အမေရိကန်သားရိုင်းတိရစ္ဆာန်နှင့် ဥယျာဉ်များအကြောင်း တာချီလိတ်တွင် ဟောပြောမည်

အမေရိကန်သားရိုင်းတိရစ္ဆာန်နှင့် ဥယျာဉ်များအကြောင်း တာချီလိတ်တွင် ဟောပြောမည်
မေ 5, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မေလ (၆)ရက်နေ့တွင် အမေရိကန် သားရိုင်းတိရစ္ဆာန်နှင့် ဥယျာဉ်များ အကြောင်း ဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ နံနက် (၈)နာရီ(၄၅)မိနစ်မှစ၍ (၁၀)နာရီ (၃၀)မိနစ်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲတွင် အမေရိကန်ပြည်ထောင်စု Ohio ပြည်နယ် University of Iowa Communications and Ashland University မှ Mr.Chad Miller က ဟောပြောပြီး ဆွေးနွေးပွဲ တက်ရောက်သူများနှင့် အပြန်အလှန်ဆွေးနွေးမှုလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ မေလ (၆)ရက်နေ့တွင် အမေရိကန် သားရိုင်းတိရစ္ဆာန်နှင့် ဥယျာဉ်များ အကြောင်း ဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ အစည်းအေဝးခန်းမ နံနက် (၈)နာရီ(၄၅)မိနစ်မှစ၍ (၁၀)နာရီ (၃၀)မိနစ်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ အစီအစဉ်အရ အမေရိကန်ပြည်ထောင်စု၏ ယဉ်ကျေးမှု၊ အင်စတီကျူးရှင်းများနှင့် လူ့အဖွဲ့အစည်းများအကြောင်း လေ့လာနိုင်မည့် ဟောပြောပွဲအစီအစဉ်ဖြစ်ပြီး တာချီလိတ်မြို့ရှိ သုတဒါနဖွံ့ဖြိုးရေးအဖွဲ့နှင့် အလင်းရောင်ပရဟိတအသင်းတို့မှ အခမ်းအနားစီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အမေရိကန်ပြည်ထောင်စုOhio ပြည်နယ် University of Iowa Communications and Ashland University မွ Mr.Chad Miller  က ဟောပြောပြီး ဆွေးနွေးပွဲ တက်ရောက်သူများနှင့် အပြန်အလှန်ဆွေးနွေးမှုလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~