ဒေသတွင်းတိုက်ပွဲကြောင့် နမ္မတူမြို့သို့ စစ်ဘေးရှောင် ထပ်တိုးရောက်လာနေ
ဒေသတွင်းတိုက်ပွဲကြောင့် နမ္မတူမြို့သို့ စစ်ဘေးရှောင် ထပ်တိုးရောက်လာနေ
မေ 27, 2017
By Tachileik News Agency
စစ်ဘေးရှောင်လာသူများသည် စိုက်ပျိုးရာသီဖြစ်သည့် အတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်ရန် အခြေအနေကောင်းမွန်ပါက နေရပ်သို့သာ ပြန်လိုသည့်ဆန္ဒရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။
ဒေသတွင်းတိုက်ပွဲများနှင့် မတည်ငြိမ်မှုများကြောင့် နမ္မတူမြို့အတွင်းရှိ ရွှေမြင်သာစစ်ဘေးရှောင်စခန်း၊ KBC စခန်း၊ လီဆူစခန်း တို့တွင် ၂၀၁၆ ခုနှစ်ကတည်းကရောက်ရှိနေသူဦးရေ (၂၅၇)ဦးနှင့် ၂၀၁၇ ခုနှစ် မေလ (၁၁) ရက်နေ့တွင် ရောက်ရှိလာသူများထဲမှ ကျန်ရှိနေသူ(၁၄၇)ဦးတို့အတွက် စားနပ်ရိက္ခာလုံလောက်မှု အခြေအနေမှာ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း စခန်းများ၏ တာဝန်ခံက ပြောသည်။
သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နမ္မတူမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ရေထွက်တောင် နေရာတွင် မေလ (၂၆) ရက် ညနေ(၆)နာရီခန့်က တပ်မတော်နှင့် TNLA လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားသဖြင့် ဒေသခံအချို့ နမ္မတူမြို့တွင်းသို့ တိမ်းရှောင်လာကြောင်း သိရသည်။
“ပစ်ခတ်သံတွေကိုတော့ ကြားတယ်ခင်ဗျ။ တိုက်ပွဲပြင်းထန်မှု ရှိလား/မရှိလားတော့ မပြောတတ်သေးဘူး။ မနေ့ညက (၆) နာရီလောက်မှာ ပစ်ခတ်မှုဖြစ်တယ်။ (၈)နာရီလောက်မှာ အဲဒီနေရာက ဒေသခံ(၃၅)ဦးက နမ္မတူကို ရောက်လာတယ်။ ဒီနေ့ (မေလ ၂၇) မနက်ပိုင်းမှာတော့ သူတို့ဒေသဆီကိုပြန်ပြီး အခြေအနေ သွားကြည့်နကြေတယ်။ ဘယ်လို ဖြစ်လာအုံးမလဲတော့ မပြောတတ်သေးဘူး”ဟု နမ္မတူမြို့ ရွှမြေင်သာ ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးအောင်ဆန်းမြင့် က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
စစ်ဘေးရှောင်လာသူများသည် စိုက်ပျိုးရာသီဖြစ်သည့် အတွက် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်ရန် အခြေအနေကောင်းမွန်ပါက နေရပ်သို့သာ ပြန်လိုသည့်ဆန္ဒရှိနကြခြေင်းဖြစ်ကြောင်း သိရသည်။
“မေလ(၂၆) ရက်ညနေ ( ၆) နာရီလောက်မှာ နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စု ကောင်းနမ့်လင်းဒေသ မှာ တပ်မတော်နဲ့ TNLA တပ်ဖွဲ့ ရင်ဆိုင်ပစ်ခတ်မှုတွဖြေစ်ပွားခဲ့တယ်။ တပ်မတော်ဖက်က အခြေခံ အဆင့်(၄)ဦး ရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်။ TNLA အဖွဲ့ထံကနေ RPG ဗုံးသီးတစ်လုံး၊ ( M -22) ကျည်(၁၀)တောင့် ပျောက်ကြားဦးထုပ်တစ်လုံး သိမ်းဆည်းရမိတယ်။ ည( ၇ )နာရီ(၅၀)လောက်မှာ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်”ဟု နမ္မတူမြို့မရဲစခန်းမှ ရဲမှူး မြရွှေက ပြောသည်။
နမ္မတူမြို့နယ်အတွင်း တပ်မတော်နှင့်လက်နက်ကိုင်တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလဝန်းကျင်မှစ၍ ကျေးရွာပေါင်း(၃၀)ကျော်မှ ဒေသခံဦးရေ(၂၀၀၀)ခန့်မှာ နမ္မတူမြို့အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် လာရောက်တိမ်းရှောင်နေထိုင်ခဲ့ရမှုများ ရှိခဲ့သည်။
“ဒီလ (၁၁) ရက်နေ့က ထပ်ရောက်လာတဲ့ လူဦးရေ(၂၅၀)ထဲက နေရပ် ပြန်သွားသူတွေလည်း ရှိတယ်ဆိုတော့ အခု(၁၄၇)ဦးကျန်နေသေးတယ်။ မနေ့ညက ထပ်ရောက်လာတဲ့(၃၅)ဦးကတော့ စာရင်းကောက်မထားဘူး။ သူတို့က ဒီမနက်မှာ အခြေအနပြေန်သွားကြည့်နကြေတယ်”ဟု နမ္မတူမြို့ရှိ စစ်ဘေးရှောင်စခန်းများ၏ တာဝန်ခံ ဦးအောင်ဆန်းမြင့်က ပြောသည်။
ဒေသတွင်းတိုက်ပွဲများနှင့် မတည်ငြိမ်မှုများကြောင့် နမ္မတူမြို့အတွင်းရှိ ရွှမြေင်သာစစ်ဘေးရှောင်စခန်း၊ KBC စခန်း၊ လီဆူစခန်း တို့တွင် ၂၀၁၆ ခုနှစ်ကတည်းကရောက်ရှိနေသူဦးရေ (၂၅၇)ဦးနှင့် ၂၀၁၇ ခုနှစ် မေလ (၁၁) ရက်နေ့တွင် ရောက်ရှိလာသူများထဲမှ ကျန်ရှိနေသူ(၁၄၇)ဦးတို့အတွက် စားနပ်ရိက္ခါလုံလောက်မှု အခြေအနေမှာ စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း စခန်းများ၏ တာဝန်ခံက ပြောသည်။
သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~