Update News

ထိုင္းႏုိင္ငံမွ လူသတ္တရားခံေျပး အမ်ိဳးသမီးႏွစ္ဦး တာခ်ီလိတ္သို႔ ထြက္ေျပးသြား၍ ထိုင္းဘက္က TBC ျမန္မာဘက္သို႔ အကူအညီေတာင္းခံထား



ထိုင္းႏိုင္ငံ ခြမ္ကန္ၿမိဳ႕ ကာရာအိုေကဆိုင္မွ အမ်ိဳးသမီးတစ္ဦးအားသတ္ၿပီး ထြက္ေျပးေနသည့္ အမ်ိဳးသမီးႏွစ္ဦးမွာ ျမန္မာႏုိင္ငံသို႔ တိမ္းေရွာင္ေနေၾကာင္း သတင္းအရ မယ္ဆိုင္ - တာခ်ီလိတ္ရွိ ထုိင္း - ျမန္မာနယ္စပ္တေလွ်ာက္ ထိုင္းဘက္မွ စစ္ေဆးရွာေဖြျခင္းႏွင့္ ျမန္မာ-ထိုင္း နယ္ျခားေကာ္မတီ(TBC)ခ်င္း ဆက္သြယ္ေဆာင္ရြက္မႈမ်ားကို လုပ္ေဆာင္ေနေၾကာင္း ထုိင္းသတင္းမီဒီယာမ်ားက ေဖာ္ျပထားသည္။

အဆိုပါ တရားခံအမ်ိဳးသမီးႏွစ္ဦးသည္ ေမလ (၂၅)ရက္ေန႔က ယာယီတံတားကူးလက္မွတ္ျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္နယ္စပ္သို႔ ထြက္သြားေၾကာင္း သိရသည္ဟု ထိုင္းဘက္က ေဖာ္ျပထားသည္။

ကာရာအိုေကမွ အသက္(၂၂)ႏွစ္အရြယ္ ဝါးနိဆာကင္ကြ်န္႔ဆိုသည့္ အမ်ိဳးသမီးအား သတ္သည့္ တရားခံေလးဦးအနက္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးအား ဖမ္းမိထားၿပီး အသက္ (၂၄)ႏွစ္အရြယ္ ပိယႏြတ္ ႏြန္းဝုန္းခ်ိဳင္းႏွင့္ အသက္ (၂၆)ႏွစ္အရြယ္ ကဝိသားရက္ခ်တာတို႔က တာခ်ီလိတ္ၿမိဳ႕သို႔ တိမ္းေရွာင္သြားျခင္းျဖစ္ေၾကာင္း သတင္းတြင္ ေဖာ္ျပထားသည္။

ေသဆံုးေနသည့္ ရုပ္အေလာင္းအား စစ္ေဆးသိရွိရခ်က္မွာ ခႏၶာကိုယ္ ႏွစ္ပိုင္းပိုင္းထားကာ လက္မ်ားကိုလည္း ျဖတ္ထားေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ထိုင္း - ျမန္မာ ခ်စ္ၾကည္ေရးတံတား မယ္ဆိုင္ဘက္တြင္ အ၀င္အထြက္မ်ားကို စစ္ေဆးေရးအျဖစ္ ယခင္ကထက္ ၾကပ္မတ္ေဆာင္ရြက္ေနေၾကာင္း ႏွင့္ ျမန္မာ - ထိုင္းနယ္ျခားေကာ္မတီ(ျမန္မာဘက္)သို႔ ၂၀၁၇ခုႏွစ္ ေမလ(၂၉)ရက္ေန႔ ညေနပိုင္းက ထိုင္းဘက္က အခ်က္အလက္မ်ား ေပးပို႔ကာ အကူအညီေတာင္းခံထားျခင္း ျဖစ္ေၾကာင္း သိရသည္။









~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ခွမ်ကန်မြို့ ကာရာအိုကေဆိုင်မှ အမျိုးသမီးတစ်ဦးအားသတ်ပြီး ထွက်ပြေးနေသည့် အမျိုးသမီးနှစ်ဦးမှာ မြန်မာနိုင်ငံသို့ တိမ်းရှောင်နေကြောင်း သတင်းအရ မယ်ဆိုင် - တာချီလိတ်ရှိ ထိုင်း - မြန်မာနယ်စပ်တလျှောက် ထိုင်းဘက်မှ စစ်ဆေးရှာဖွခြေင်းနှင့် မြန်မာ-ထိုင်း နယ်ခြားကော်မတီ(TBC)ချင်း ဆက်သွယ်ဆောင်ရွက်မှုများကို လုပ်ဆောင်နေကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြထားသည်။

အဆိုပါ တရားခံအမျိုးသမီးနှစ်ဦးသည် မေလ (၂၅)ရက်နေ့က ယာယီတံတားကူးလက်မှတ်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်သို့ ထွက်သွားကြောင်း သိရသည်ဟု ထိုင်းဘက်က ဖော်ပြထားသည်။

ကာရာအိုကေမှ အသက်(၂၂)နှစ်အရွယ် ဝါးနိဆာကင်ကျွန့်ဆိုသည့် အမျိုးသမီးအား သတ်သည့် တရားခံလေးဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းမိထားပြီး အသက် (၂၄)နှစ်အရွယ် ပိယနွတ် နွန်းဝုန်းချိုင်းနှင့် အသက် (၂၆)နှစ်အရွယ် ကဝိသားရက်ချတာတို့က တာချီလိတ်မြို့သို့ တိမ်းရှောင်သွားခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

သေဆုံးနေသည့် ရုပ်အလောင်းအား စစ်ဆေးသိရှိရချက်မှာ ခန္ဓာကိုယ် နှစ်ပိုင်းပိုင်းထားကာ လက်များကိုလည်း ဖြတ်ထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား မယ်ဆိုင်ဘက်တွင် အဝင်အထွက်များကို စစ်ဆေးရေးအဖြစ် ယခင်ကထက် ကြပ်မတ်ဆောင်ရွက်နေကြောင်း နှင့် မြန်မာ - ထိုင်းနယ်ခြားကော်မတီ(မြန်မာဘက်)သို့ ၂၀၁၇ခုနှစ် မေလ(၂၉)ရက်နေ့ ညနေပိုင်းက ထိုင်းဘက်က အချက်အလက်များ ပေးပို့ကာ အကူအညီတောင်းခံထားခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::