဳ႕။
 ဖုန္း - 09402716004

သတင္း -  ႏိုႏို
ဓာတ္ပံု - YGW - မိဘမဲ့ပရဟိတေက်ာင္း ဦးေဆာင္ဆရာေတာ္ ဦးကၢႏၷာစာရ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ အဝါရောင်မျိုးဆက်သစ်မိဘမဲ့ပရဟိတကျောင်းတွင် ယခုနှစ်အတွက် ကျောင်းသားဦးရေ နှစ်ဆတိုးလာသဖြင့် စာသင်ဆောင်တိုးချဲ့ရန် လိုအပ်နေကြောင်း သိရသည်။

“ဆရာတော်တို့ ကျောင်းမှာ စာသင်ဆောင် လိုအပ်နေပါတယ်။ အခုက (၁၀)တန်းအထိ သင်မှာဆိုတော့ (၇) ခန်းတွဲကို ပေ (၁၅၀) လိုအပ်ပါတယ်။ အခုလောလောဆယ်ကတော့ ဝါးတွေနဲ့ခုတ်ပြီး ယာယီဆောင် ဆောက်ဖို့ ထရံကာနဲ့ သွပ်မိုးနဲ့ ဆောက်နေပါတယ်။ အရင်တုန်းက ကလေးတွေ ဒီလောက်လည်း မများသေးဘူး။ ကျောင်းကစာသင်ခန်းနဲ့တင် အဆင်ပြေနေတယ်။ ဒီနှစ်ကျတော့ ကျောင်းသား၊ ကျောင်းသူတွေ နှစ်ဆလောက် များလာတော့ စာသင်ဆောင် အဆင်မပြေ ဖြစ်လာတယ်”ဟု ဦးဆောင်ဆရာတော် ဦးဣန္နာစာရက မိန့်ကြားသည်။

အဆိုပါ မိဘမဲ့ပရဟိတကျောင်းတွင် မိဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါးကလေးများအား ကျောင်းအိပ်ကျောင်းစား ပညာသင်ပေးနခြေင်းဖြစ်ပြီး ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှစ၍ (၁၀)တန်းကိုပါ သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကံကြီးရပ်ကွက်၊ ဂနိုင်ရေးရပ်တွင်ရှိသည့် အဆိုပါ မိဘမဲ့ပရဟိတကျောင်းတွင် ကျောင်းသား ကျောင်းသူပေါင်း (၁၅၀)ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် ကျောင်းသားကျောင်းသူဦးရေ နှစ်ဆ တိုးလာခြင်းဖြစ်ကြောင်းသိရသည်။

“အခုလောလောဆယ်ကတော့ စာရင်းတွေအတည်ပြုလို့ မရသေးပါဘူး။ ကျောင်းသားတွေလည်း ထပ်လာအပ်တာရှိသေးတယ်။ အရင်က ဆရာ/ဆရာမတွေက (၁၀) ဦးပါပဲ။ ကလေးတွေက တခြားသောမြို့နယ်ထဲက ကလေးတွေလည်း ပါတယ်။ နေရာစုံပါတယ်။ ကလေးတွေ လာပြီဆိုကတည်းက အကုန်လုံးအခမဲ့ အဝတ်အစားကအစ အကုန်လုံးတာဝန်ယူပေးပါတယ်။ တချို့ကလေးတွေက အဝတ်တစ်စုံနဲ့ လာအပ်တွေရှိတယ်”ဟု ဆရာတော်က မိန့်သည်။

အဆိုပါကျောင်းသို့ တောင်ကြီး၊ ဆီဆိုင်၊ ဆိုက်ခေါင်၊ ပင်လောင်း၊ ရပ်စောက်၊ အောင်ပန်း၊ မန္တလေးတိုင်းအတွင်း ဒေသအချို့မှ ကလေးများ လာတက်ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းကို ၂၀၁၂-၂၀၁၃ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သူငယ်တန်းမှ (၁၀)တန်းအထိ စာသင်ကြားသူဦးရေ (၃၈၀ ) ဦးတို့ကို ဆရာ/ဆရာမ (၁၇ ) ဦးဖြင့် သင်ကြားပေးနေကြောင်း သိရသည်။

ဆက်သွယ်နိုင်ရန်
ဦးဆောင်ဆရာတော် ဦးက္ဂန္နာစာရ
YGW- အဝါရောင်မျိုးဆက်သစ်မိဘမဲ့ပရဟိတကျောင်း
ဂနိုင်ရေးရပ်၊ ကံကြီးရပ်ကွက်၊ တောင်ကြီးမြို့။
 ဖုန်း - 09402716004

သတင်း - နိုနို
ဓာတ်ပုံ - YGW - မိဘမဲ့ပရဟိတကျောင်း ဦးဆောင်ဆရာတော် ဦးက္ဂန္နာစာရ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~